(၁)နားမလည်သေးပဲကိုး
ဆရာမ။ ။ မောင်ဖြူ မင်းကို ဆရာမ ၉၀ ပေးမယ်။ နောက်၁၀ကို ကျော်ကျော့် ဆီက ချေးလိုက်။ ဒါဆို မင်းမှာ ဘယ်လောက်ဖြစ်သွားပြီလဲ။မောင်ဖြူ။ ။ ၉၀ပဲ ဆရာမ။
ဆရာမ။ ။ မင်းသင်္ချာ အကြောင်း ကောင်းကောင်းနားမလည်သေးပဲကိုး။
မောင်ဖြူ။ ။ ဆရာမလဲ ကျော်ကျော်အကြောင်း ကောင်းကောင်း နားမလည်သေးပဲကိုး။
(၂ ) ငါးနဲ့ကြက်သား
သားအဖ နှစ်ယောက် ထမင်းစားခန်းတွင် ထမင်းစားနေသည်။
သား။ ။ ဖေဖေက ရေကူးသိပ်တော်တာပဲ။ ဘယ်လိုတတ်တာလဲ။
အဖေ။ ။ အဖေက ငါးများများ စားလို့ပေါ့ သားရဲ့။ သားလည်း ငါးများများစား။
သား။ ။ ဒါဆို ဖေဖေ ကြက်သားစားတယ်လေ။ ကြက်ဥ မဥဘူးလားဟင်။
(၃) လက်ဆင့်ကမ်း
အတွင်းရေးမှူးကောင်မလေး။ ။ သူဌေးကတော်က သူဌေးကို မအားလဲနေပါတဲ့ ဖုန်းထဲက နမ်းမလို့တဲ့။
သူဌေး။ ။ အေး ..အေး..ငါ့မိန်းမ အနမ်း မင်းပဲ ခဏ လက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကို ပြန်ပေး။
(၄) ဒါအချစ်လားကွယ်
ကောင်လေး ။ ။ ချမ်းနေလား ။
ကောင်လေးရဲ့ အမေးကို ကောင်မလေးက မခို့တရို့ ပြန်ဖြေတယ်။
ကောင်မလေး။ ။ ဟင့်အင်း မချမ်းပါဘူး။
ကောင်လေး။ ။ ဟင် မချမ်းဘူးလား။ ဒါဆို မင်းအနွေးထည် ကိုယ့်ကို ခဏပေး ။ ကိုယ်အရမ်းချမ်းနေလို့ပါ။
(၅) ဆင်ခြေ
အဝတ်လျှော်ဖို့ လုပ်နေတဲ့ အမေက အမြဲတမ်း ဆင်ခြေ ပေးတက်တဲ့ သားကို ဒေါသ တကြီးနဲ့ လှမ်းပြောတယ်။အမေ။ ။ ရှောင်မင် ဘောင်ဘီ အိပ်ထဲက ပိုက်ဆံတွေကို ထုတ်ပါလို့ပြောတာ ဘယ်နှခါ ရှိပြီလဲ ။
အမြဲတမ်း ဘောင်ဘီအိပ်ထဲက ပိုက်ဆံတွေ ထွက်ထွက်လာတယ်။
ရှောင်မင် ။ ။ အာ....အမေကလည်း အဲတာ အမေ့ကို အဝတ်လျှော်ခ ပေးတာ ။
(၆)သွားပြီးလို့
အဖေ။ ။ အဖေနဲ့ အမေကို မင်းဘယ်သူ့ပိုချစ်လဲ။
သား။ ။ နှစ်ယောက်လုံး ချစ်တယ်။
သားရဲ့အဖြေကို အဖေက မကျေမနပ် ဖြစ်ကာ
အဖေ။ ။ ကဲ ဒါဆိုကွာ အဖေက ဒစ်စနီ လိုက်ပို့မယ်။ မင်းမေမေက ပြင်သစ်ကို ရှော့ပင်းထွက်မယ်တဲ့။ သားဘယ်သူနဲ့လိုက်မလဲ။
သား။ ။ အမေနဲ့လိုက်မယ် ။ ပြင်သစ်က ပိုလှလို့။
အဖေ။ ။ ဒါဆို အဖေ ပြင်သစ် သွားမယ်ကွာ။ မင်းမေမေက ဒစ်စနီ သွားမယ်တဲ့။
သား။ ။ အမေနဲ့ပဲ လိုက်မယ်။ ပြင်သစ်က ခုဏက သွားပြီးပြီ။
(၇)တော်တော်ငိုခဲ့တာပေါ့
အငိုသန်တဲ့ မြေးမလေးကို အဖွားက စိတ်မရှည်တော့ဘူး။
“မြေးလေးရယ် မငိုနဲ့တိတ်တိတ်။ မိန်းကလေးဆိုတာ မငိုရဘူး။ ငိုလွန်းရင် ရုပ်ဆိုးတတ်တယ်ကွဲ့။”
မြေးမလေးက အငိုတိတ်သွားပြီး သူမအဖွားရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်ကာ ပြောလိုက်တယ်။
“ အဖွား ငယ်ငယ်ကတည်း ခုချိန်ထိ တော်တော်ငိုခဲ့တာပေါ့နော်။”
(၈)ဆေးရုံသွားတဲ့လမ်း
မေး ။ ။ ဆေးရုံကို ဘယ်လို သွားရလဲ ခင်ဗျ ။
ဖြေ ။ ။ ခုမြင်နေရတဲ့ လမ်းအတိုင်းသွားပါ။ လမ်းမ အလယ်ရောက်ရင် ရပ်လိုက်။ နောက် ၁၀မိနစ်လောက် နေရင် ဆေးရုံရောက်ပြီ ခင်ဗျ ။
ရယ်မောခြင်းက အသက်ရှည်စေ၏ ။ ဖတ်ဖူးသည့် တရုတ်ဟာသ ကောင်းနိုးရာရာလေးတွေကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
ချစ်ခင်လေးစားစွာ
မြတ်မွန်
မြတ်မွန်
21 comments:
