Posts

Showing posts from 2010

မွှေးပျံတဲ့ ရနံလေး

အနည်းငယ် ဆူညံနေသော ခန်းမထဲကို ကျွန်မလှမ်းဝင်ကာစမှာပဲ ခေါ်သံတွေ ထွက်ပေါ်လာသည်။ “ ဟေး မြ ဒီကိုလာဟေ့ ” “ ညီမလေး ဒီမှာလာထိုင် ” လှမ်းကြည့်တော့ မမျိုးတို့ ဝိုင်းကဖြစ်နေသည်။ ထိုဝိုင်းတွင် ရှိသမျှ လုပ်ဖော်ကိုင်ဖက်များ အားလုံးလိုလို လက်လှမ်းပြ ကြတာကြောင့် ထိုဝိုင်းသို့ ဦးတည်လိုက်သည်။ လူပြည့်နေသော ထိုစားပွဲဝိုင်းတွင် ကျွန်မအတွက် ထိုင်ရန် အချင်းချင်း ဘေးကပ်ကာ နေရာ တစ်နေရာ ဖန်တီးပေးကြသည်။ သူတို့ပေးသော နေရာတွင် ဝင်ထိုင်ပြီး ခန်းမ၏ စင်မြင့်ကို ကြည့်လိုက်ပါသည်။ စင်မြင်ပေါ်တွင်တော့ “ ကုမ္မဏီ၂၅နှစ်ပြည့် အခမ်းအနား” ဟု စာတန်းထိုးထားသည်။ ဒီနေ့က ကုမ္မဏီရဲ့ နှစ်စဉ်ကျင်းပလေ့ရှိသည့် ညစာစားပွဲ ဖြစ်သလို တစ်နှစ်ပတ်လည်လုံး ဝန်ထမ်းများရဲ့ကြိုးစားမှုကို လည်း ချီမြင့်သည့် ဂုဏ်ပြုပွဲ အခန်းအနားလည်း ဖြစ်သည်။ “ မြရေ ဘာနဲ့လာတာလဲ ညီမလေး ” “ ဆိုင်ကယ်နဲ့ လာတာလား” တစ်ယောက်တစ်မျိုး လှမ်းမေးလိုက်သည့် မမျိုးနှင့် မသိင်္ဂီကို ပြန်ဖြေရန် သောက်လက်စ ရေခွက်ကို ချလိုက်ရသည်။ “ မဟုတ်ဘူး တက္ကစီငှားလာတာ အမရဲ့ မိုးချုပ်နေတော့ ဆိုင်ကယ် မစီးချင်လို့ပါ ” “ ဒါဆို အပြန် ငါတို့ကားနဲ့ လိုက်ခဲ့ အိမ်အထိ လိ

ရယ်ရယ်မောမော

Image
(၁)နားမလည်သေးပဲကိုး ဆရာမ။ ။ မောင်ဖြူ မင်းကို ဆရာမ ၉၀ ပေးမယ်။ နောက်၁၀ကို ကျော်ကျော့် ဆီက ချေးလိုက်။ ဒါဆို မင်းမှာ ဘယ်လောက်ဖြစ်သွားပြီလဲ။ မောင်ဖြူ။ ။ ၉၀ပဲ ဆရာမ။ ဆရာမ။ ။ မင်းသင်္ချာ အကြောင်း ကောင်းကောင်းနားမလည်သေးပဲကိုး။ မောင်ဖြူ။ ။ ဆရာမလဲ ကျော်ကျော်အကြောင်း ကောင်းကောင်း နားမလည်သေးပဲကိုး။ (၂ ) ငါးနဲ့ကြက်သား သားအဖ နှစ်ယောက် ထမင်းစားခန်းတွင် ထမင်းစားနေသည်။ သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။ အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။ သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။ (၃) လက်ဆင့်ကမ်း အတွင်းရေးမှူးကောင်မလေး။ ။ သူဌေးကတော်က သူဌေးကို မအားလဲနေပါတဲ့ ဖုန်းထဲက နမ်းမလို့တဲ့။ သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။ (၄) ဒါအချစ်လားကွယ် ကောင်လေးက သူချစ်ရတဲ့ ကောင်မလေး ဆီက အဖြေတောင်းဖို့ ရှုခင်းကောင်းလှတဲ့ တောင်ပေါ်ကို ခေါ်လာတယ်။ တောင်ပေါ်ရှုခင်းတွေ ကြည့်ရင်း ကောင်လေး ။ ။ ချမ်းနေလား ။ ကောင်လေးရဲ့ အမေးကို ကောင်မလေးက မခို့တရို့ ပြန်ဖြေတယ်။ ကောင်မလေး။ ။ ဟင့်အင်း မချမ်းပါဘူး။

ပျော်ရွှင်ခြင်းဆိုတာ...?

