2/06/2010

ချစ်ခဲ့ မိလေပြီ


ရင်ထဲမှာအမှတ်တမဲ့ပါပဲ
ဝင်ရောက်ခဲ့တဲ့
ကြင်နာခြင်းတစ်ချို့ 
ရင်ထဲမှာဆူးနှင့်အောင်
ချစ်မိသွားတာတော့အမှန်ပဲ
မထင်မှတ်ခဲ့ ပေမယ့်
ရင်ထဲကိုထာဝရအဖြစ်ဝင်ရောက်ခဲ့သူ
မြတ်မွန်




ps; အမှတ်တရ ရှိခဲ့ဖူးတဲ့ ကဗျာ တစ်ပုဒ်..သတိတရ ပြန်တင်လိုက်ပါတယ်။

21 comments:

အိမ် said...

တကယ်လား..ဟင်... ဒီမှာလဲ ရင်ထဲထိကိုထာဝရပါပဲနော်... ဟီ

shwezinu said...

ချစ်စရာ ကဗျာ လေးတပုဒ် ပါဘဲနော်

ဝက်ဝံလေး said...

တိုတိုလေး နဲ့ ထိ မိ လှပါတယ် မ ရေ

ဗညားရှိန် said...

နာကျင်သံတွေ ကြားရပြန်ပီး ထိနေပါတယ်ဆိုမှ ထိတဲ့ စာသားတွေနဲ့ချည်းပဲတိုးနေတော့တာပဲ မြတ်မွန်ရေ ထိတဲ့ သူက ထိတဲ့ကဗျာကောင်းလေးကို ထိရှစွာနဲ့ ဖတ်သွားတယ် . . .

rose of sharon said...

ကဗျာလေးဖတ်သွားတယ်.. :)

lengtai said...

:D မဲပေးနောက်ကျခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။
တယ်လာတဲ့ ကဗျာလေးပါလား!
တိုတိုလေးနှင့် ၀ုန်းဒိုင်းဆိုပြီး အလဲထိုးနိုင်တဲ့ ကဗျာလေးပါ။ :D
သိပ်တော်တာပဲ။

ခင်မင်စွာဖြင့်

ဂျပန်ကောင်လေး said...

း)... အတူလဲဟင်....

ခင်မင်တဲ့
ဂျပန်ကောင်လေး

ဘရာဗို said...

အစ်မကြီးနော်
ဘယ်သူ့ကို ချစ်ခဲ့မိလေပြီလဲ

ချိုကျ said...

အမှတ်တမဲ့ကနေထာဝရ တဲ့လားမြတ်မွန်ရေ.....ကဗျာလေးကစွဲဆောင်မှုရှိတယ်ဗျ။

sosegado said...

အမှတ်တမဲ့ နှင့် ထာဝရဖြစ် သွားတာကို ခံစားသွားပါတယ် တူညီလို့၊

မြစ်ကျိုးအင်း said...

မြတ်မွန်ရေ အချစ်ကဗျာလေးဖတ်သွားတယ်။
ချစ်နိင်သူတွေ ချစ်ကြပါဗျာ

♥ကိုဇော်♥ said...

ထိမိလှချည့်လားဗျ...။

နေပါဦး...ဘာတွေများ ကျကွဲနေတာပါလိမ့်။
ပျော်ရွှင်ပါစေဗျာ။

ကိုဇော်

~ဏီလင်းညို~ said...

မြတ်မွန်...
ကြည့်စမ်း...
အစ်ကို့ညီလေးဗညားကို ထိအောင်လုပ်နေတော့တာပဲ...း)
(ကဗျာလေးကောင်းတယ်...၊ ကိုဏီးလည်း...ခုမှရောက်တယ်...။ ဒီညီမလေး... စိမ်းကားနေပါသီ....း)))
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

မထင်မှတ်ခဲ့ပေမယ့်
ရင်ထဲကို ထာဝရအဖြစ်
ဝင်ရောက်ခဲ့သူတဲ့လား ...

မြတ်မွန်ရေ ... မထင်မှတ်ပဲနဲ့ကိုပဲ
ရင်ထဲမှာ ဒဏ်ရာတွေနဲ့ ထာဝရမှေးစက်သွားခဲ့ပြီ...

ကဗျာလေးတွေက နူးညံ့လိုက်တာဗျာ...

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

မောင်ဘကြိုင် said...

အိုး အို့ ဟတ်ထိသွားပြီပေါ့နော်
ဟောင် ဟောင်း)း)

အင်ကြင်းသန့် said...

အသေအချာပေါ့ မြတ်မွန်ရေ...
အမှတ်တမဲ့ ၀င်ရောက်ခဲ့ပေမယ့် ထာဝရ ဖြစ်သွားတတ်ခဲ့တာလေ...

တိုတိုလေးနဲ့ ထိပါ၏။

ချစ်တဲ့
ဂျင်း

THE STARRY NIGHT said...

အမှတ်တရဖြစ်သွားတဲ့ သူလေးနဲ့ ထာဝရပျော်နိုင်ပါစေဗျား.....

ဒဏ္ဍာရီ said...

ကဗျာလေးထဲက အတိုင်း ကြည်ကြည်နူးနူးလေး ခံစားပြီး ဖတ်သွားတယ် မွန်ရေ..။ တိုတိုလေးပေမယ့် ရင်နဲ့ခံစားပြီး ဖတ်သွားတယ်နော်။

ခင်မင်လေးစားလျှက်

မိုးစက်အိမ် said...

အမှတ်တမဲ့ ပေမဲ့  အမှတ်တရဖြစ်တတ်ပါတယ်
မမြွန်ရေ . . . ကဗျာလေးတွေက ရိုးစင်းပေမဲ့ 
အားလုံးက ခံစားချက်ပြည့်ဝ ပေါ်လွင်ပါတယ်
အားပေးလျက်ပါ ခင်ဗျ . . .

လင်းတိုင်း said...

သူငယ်လေးရယ်..
ချစ်စရာဒီကဗျာလေးကို ထပ်ကာအားပေးသွားပါတယ်နော်။
နေကောင်းသွားရင် လာလည်ဖို့ ဖိတ်ခေါ်တယ်။ စာလေးတစ်ကြောင်းလောက်ရေးအုန်းလေ။ ဟိုလေ..ဥပမာပေါ့နော်..နေမကောင်းလို့ အိပ်ရာထဲမှာ ဘိုင်းခနဲ ဘိုင်းခနဲ လှဲနေသည်လို့ပေါ့.. ဟီးးးးး

ရင်းနှီးလို့နောက်တာနော်

ခင်တဲ့

အနှိုင်းမဲ့ said...

မထင်မှတ်ပေမယ့်..ရင်ထဲထာဝရရောက်ခဲ့သူ..ဆိုတဲ့
စကားလုံးလေးက ထိတယ်..မြတ်မွန်ရေ..။
ခံစားသွားပါတယ်..။