Posts

Showing posts from December, 2010

မွှေးပျံတဲ့ ရနံလေး

အနည်းငယ် ဆူညံနေသော ခန်းမထဲကို ကျွန်မလှမ်းဝင်ကာစမှာပဲ ခေါ်သံတွေ ထွက်ပေါ်လာသည်။ “ ဟေး မြ ဒီကိုလာဟေ့ ” “ ညီမလေး ဒီမှာလာထိုင် ” လှမ်းကြည့်တော့ မမျိုးတို့ ဝိုင်းကဖြစ်နေသည်။ ထိုဝိုင်းတွင် ရှိသမျှ လုပ်ဖော်ကိုင်ဖက်များ အားလုံးလိုလို လက်လှမ်းပြ ကြတာကြောင့် ထိုဝိုင်းသို့ ဦးတည်လိုက်သည်။ လူပြည့်နေသော ထိုစားပွဲဝိုင်းတွင် ကျွန်မအတွက် ထိုင်ရန် အချင်းချင်း ဘေးကပ်ကာ နေရာ တစ်နေရာ ဖန်တီးပေးကြသည်။ သူတို့ပေးသော နေရာတွင် ဝင်ထိုင်ပြီး ခန်းမ၏ စင်မြင့်ကို ကြည့်လိုက်ပါသည်။ စင်မြင်ပေါ်တွင်တော့ “ ကုမ္မဏီ၂၅နှစ်ပြည့် အခမ်းအနား” ဟု စာတန်းထိုးထားသည်။ ဒီနေ့က ကုမ္မဏီရဲ့ နှစ်စဉ်ကျင်းပလေ့ရှိသည့် ညစာစားပွဲ ဖြစ်သလို တစ်နှစ်ပတ်လည်လုံး ဝန်ထမ်းများရဲ့ကြိုးစားမှုကို လည်း ချီမြင့်သည့် ဂုဏ်ပြုပွဲ အခန်းအနားလည်း ဖြစ်သည်။ “ မြရေ ဘာနဲ့လာတာလဲ ညီမလေး ” “ ဆိုင်ကယ်နဲ့ လာတာလား” တစ်ယောက်တစ်မျိုး လှမ်းမေးလိုက်သည့် မမျိုးနှင့် မသိင်္ဂီကို ပြန်ဖြေရန် သောက်လက်စ ရေခွက်ကို ချလိုက်ရသည်။ “ မဟုတ်ဘူး တက္ကစီငှားလာတာ အမရဲ့ မိုးချုပ်နေတော့ ဆိုင်ကယ် မစီးချင်လို့ပါ ” “ ဒါဆို အပြန် ငါတို့ကားနဲ့ လိုက်ခဲ့ အိမ်အထိ လိ