ဟိုတလောက သတင်းစာ တစ်ခုမှာ ထီပေါက်သွားတဲ့ လူတစ်ယောက် ရဲ့ဘဝအကြောင်း ဖတ်လိုက်မိတယ်။ အဲဒီသတင်းဖတ်ပြီးတော့ ထီနဲ့ပါတ်သတ်တဲ့ ကိုယ့်ခံယူချက်လေးကို တွေးမိသွားပါတယ်။ တကယ်တော့ ထီထိုးတာဟာ ကံစမ်းခြင်း တစ်ခုပါ။ ဒါပေမယ့် ကျွန်မ အဲဒီကံကို စမ်းသပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးတာ အမှန်ပါပဲ။ ဘာကြောင့်ဆိုတော့ ကျွန်မ ဘဝမှာ မိဘမုန့်ဖိုးပေးတာကလွဲလို့ ဘာကိုမှ အလကားရတယ် ဆိုတာ မရှိသလောက် ဖြစ်ခဲ့လို့ပါပဲ။ ကိုယ်လိုချင်တာကို ကိုယ်ဘာသာ ကြိုးစားမှ ရတာ ကျွန်မအတွက် ပုံသေနည်းတစ်ခု ဖြစ်နေပါပြီ ။ ကိုယ်ပိုင်ဆိုင်တာမှ ကိုယ့်ဥစ္စာလို့ မှတ်ယူထားတဲ့အတွက် ကျွန်မထီမထိုးဖြစ်ဘူး။ ဒီတော့ ထီပေါက်ရင်ဆိုတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ထီတကယ်ပေါက်လို့ ပျော်ရွှင်ရမယ့် ခံစားချက်တွေက ကျွန်မအတွက်တော့ တွေးရကောင်းမှန်းတောင် မသိတဲ့ ခံစားချက်တွေ ဖြစ်နေခဲ့တယ်။ သူငယ်ချင်းတွေ ထီပေါက်တဲ့အခါ ပျော်ရွှင်နေတာကို ကြည့်ပြီးလည်း ကျွန်မ အားမကျမိပါဘူး။ ငါလည်း ထီပေါက်ချင်လိုက်တာလို့ မတွေးမိတာ ကျွန်မကိုယ်တိုင်ရဲ့ မမက်မောတတ်တဲ့ စိတ်ကြောင့်ပဲ ထင်ပါတယ်။ ကိုယ်ကသာ ပေးချင်ကမ်းချင်တာ သူတစ်ပါးဆီက ရဖို့တော့ မျှော်လင့်ဖို့ဆိုတာ မပြောနဲ့ မိဘရဲ့ ပိုင်ဆိုင်မှ