တ၀ါးဝါးရီသွားတယ်
လက်ဆင့်ကမ်းအနမ်းလေးကတော့
ရီရတဲ့အပြင် တစ်မျိုးလေးလားလို့လေ..:D
ကောင်းတယ်၊
ရယ်ရတယ်၊
ကျေးဇူးတင်တယ်
၁။ အနော်လည်း မြတ်မွန်ကို နားမလည်သေးဘူး။
၂။ ကြက်ဥစားလား ဟင်။
၃။ မြတ်မွန်ရေ။ အနော့် ချစ်တူကလေ ဘွား ပေးမလို့တဲ့။ ခဏယူထားလိုက်ပါနော်။ ( ပြန်မပေးပါနဲ့ ခွိခွိ )
၎။ မှတ်ထားဦးမှ ၊ ဒီနည်းကောင်းတယ်။
၅။ မိုနိုပိုလီ ပိုက်ပိုက်တွေလား
၆။ အေးလေ ဟုတ်တာပဲ။
၇။ ဒါကြောင့် မြတ်မွန်ကို ပြောတာ ၊ သိပ်မငိုပါနဲ့လို့။
( ဒါပေမဲ့ ငိုငို မငိုငို မထူးပါဘူးလေ )
၈။ တိုက်ပေါ်က ခုန်ချလည်း ရပါတယ်။
၉။
ဟိုက်... အလိုလို တတ်သွားပါလား။
၉ ကြီး ပါတွားပီ :P
အဲဒါ နောက်တစ်ခါ ဆို ၁၀ ခု ပြည့်အောင် ရေးလို့ ပြောဒါ။
အမောပြေ သွားတယ် :D
ကျေးဇူးတင်ပါတယ်
ဆေးရုံသွားတဲ့လမ်းလေးကို ကိုယ်တိုင်ပြပေးမလား...နောက်ကပြေးလိုက်ပေးမယ်လေ...။
စ..တာ။
ဆေးရုံလမ်းဟာသကို သဘောအကျဆုံးဘဲ။း)
ညီမ ရေ
ဖတ်လိုက်ရတာ ပျော်သွားတယ်
ခင်တဲ့
ရွှေစင်ဦး
ကျေးဇူး.. တကယ်ရီရတယ်။ ဟာသတွေကို သိပ်ကြိုက်တယ်....။ သူတို့တွေက ကျွန်တော်တို့မတွေးမိတဲ့ ထောင့်ကနေ ဖောက်ဖောက်ထွက်လာတတ်လို့...
ဟားဟား....
ပါးကြောတွေ ရော့  သွားတယ်၊
ကျွန်တော့် ဆီ တကယ်လာချေးရင် ပေးမှာပါဗျာ..။
စိတ်ပေါ့ပါးစရာ ဟာသလေးတွေအတွက် ကျေးဇူးပါ.. ရယ်ရယ်မောမော ဖတ်သွားပါတယ်..
ရယ်စရာပြုံးစရာလေးတွေချည်း
ဟိဟိ အနမ်းပြန်ပေးဖို့ပြောတဲ့ သူဌေးခေါင်းပြေး တာကို သဘောကျဆုံးပဲး)
စိတ်ကိုပေါ့သွားတာပဲ...း)
တိုတိုလေးနဲ့ ထိထိရောက်ရောက် ဟာသမျိုးဆို
အရမ်းသဘောကျတယ်။
နောက်ထပ် ရှိသေးရင် ထပ်တင်ပါအုံးခင်ဗျ
မငိုနဲ့နော် ဖတ်၍အသက်ရှည်သွားပါသည်၊
မျက်မွှန်....
တော်တော်ငိုခဲ့တာပဲကိုးးး......ဆိုတာလေး.....မိုက်တယ်........ဟိဟိ
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
(၁)နားမလည်သေးပဲကိုး ကိုအကြိုက်ဆုံးပဲ..
ဆေးရုံလည်းကြိုက်တယ်.. ဟီးဟီး.. :D
ဖျားဖျား....မွန်ရေ...ဆေးရုံကအဲလိုသွားရတယ်ပေါ့ ဟုတ်လား :) တော်ပြီ မွန်နဲ့တွေ့ရင် ဘယ်တော့မှ မမေးတော့ဘူး :)
ခင်တဲ့(ဖိုးကြယ်)
ဆေးရုံလမ်းလေးတောင် မမေးရဲလောက်အောင် ပါလားနော်...
ရီလိုက်ရတာမွန်ရယ်....
ဟာသလေးတွေတကယ်ကောင်းတယ်။
ကျေးဇူးပဲ။း)))
ချစ်တဲ့
ဂျင်း
ဘ၀အမောတွေကြားထဲ နေကြသူတွေအတွက် အခုလို ပေါ့ပေါ့ပါးပါး ဟာသလေးတွေက စိတ်ကို လန်းဆန်းစေပါတယ်။ အားလုံးကို ရယ်မောအောင်ပြုလုပ်ပေးတဲ့ ညီမ၊ ညီမကိုယ်တိုင်လဲ ရယ်မောနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
When registering at North Casino, 메리트카지노 you might be} welcomed with a C$5,000 bonus. To reward you for signing up, the on line casino presents a one hundred pc welcome provide valued at as much as} C$500 plus 150 free spins. In this article, CasinoTown gives you a sneak peek into the most effective online on line casino Canada has in 2022.
Post a Comment