Posts

Showing posts from November, 2010

ရယ်ရယ်မောမော

Image
(၁)နားမလည်သေးပဲကိုး ဆရာမ။ ။ မောင်ဖြူ မင်းကို ဆရာမ ၉၀ ပေးမယ်။ နောက်၁၀ကို ကျော်ကျော့် ဆီက ချေးလိုက်။ ဒါဆို မင်းမှာ ဘယ်လောက်ဖြစ်သွားပြီလဲ။ မောင်ဖြူ။ ။ ၉၀ပဲ ဆရာမ။ ဆရာမ။ ။ မင်းသင်္ချာ အကြောင်း ကောင်းကောင်းနားမလည်သေးပဲကိုး။ မောင်ဖြူ။ ။ ဆရာမလဲ ကျော်ကျော်အကြောင်း ကောင်းကောင်း နားမလည်သေးပဲကိုး။ (၂ ) ငါးနဲ့ကြက်သား သားအဖ နှစ်ယောက် ထမင်းစားခန်းတွင် ထမင်းစားနေသည်။ သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။ အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။ သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။ (၃) လက်ဆင့်ကမ်း အတွင်းရေးမှူးကောင်မလေး။ ။ သူဌေးကတော်က သူဌေးကို မအားလဲနေပါတဲ့ ဖုန်းထဲက နမ်းမလို့တဲ့။ သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။ (၄) ဒါအချစ်လားကွယ် ကောင်လေးက သူချစ်ရတဲ့ ကောင်မလေး ဆီက အဖြေတောင်းဖို့ ရှုခင်းကောင်းလှတဲ့ တောင်ပေါ်ကို ခေါ်လာတယ်။ တောင်ပေါ်ရှုခင်းတွေ ကြည့်ရင်း ကောင်လေး ။ ။ ချမ်းနေလား ။ ကောင်လေးရဲ့ အမေးကို ကောင်မလေးက မခို့တရို့ ပြန်ဖြေတယ်။ ကောင်မလေး။ ။ ဟင့်အင်း မချမ်းပါဘူး။

ပျော်ရွှင်ခြင်းဆိုတာ...?

ဟိုတလောက သတင်းစာ တစ်ခုမှာ ထီပေါက်သွားတဲ့ လူတစ်ယောက် ရဲ့ဘဝအကြောင်း ဖတ်လိုက်မိတယ်။ အဲဒီသတင်းဖတ်ပြီးတော့ ထီနဲ့ပါတ်သတ်တဲ့ ကိုယ့်ခံယူချက်လေးကို တွေးမိသွားပါတယ်။ တကယ်တော့ ထီထိုးတာဟာ ကံစမ်းခြင်း တစ်ခုပါ။ ဒါပေမယ့် ကျွန်မ အဲဒီကံကို စမ်းသပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးတာ အမှန်ပါပဲ။ ဘာကြောင့်ဆိုတော့ ကျွန်မ ဘဝမှာ မိဘမုန့်ဖိုးပေးတာကလွဲလို့ ဘာကိုမှ အလကားရတယ် ဆိုတာ မရှိသလောက် ဖြစ်ခဲ့လို့ပါပဲ။ ကိုယ်လိုချင်တာကို ကိုယ်ဘာသာ ကြိုးစားမှ ရတာ ကျွန်မအတွက် ပုံသေနည်းတစ်ခု ဖြစ်နေပါပြီ ။ ကိုယ်ပိုင်ဆိုင်တာမှ ကိုယ့်ဥစ္စာလို့ မှတ်ယူထားတဲ့အတွက် ကျွန်မထီမထိုးဖြစ်ဘူး။ ဒီတော့ ထီပေါက်ရင်ဆိုတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ထီတကယ်ပေါက်လို့ ပျော်ရွှင်ရမယ့် ခံစားချက်တွေက ကျွန်မအတွက်တော့ တွေးရကောင်းမှန်းတောင် မသိတဲ့ ခံစားချက်တွေ ဖြစ်နေခဲ့တယ်။ သူငယ်ချင်းတွေ ထီပေါက်တဲ့အခါ ပျော်ရွှင်နေတာကို ကြည့်ပြီးလည်း ကျွန်မ အားမကျမိပါဘူး။ ငါလည်း ထီပေါက်ချင်လိုက်တာလို့ မတွေးမိတာ ကျွန်မကိုယ်တိုင်ရဲ့ မမက်မောတတ်တဲ့ စိတ်ကြောင့်ပဲ ထင်ပါတယ်။ ကိုယ်ကသာ ပေးချင်ကမ်းချင်တာ သူတစ်ပါးဆီက ရဖို့တော့ မျှော်လင့်ဖို့ဆိုတာ မပြောနဲ့ မိဘရဲ့ ပိုင်ဆိုင်မှ