ဘယ်တော့မှ မမေ့ပါဘူး

ကျွန်မကို နယ်မြို့ကလေးတစ်မြို့မှာမွေးဖွားခဲ့သည်။  မွေးဖွားပြီးသည့်နောက် မေမေကမီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရသည်။ မိတဆိုးလေးဖြစ်ခဲ့ရသည့် ကျွန်မကို ဖေဖေက သူ့ဘဝတစ်ခုလုံး ပုံအောပြီး အချစ်ပိုခဲ့ပါသည်။ ကျွန်မက ဖေဖေ၏ အသဲနှလုံးဖြစ်သလို သူ့ဘဝ သူ့မျှော်လင့်ချက်တခုဆိုတဲ့ လွမ်းဆွတ်တမ်းတမှုအငွေ့အသက်လေးပါတဲ့ စကားတခွန်းကို ကျွန်မသိတတ်စ အရွယ်ထဲက မကြာခဏကြားနေခဲ့ရသည်။  တကယ်လည်း ဖေဖေကျွန်မကို သိပ်ချစ်ခဲ့ပါသည်။ မေမေဆုံးပါးသွားတော့ ဖေဖေ့ အစ်မဖြစ်သည့်  အဒေါ်ကြီး၏ လက်ပေါ်တွင် ကျွန်မ၏ ငယ်ဘဝသည် မောင်နှမသားချင်း မရှိဘဲ ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက ကျွန်မ၏ ကစားဖော် ကစားဖက်မှာ ဖေဖေဖြစ်ခဲ့သည်။ ဖေဖေအလုပ်က ပြန်လာချိန်တိုင်း ကျွန်မ ဆော့ကစားချင်သည့် ကစားနည်းမျိုးစုံကို မငြီးမငြူ အဖော်လုပ်ပေးလေ့ရှိသည်။ ယခုအချိန်ထိ ပြန်တွေးမိတိုင်း ဖေဖေ့ကို ကျေးဇူးတင်ရင်း သနားနေမိတော့သည်။ ဖေဖေ့ခမျာ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာချိန်မှာတောင် အဆင်သင့် ခူးခပ်ကျွေးမွေးပြုစုစောင့်ရှောက်မည့် အိမ်ရှင်မမရှိသည့်အပြင် သမီးဖြစ်သူ ကျွန်မအလိုကို လိုက်ပြီး မငြီးမငြူ အဖော်လုပ် ဆော့ကစားပေးခဲ့ရှာတာတဲ့ ကျွန်မငယ်ဘဝကိုတွေး

လမင်းနှင့်တိမ် ငြိမ်းချမ်းရေး

မမက “လမင်း”ဆိုရင် ညီမလေးက ကြယ်လေးပေါ့။ ဟင့်အင်း ညီမလေးက “တိမ်” လမင်းကြီးက ကြယ်လေးတွေကို ချစ်တယ်လေ ညီမလေးရဲ့။ ထွန်းလင်းတောက်ပနေတဲ့“ကြယ်” မဖြစ်ချင်ပါဘူး မမရာ။ တိမ်မဖြစ်ချင်စမ်းပါနဲ့ညီမလေးရယ် လမင်းကို တိမ်က အနှောင့်အယှက်ပေးနေတာ အမြင်မှားနေတာ မမရဲ့ တိမ်ကလမင်းကို ကာကွယ်ပေးထားတာ။ အို ဘယ်ကလာ တိမ်ဖုံးပါလို့ လမသာလေ ညီမလေးရဲ့ လူတွေက လမင်းရှိရက်နဲ့တောင် လရဲ့အလင်းရောင်ကို အရေးမစိုက်ကြဘူးလေ ဒါပေမယ့် လမင်းက အလင်းရောင်ပဲ ပေးစွမ်းချင်တာ သူ့စေတနာ ပေါ့ညီမလေးရယ် အဲဒီတော့ တိမ်ကကာကွယ်ပေးထားတယ် လရောင်ပျောက်ဆုံးသွားမှ လူတွေကတောင့်တကြတာပါ။ ဒါဆိုရင် ကြယ်လေးတွေကိုချစ်သလို ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးတဲ့ တိမ်ကလေးကိုလည်းချစ်တာပေါ့ တိမ်တွေ ကာကွယ်ပေးတဲ့နေ့တွေဆို လမင်းအနားရတာပေါ့နော်။ { မြတ်မွန် } တစ်ခါတစ်လေမှာ ကိုယ့်အယူအဆတွေနဲ့ အထင်အမြင်တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် အရာရာက ငြိမ်းချမ်းသွားမယ် ထင်တယ်နော်။ ကိုယ် ဘယ်တွေးမလဲ အပေါ်မှာပဲ မူတည်ပါတယ်။ ps; ချစ်ညီမလေး တိမ်ကလေး(ဒီဒီး)နဲ့ စကားပြောရင်း ရလိုက်တဲ့ စိတ်ကူးလေးပါ။ ညီမလေးကို ကျေးဇူးတင်ပါတယ်။

