ကျွန်တော်က အိပ်မက်ကို လိုက်ရှာနေတဲ့သူ။ ရှာသာရှာနေတာ ခုချိန်ထိ အိပ်မက်ဆိုတာ မတွေ့ဖူးသေးဘူး။ အိပ်မက်က အလုံးလား၊ အဝိုင်းလား၊ အပြားလားလည်း ကျွန်တော်မသိဘူး။ အိပ်မက်ကို သိတဲ့ လူတစ်ချို့ကတော့ ပြောတယ်။ အိပ်မက်ဆိုတဲ့ အရာက တန်းခိုးစွမ်းအင်တွေ ရှိတယ်တဲ့ ။ အဲ့ဒီအိပ်မက်က လူစွမ်းကောင်းတောင်ဖြစ်စေနိုင်တယ်တဲ့။ ဖြစ်ချင်တာကို တောင့်တရုံပဲ အကုန်ဖြစ်စေတယ်ဆိုပဲ။ တောင့်တရုံနဲ့ ဖြစ်စေနိုင်တဲ့ အဲဒီအိပ်မက်ကို ကျွန်တော်မြင်ချင်၊ တွေ့ဖူးချင်တယ်။ တောင့်တရုံနဲ့ လူစွမ်းကောင်းဖြစ်မယ်ဆိုရင် ကျွန်တော်လည်း ဖြစ်ချင်တာပေါ့။ ဘာမှမလုပ်ရပဲ အိပ်မက်ရှိရုံနဲ့ အားလုံးဖြစ်မယ်ဆိုတော့ ဘယ်လို အစွမ်းမျိုးပါလိမ့်။ အိပ်မက်ကိုလိုချင်ရင် အမှောင်ထုထဲမှာ ရှာရမယ်ဆိုတဲ့ သဲလွန်စရတယ်။ ဒါနဲ့ပဲ အိပ်မက်ကို နဖူးတွေ့ဒူးတွေ့ ကြုံချင်တဲ့နေ့ကစပြီး အမှောင်ထုပေါင်းမြောက်မြားစွာကို ကျွန်တော်လျှောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ခုချိန်ထိတော့ မတွေ့သေးဘူး။ အဲဒီလောက် စွမ်းအားရှိတဲ့ အရာကို မရရအောင် ရှာမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။ တစ်နေ့တော့ ထုံးစံအတိုင်း အမှောင်ထုတစ်ခုကို တိုးဝင်လိုက်တဲ့ အခါမှာ လမ်းမတစ်ခုထက်ပေါ် ကျွန်တော် ရောက်နေခဲ့တ
Comments
တယ်လာတဲ့ ကဗျာလေးပါလား!
တိုတိုလေးနှင့် ၀ုန်းဒိုင်းဆိုပြီး အလဲထိုးနိုင်တဲ့ ကဗျာလေးပါ။ :D
သိပ်တော်တာပဲ။
ခင်မင်စွာဖြင့်
ခင်မင်တဲ့
ဂျပန်ကောင်လေး
ဘယ်သူ့ကို ချစ်ခဲ့မိလေပြီလဲ
ချစ်နိင်သူတွေ ချစ်ကြပါဗျာ
နေပါဦး...ဘာတွေများ ကျကွဲနေတာပါလိမ့်။
ပျော်ရွှင်ပါစေဗျာ။
ကိုဇော်
ကြည့်စမ်း...
အစ်ကို့ညီလေးဗညားကို ထိအောင်လုပ်နေတော့တာပဲ...း)
(ကဗျာလေးကောင်းတယ်...၊ ကိုဏီးလည်း...ခုမှရောက်တယ်...။ ဒီညီမလေး... စိမ်းကားနေပါသီ....း)))
ခင်မင်တဲ့
ဏီလင်းညို
ရင်ထဲကို ထာဝရအဖြစ်
ဝင်ရောက်ခဲ့သူတဲ့လား ...
မြတ်မွန်ရေ ... မထင်မှတ်ပဲနဲ့ကိုပဲ
ရင်ထဲမှာ ဒဏ်ရာတွေနဲ့ ထာဝရမှေးစက်သွားခဲ့ပြီ...
ကဗျာလေးတွေက နူးညံ့လိုက်တာဗျာ...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
ဟောင် ဟောင်း)း)
အမှတ်တမဲ့ ၀င်ရောက်ခဲ့ပေမယ့် ထာဝရ ဖြစ်သွားတတ်ခဲ့တာလေ...
တိုတိုလေးနဲ့ ထိပါ၏။
ချစ်တဲ့
ဂျင်း
ခင်မင်လေးစားလျှက်
မမြွန်ရေ . . . ကဗျာလေးတွေက ရိုးစင်းပေမဲ့ 
အားလုံးက ခံစားချက်ပြည့်ဝ ပေါ်လွင်ပါတယ်
အားပေးလျက်ပါ ခင်ဗျ . . .
ချစ်စရာဒီကဗျာလေးကို ထပ်ကာအားပေးသွားပါတယ်နော်။
နေကောင်းသွားရင် လာလည်ဖို့ ဖိတ်ခေါ်တယ်။ စာလေးတစ်ကြောင်းလောက်ရေးအုန်းလေ။ ဟိုလေ..ဥပမာပေါ့နော်..နေမကောင်းလို့ အိပ်ရာထဲမှာ ဘိုင်းခနဲ ဘိုင်းခနဲ လှဲနေသည်လို့ပေါ့.. ဟီးးးးး
ရင်းနှီးလို့နောက်တာနော်
ခင်တဲ့
စကားလုံးလေးက ထိတယ်..မြတ်မွန်ရေ..။
ခံစားသွားပါတယ်..။