Posts

Showing posts from May, 2012

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

Image
ကျွန်တော်က အိပ်မက်ကို လိုက်ရှာနေတဲ့သူ။ ရှာသာရှာနေတာ ခုချိန်ထိ အိပ်မက်ဆိုတာ မတွေ့ဖူးသေးဘူး။ အိပ်မက်က အလုံးလား၊ အဝိုင်းလား၊ အပြားလားလည်း ကျွန်တော်မသိဘူး။ အိပ်မက်ကို သိတဲ့ လူတစ်ချို့ကတော့ ပြောတယ်။ အိပ်မက်ဆိုတဲ့ အရာက တန်းခိုးစွမ်းအင်တွေ ရှိတယ်တဲ့ ။ အဲ့ဒီအိပ်မက်က လူစွမ်းကောင်းတောင်ဖြစ်စေနိုင်တယ်တဲ့။ ဖြစ်ချင်တာကို တောင့်တရုံပဲ အကုန်ဖြစ်စေတယ်ဆိုပဲ။ တောင့်တရုံနဲ့ ဖြစ်စေနိုင်တဲ့ အဲဒီအိပ်မက်ကို ကျွန်တော်မြင်ချင်၊ တွေ့ဖူးချင်တယ်။ တောင့်တရုံနဲ့ လူစွမ်းကောင်းဖြစ်မယ်ဆိုရင် ကျွန်တော်လည်း ဖြစ်ချင်တာပေါ့။ ဘာမှမလုပ်ရပဲ အိပ်မက်ရှိရုံနဲ့ အားလုံးဖြစ်မယ်ဆိုတော့ ဘယ်လို အစွမ်းမျိုးပါလိမ့်။ အိပ်မက်ကိုလိုချင်ရင် အမှောင်ထုထဲမှာ ရှာရမယ်ဆိုတဲ့ သဲလွန်စရတယ်။ ဒါနဲ့ပဲ အိပ်မက်ကို နဖူးတွေ့ဒူးတွေ့ ကြုံချင်တဲ့နေ့ကစပြီး အမှောင်ထုပေါင်းမြောက်မြားစွာကို ကျွန်တော်လျှောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ခုချိန်ထိတော့ မတွေ့သေးဘူး။ အဲဒီလောက် စွမ်းအားရှိတဲ့ အရာကို မရရအောင် ရှာမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။ တစ်နေ့တော့ ထုံးစံအတိုင်း အမှောင်ထုတစ်ခုကို တိုးဝင်လိုက်တဲ့ အခါမှာ လမ်းမတစ်ခုထက်ပေါ် ကျွန်တော် ရောက်နေခဲ့တ