မာနပီတိ

သုံနှစ်သုံးမိုး မကအောင် လွမ်းဆွတ်နေရသည့် အမိမြန်မာပြည်ကို ပြန်ရတော့မည် ဆိုသည့်အသိလေးနှင့်ပင် မပြန်ခင်ကတည်းက ရင်ခုန် စိတ်လှုပ်ရှား နေခဲ့၏။ မတွေ့ရတာ ကြာနေပြီ ဖြစ်သည့် ဖေဖေ မေမေနှင့် မောင်လေး၂ယောက်ကို တွေ့ရတော့မည်။ မပြန်ခင် တစ်ပါတ်လောက်အလိုကတည်း မေမေမှာသည့် ပစ္စည်းလေးတွေရယ်၊ မောင်လေးနှစ်ယောက် ပူဆာတဲ့ ပစ္စည်းလေးတွေကို လိုက်ရှာဖွေဝယ်ရင်း ပျော်ရွှင်ကြည်နူး နေမိပါသည်။ ဖေဖေကြိုက်တတ်သည့် ပစ္စည်းလေးတွေကိုတော့ မေမေဆီက တစ်ဆင့် မေးပြီး လိုက်လံ ရှာဖွေ ဝယ်ခဲ့သည်။ ဖေဖေနှင့် ကျွန်မကတော့ စကားမပြောဖြစ်ကြတာ တော်တော်ကြာနေပြီ။ ဖေဖေကို စကားတွေ တစ်ဝကြီး ပြောချင်နေမိသည်။ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ဖေဖေနှင့် ပြောခွင့် မရခဲ့ပေ။ ကျဆင်းသွားသည့် စီးပွားရေးကြောင့် ကျွန်မရဲ့ ထောက်ပံ့ပေးမှုကို မယူချင်ဘဲ ယူနေရသည့် အတွက် ဖေဖေ မာနဖြင့် စကားတွေ ဖောင်ဖွဲ့ မပြောခဲ့မှန်း ခန့်မှန်းလို့ရခဲ့သည်။ ဖေဖေထံတွင် ယနေ့အထိ လွှင့်ထူထားသည်မှာ သူ့ရဲ့ မာန တရားဖြစ်မည်လို့ ထင်မိသည်။ ပြန်လာခါနီး မေမေနှင့်ဖုန်းပြောတော့ “သမီးဖေဖေက သမီးကို သိပ်တွေ့ချင်နေရှာတာပါ၊ သူ့ကို စိတ်မကွက်နဲ့နော်သမီး တကယ်တော့ ညည်းအဖေက နှလ

နောက်နေ့ပေါင်းများစွာ

ခုတစ်လော လှေခါးအတက်အဆင်း မောပန်းသည့် ဝေဒနာကို ခံစားမိသည်။ အရင်လို ဖျက်လက် တက်ကြွမနေတော့တာ သေခြာသည်။ မျက်စိတွေက တစ်နေ့တစ်ခြား မှုန်ဝါးလာသည်။ မနက်ဘက် အလုပ်သွား ဆိုင်ကယ်စီးရင်တောင် မျက်လုံးတွေက အရှေ့က ဆိုင်ကယ်ကို မမြင်ရတော့ ဆိုင်ကယ်စီးဖို့တောင် ကိုယ်ကိုကိုယ် အန္တာရယ်များလိုက်တာလို့ တွေးမိလိုက်သေးသည်။ ပူလွန်းသည့် နေမင်းက အသားအရေတွေကို မီးနှင့်ထိုးနေသလား ဆိုပြီး အလိုလို ဒေါသ ထွက်လာကာ မဆီမဆိုင် နေမင်းကို အပြစ်တင် ကျိန်ဆဲလိုက်သေးသည် ။ နေပူရှိန်ကြောင့် ဦးနှောင့်တွေက ပူလောင်လာကာ အလုပ်မရောက်ခင် ပင်ပန်းနွမ်းနယ်နေချင်ပြီ။ မနက်ခင်း အလုပ်ရောက်တာနှင့် ကွန်ပြူတာဖွင့် တစ်နေ့တာ လုပ်စရာတွေ မြန်မြန်လေးလုပ်ရင်း ဘလော့လေးကို အချိန်ပေးဖို့ ကြိုးစားကြည့်သည်။ ဟိုတစ်လောက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို တာဝန် ယူထားရ၏။ NOKIA ပစ္စည်းတဲ့ သေသေခြာခြာ လုပ်ပါ အရေးကြီးသည်လို့ အထက်လူကြီးက မှာထားတော့ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ပြီး ဘလော့ကို လည်း ပစ်ထားလိုက်သည်။ အွန်လိုင်းဆိုတာ ဝေးရော။ ခုတော့ တာဝန်ယူရသည့် ပစ္စည်းတွေ လုပ်တာ ပြီးသွားသလောက် ရှိတော့ စိတ်ပေါ့ပါးသွားရပြန်၏။ အလုပ်ကိစ္စ စိတ်သက်သာ သွားတော့ နောက်ထပ် အလုံးကြီးတစ်ခု

