မျက်မမြင်ရဲ့ပန်းခင်းလေး
လှပတဲ့ ပန်းပင်းလေးတွေ ဝိုင်းရံထားတဲ့ အိမ်ကလေး တစ်လုံးထဲမှာ မျက်မမြင် တစ်ယောက် နေထိုင်တယ်။ ပန်းခြံလေးထဲမှာ ရှိတဲ့ ပန်းကလေးတွေက မျက်မမြင်ရဲ့ အချိန်ပေးပြီး တယုတယ ပြုစုမှုကြောင့် သာယာ လှပ လို့ နေတယ်။ နွေမိုးဆောင်း သုံးရာသီလုံး သူ့ရဲ့ ပြုစုယုယမှုလေးတွေကြောင့် ပန်းပင်လေးတွေ က တစ်ဖြေးဖြေးများလာပြီး ပန်းပင်လယ်ကြီး တဖွယ် ဖြစ်လာတယ်။ ပန်းခြံအနီးအနား တစ်ဝိုက် ဖြတ်သွားသန်းသွားလာကြတဲ့ လမ်းသွားလမ်းလာ မှန်သမျှက မျက်မမြင်ရဲ့ ပန်းခင်းလေးကို ကြည့်ပြီး စိတ်ဝင်စားကြတယ်။ တစ်နေ့တော့ လမ်းသွားလမ်းလာ တစ်ယောက်က မျက်မမြင်ကို မေးတယ်။ “ ဒီလို လှပတဲ့ ပန်းပင်လေးတွေကို ပြုစုယုယနေတာ ဘာအတွက်လဲ။ မင်းမှ ဒီပန်းပင်လေးတွေရဲ့ အလှအပကို မမြင်နိုင်တာ ” ထိုလူရဲ့ အမေးစကားကို မျက်မမြင်က ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။ “ငါ့မှာ အဖြေ၄ခု ရှိပါတယ်။ တစ် ငါဒီလို ပန်းလေးတွေကို ပြုစုရတဲ့ ဥယာဉ်မှုးအလုပ်ကို နှစ်သက်ပါတယ်။ နှစ် ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေကို ကိုင်တွယ်ခွင့်ရတယ်။ သုံး ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေရဲ့ ရနံကို ငါနမ်းရှိုက်ခွင့်ရတယ်။ နံပါတ်လေး ကတော့ ခင်ဗျား ကိုသိခွင့်ရပါတယ် ” “ခင်ဗျား မှ ကျုပ်ကို မသ