“ကြူ ”

Image
Q.ဟိုင်း A.အင်း Q.နေကောင်းလား A.အင်း Q.ဘယ်မှာနေလဲ A.ကမ္ဘာပေါ်ကတစ်နေရာ Q.နင်ကချောလား A.အရေးမကြီးဘူး Q.အရေးကြီးတာဘာလဲ A.အများကြီး ကိုယ်ဘာသာစဉ်းစား Q.ဖုန်းနံပါတ်ရှိလား A.ရှိတယ် နံပါတ်တွေမှ အများကြီးပဲ Q.နင်နဲ့စကားပြောချင်တယ် A.သြော် အင်း အဲ ဟုတ် Q.ရည်စားဖြစ်ချင်တယ် A.အသည်းကွဲချင်လို့လား Q.နင့်မှာရည်စားရှိလား A.နိုး Q.ချစ်တယ် A.ဟုတ်မှာပေါ့ Q.အားလား A.အားတယ် Q.ဒါဆိုအပြင်သွားလျှောက်လည်ရအောင် A.လည်မယ် ဒါပေမယ့်နင်နဲ့တော့မဟုတ်ဘူး Q.နင့်လိုလူမျိုးကို ဘယ်သူက ကြိုက်မှာလဲ ၊ ဒီလိုလူမျိုး ဘယ်တော့မှ ရည်းစားရမှာ မဟုတ်ဘူး A.နင်မသိဘူးလား ငါ့မှာအိမ်ထောင်ရှိတာ Q.တိန်!!!!!!!!!!!!!! ချစ်ခင်လေးစားစွာဖြင့် မြတ်မွန် photo:google

ဆွံ့အသွားသော ဆည်းလည်းသံ

သောကြာနေ့ ညနေတိုင်း အလုပ်ဆင်းချိန်ရောက်လျင် ကျွန်မတို့သူငယ်ချင်းတွေစုပြီး ညဈေးတစ်ခုခုကို သွားလေ့ရှိသည်။ ဝယ်တာ မဝယ်တာထက် သူငယ်ချင်းတွေ စုပြီး ဈေးပါတ်ရတာကို တပါတ်စာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်နည်း တစ်မျိုးလို့ ခံယူထားကြသည်။ သောကြာ ၊ စနေ ညတွေတိုင်း ညဈေး တွင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတတ်သည်မှာလည်း ကျွန်မ တို့လိုပဲ တခြားသူတွေလည်း ခံယူထားဟန်တူသည်။ အမြဲလိုလို သွားဖြစ်သည့် ညဈေးလေးတစ်ဈေးတစ်ခုတွင် စားနေကျ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ရှိသည်။ လမ်းဘေးလေးမှာ ကပ်ဖွင့်ထားတဲ့ ဆိုင်လေးမို့ အမြဲလိုလို ဆိုင်အပြင်မှာ လူတွေ ရပ်စောင့် ရတတ်ပေမယ့် တကယ်တော့ ဆိုင်ရှင် လင်မယားက ဖော်ဖော်ရွေရွေ သိပ်မရှိကြသလို ဆက်ဆံရေးလည်း ညံဖျင်းလှသည်။ ဆိုင်ရှင် လင်မယားက စကားကို ချိုချိုသာသာ မပြောတတ်ပေမယ့် ခေါက်ဆွဲ အရသာကတော့ ကောင်းသည်မို့ ဆက်ဆံရေး ညံ့တာကို လျစ်လျူရှု ပြီး ခေါက်ဆွဲ ဆိုင်လေးမှာ လူတွေက စည်ကားနေလေ့ရှိသည်။ အဖေအမေက ဆက်ဆံရေး ညံဖျင်းသလောက် သူတို့မှာ မိန်မိန် ဆိုသည့် ချစ်စရာ သမီးငယ်လေးတစ်ယောက် ရှိသည်။ ဆံပင်ရှည်ရှည် အသားဖြူဖြူ တီတီတာတာ ပြောပြီး ပြေးလွားနေတတ်သည့် ကလေးမလေးက

ရင်ထဲကအမှတ်တရအသင်း

Image
မြန်မာပြည်မှာတုန်းကဆိုရင် မီးပျက်တဲ့နေ့တွေဆို လူတွေက ဖယောင်းတိုင်နဲ့နေပြီး တီဗီကြည့်ဖို့တော့ အင်ဗက်တာ ဝယ်တာ ကျွန်မ ဖေဖေရယ်ပါ။ ဘောလုံးပွဲကို ယောင်္ကျားလေးတွေပဲ အားပေးတယ် ထင်ခဲ့တာ မိန်းမဖြစ်တဲ့ ကျွန်မ မေမေက ထိပ်ဆုံးကပါပဲ။ ဖေဖေနဲ့မေမေရယ် မောင်လေး နှစ်ယောက်ရယ် မိသားစုလေးယောက် တီဗီရှေ့မှာ တစ်ယောက်တစ်ခွန်းနဲ့ အားမလို မအားမရ စကားတွေ အော်ကြီး ဟစ်ကျယ်ပြောကြ ဘောလုံးဂိုးသွားရင်“ ဂိုး ဂိုး ”ဆိုပြီး ထထအော်လိုက်ရင် အိမ်ခန်းထဲမှာ စာဖတ်နေတဲ့ ကျွန်မ လန့်လန့်သွားတဲ့အခါ လူကြီးလူကောင်းလေသံနဲ့ “ဖြေးဖြေးအော်ကြပါ၊ ဘာမှလည်း ကြည့်ကောင်းတာလည်း မဟုတ်ပါပဲ တစ်ခါတည်း ဘာတွေအဲလောက် ပျော်နေကြလဲ မသိဝူး” ဆိုပြီး သွားဟောက်တက်ပါတယ်။ သူတို့အတွက် ဘောလုံးပွဲ လက်ဝှေ့ပွဲ အစရှိတာတွေ ပြောနေချိန် ကျွန်မကတော့ မျက်မှောင်ကုတ်ပြီး ခေါင်းခါနေတတ်ပါတယ်။ ဘာလို့ အဲလောက်တောင် ဘောလုံးကို ကြိုက်ကြလဲမသိဘူးလို့ အကြိမ်ကြိမ် တွေးမိဘူးတယ်။ ကျွန်မ အမြင်မှာတော့ ဘောလုံးလေးတစ်လုံးကို အားလုံးက ဝိုင်းကန်နေကြတယ်။ ဟိုဘက်ကိုရောက်သွားလိုက် ဒီဘက်ကို ပြန်ကန်လာလိုက်နဲ့ ပျင်းစရာ ကောင်းလိုက်တာဆိုပြီး ဘောလုံးပွဲ ကြည့်တိုင်း အိပ်ပျော်သွားတက်ပါတယ

ဘဝအမှောင်ည

{သူမ ကျွန်တော်အပေါ် ကောင်းသလောက် ကျွန်တော် သူမအပေါ် တာဝန်မကျေခဲ့တဲ့ အချက်များစွာရှိခဲ့ပါသည်။ ကျွန်တော်သည် အပေါင်းအသင်းမင်သူတစ်ယောက်ဖြစ် သည်။ ထိုအပေါင်းအသင်မင်မှုနှင့် သူမ အပေါ် အလေးမထား မှုတွေက ကျွန်တော်အတွက် အကြီးမားဆုံး နောင်တ တစ်ခုကို ရစေနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပါ။ } ~~~~@~~~~ ကျွန်တော်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က မိဘသဘောတူသည့် မိန်းခလေး တစ်ယောက်ကို လက်ထပ်ခဲ့သည်။ ကျွန်တော် ကံကောင်းသည်မှာ သူမရဲ့အလှသည် အေးချမ်းလွန်းလှသလို သူမရဲ့နေပုံထိုင်ပုံက ညင်သာနူးညံ့လွန်းသည်။ သူမသည် ဘာအပြစ်မှ ပြောစရာ မရှိလောက်အောင် အလိုက်တသိဖြင့် မယားဝတ်တရားနှင့် အညီနေတတ်သော မိန်းမတစ်ယောက်လည်းဖြစ်သည်။ ကျွန်တော်အပေါ် တာဝန်ကျေလွန်း၍ သူမကို ချစ်မြတ်နိုး စရာကောင်းသော မိန်းမတစ်ယောက်အဖြစ် သံယောဇဉ်တွေ တဖြည်းဖြည်း တိုးပွါးလာရသည်။ ကျွန်တော်တို့နှစ်ယောက် လက်ထပ်ဖို့ လက်စွပ်လေးတွေ သွားကြည့်စဉ်က သူမသည် လက်စွပ်မယူဘဲ ဖုန်းတစ်လုံးလောက် လိုချင်သည်ဟု ပူဆာခဲ့ဖူးသည်။ လက်ထပ်လက်စွပ်ထက် သူမအတွက် ဟန်းဖုန်းတစ်လုံးက အရေးကြီးသည် ဆိုတာကို အိမ်ထောင်ကျပြီးမှ သိခဲ့ရသည်။ ကျွန်တော် အလုပ်လုပ

ရေသန့်ဗူးခွံအတ္တ

ကျွန်မ လုပ်တဲ့ ကုမ္ပဏီအနီးနားမှာ စက်ရုံတွေ ကျောင်းတွေ ရှိတာကြောင့် ထမင်းစားချိန်ဆိုရင် ဆိုင်တိုင်းလိုလို လူများပါတယ်။ ဆိုင်တွေက ပစ်တဲ့ တစ်ခါသုံး ရေသန့်ဗူးတွေ စက္ကူ ပန်းကန်တွေ ခွက်တွေကို ကောက်တဲ့ အသက်ကြီးကြီး အဖိုးအိုတွေ အဖွားအိုတွေကလည်း များသားရယ်။ အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေ စက္ကူဗူးတွေ ရေသန့်ဗူးတွေ လိုက်ကောက်နေရတာ မြင်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ရေဗူးတွေ ခွက်တွေ ပေါတဲ့ နိုင်ငံဆိုတော့ လွှတ်ပစ် ပစ္စည်းတွေကလည်း များပါတယ်။ အိမ်မှာဆိုရင် စက္ကုဗူးတွေကို သေသေခြာခြာခေါက်၊ ရေသန့်ဗူးခွံတွေ အအေးဗူးခွံတွေဆိုရင် ခြေထောက်နဲ့ ပြားနေအောင်တက်နင်း၊ အိတ်တစ်အိတ်ထဲမှာ ထည့်ပြီး လိုက်ကောက်တက်တဲ့ အဖိုးအဖွားတွေ တွေ့ရင် ပေးပါတယ်။ တစ်ချို့ကတော့ အိမ်က သားသမီးတွေက မစောင့်ရှောက်လို့ ကောက်ရတာဖြစ်ပြီး တစ်ချို့ကျတော့ ပိုက်ဆံရှိရဲ့နဲ့ အပိုဝင်ငွေရအောင်ဆိုပြီး ကောက်တာလို့ တစ်ခါ သတင်းထဲမှာ ဖတ်ဖူးလိုက်သေးတယ်။ အမှိုက်ကား အရှေ့မှာ လမ်းလျှောက်ပြီး အိမ်တွေက လွှတ်ပြစ်တဲ့ စက္ကူဗူးတွေ၊ အအေးဗူး၊ ရေသန့်ဗူး အစရှိတဲ့ ရောင်းလို့ ရတာ မှန်သမျှ ရှေ့က ဦးအောင် လိုက်သိမ်းတတ်ကြတယ်။ တစ်ခါတစ်လေ ကောက်တဲ့ လူများတဲ့ အခါ သူထက်ငါ အလုအယက် ကောက်ကြရင်း

နှင်းဆီခင်းရဲ့သူငယ်ချင်း

တစ်နေ့မှာ လမ်းသွားလမ်းလာ ခရီးသည် တစ်ဦးက အလွန်မှမွှေးကြိုင်လှတဲ့ မြေကြီးတွေကို လမ်းသွားရင်း တွေ့လိုက်တယ်။ မွှေးလွန်းလို့ မြေကြီးပုံက မြေကြီးအနည်းငယ်ကို အိမ်သို့ ယူလာခဲ့တယ်။ အချိန်တွေကြာလာပေမယ့် မြေကြီးရဲ့ အမွှေးရနံက ပြောက်ပြယ်သွားတယ် မရှိဘူး။ မြေကြီးဘာလို့ မွှေးရတာလည်း ဆိုတာကို ထိုလူက သိချင်လာတယ်။ ဒါနဲ့ပဲ မြေကြီးကို မေးလိုက်ကြည့်တယ်။ ခရီးသည် ။ ။ ကိုမြေကြီး ခင်ဗျာ ။ ခင်ဗျား မြေကြီးက ဘာလို့မွှေးနေရတာလဲ? မြေကြီးစဖြစ်ကတည်းက မွှေးတာလား? အမွှေးရနံတွေ ဖြန်းထားလို့လားခင်ဗျာ? မြေကြီး ။ ။ မဟုတ်ပါဘူး ။ကျွန်တော်က ရိုးရိုး မြေကြီးပါပဲ ခင်ဗျာ။ ခရီးသည်။ ။ ဒါဆို ဘာလို့ အမွှေးနံတွေ ရနေတာလဲဗျ။ မြေကြီး ။ ။ သြော် ။ ဒါလား အဲတာ ကျွန်တော့် သူငယ်ချင်း နှင်းဆီပင်တွေကြောင့်ပါ ခင်ဗျာ။ ကျွန်တော်က နှင်းဆီ အခင်း တောကြီးထဲမှာ ကြီးပြင်းလာတာကြောင့်ပါ။ ကိုယ်ပေါင်းသင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းတာ ကြာလာလေ ထိုလူရဲ့ အကျင့်စရိုက်က ကိုယ့်ကို အနည်းနဲ့အများတော့ ရိုက်ခက်လာတက်ပါတယ်။ မြေကြီးက နှင်းဆီးအခင်းကြီးထဲမှာ ကြီးပြင်းလာတာ ကြာတော့ နှင်းဆီးတွေရဲ့ ရနံက သူကိုယ်မှာ စွဲကပ်လာခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင

တုနှိုင်းလို့မမှီ

စိတ်နှလုံးကို ရွှင်ပြုံးစေလို့ လူအပေါင်းအား လူလောကသို့ ပို့ဆောင်ပေးသော အမျိုးသမီး အမိမည်၏။။ ငယ်စဉ်ဘဝ အစဉ်လမ်းပြ ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း အမိဆရာ။ ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ မုန်းတယ်ဘယ်ခါ မရှိလင့်ကာ ချစ်ခြင်းတွေတာ အသက်ပမာ အမိချစ်သား။ ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း ယူဇနာပေါင်း တစ်သန်းနှစ်သောင်း နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ အမိမေတ္တာ။ ဤလောကတွင် ပြောမကုန်နိုင် အမိကျေးဇူး မြဲစွာမှတ်လေ ဘယ်အခါခါ ဘယ်ချိန်တမ်းတ အမေ့ရဲ့ထာဝရမေတ္တာ တုနှိုင်းလို့မမှီသာ။ နှစ်စဉ်နှစ်တိုင်း ၅လပိုင်းရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိကြတဲ့ အမေတိုင်း ပျော်ရွှင်ကြပါစေ။ နေ့တိုင်းမှာ အမေရဲ့ ကျေးဇူးကို ရင်ထဲမှာ အစဉ်သိနေပေမယ့် ဒီနေ့ကတော့ အမေအတွက် အမှတ်တရနေ့လေး အဖြစ်သတ်မှတ်ထားတာကြောင့် အမေကို ကြည်နူးစေမယ့် အပြုအမူလေးတွေ ခါတိုင်းနေ့လေးတွေလို မတူညီတဲ့ ခံစားချက်လေးတွေဖြစ်အောင် မှတ်မှတ်ရရ တစ်ခုခုပေးရအောင်လား။ အမေကို ဖက်ပြီး “ မေမေ အမြဲတမ်းကျန်းမာ ပျော်ရွှင်ပါစေ။ အစဉ်ထာဝရ လှပနေပါစေ။ မေမေက သားသမီးတွေအတွက် မရှိမဖြစ် အစဉ်ထာဝရ အလိုအပ်ဆုံးသော မေမေပါလို့ ” မေမေကို ပြောပြီး တစ်ချက