ရင်ထဲကအမှတ်တရအသင်း


မြန်မာပြည်မှာတုန်းကဆိုရင် မီးပျက်တဲ့နေ့တွေဆို လူတွေက ဖယောင်းတိုင်နဲ့နေပြီး တီဗီကြည့်ဖို့တော့ အင်ဗက်တာ ဝယ်တာ ကျွန်မ ဖေဖေရယ်ပါ။ ဘောလုံးပွဲကို ယောင်္ကျားလေးတွေပဲ အားပေးတယ် ထင်ခဲ့တာ မိန်းမဖြစ်တဲ့ ကျွန်မ မေမေက ထိပ်ဆုံးကပါပဲ။ ဖေဖေနဲ့မေမေရယ် မောင်လေး နှစ်ယောက်ရယ် မိသားစုလေးယောက် တီဗီရှေ့မှာ တစ်ယောက်တစ်ခွန်းနဲ့ အားမလို မအားမရ စကားတွေ အော်ကြီး ဟစ်ကျယ်ပြောကြ ဘောလုံးဂိုးသွားရင်“ ဂိုး ဂိုး ”ဆိုပြီး ထထအော်လိုက်ရင် အိမ်ခန်းထဲမှာ စာဖတ်နေတဲ့ ကျွန်မ လန့်လန့်သွားတဲ့အခါ လူကြီးလူကောင်းလေသံနဲ့ “ဖြေးဖြေးအော်ကြပါ၊ ဘာမှလည်း ကြည့်ကောင်းတာလည်း မဟုတ်ပါပဲ တစ်ခါတည်း ဘာတွေအဲလောက် ပျော်နေကြလဲ မသိဝူး” ဆိုပြီး သွားဟောက်တက်ပါတယ်။ သူတို့အတွက် ဘောလုံးပွဲ လက်ဝှေ့ပွဲ အစရှိတာတွေ ပြောနေချိန် ကျွန်မကတော့ မျက်မှောင်ကုတ်ပြီး ခေါင်းခါနေတတ်ပါတယ်။ ဘာလို့ အဲလောက်တောင် ဘောလုံးကို ကြိုက်ကြလဲမသိဘူးလို့ အကြိမ်ကြိမ် တွေးမိဘူးတယ်။ ကျွန်မ အမြင်မှာတော့ ဘောလုံးလေးတစ်လုံးကို အားလုံးက ဝိုင်းကန်နေကြတယ်။ ဟိုဘက်ကိုရောက်သွားလိုက် ဒီဘက်ကို ပြန်ကန်လာလိုက်နဲ့ ပျင်းစရာ ကောင်းလိုက်တာဆိုပြီး ဘောလုံးပွဲ ကြည့်တိုင်း အိပ်ပျော်သွားတက်ပါတယ်။ လူကလေးတွေ ပြေးလိုက်လွားလိုက်နဲ့ တစ်ခါတစ်လေ ကြည့်ရင်း မျက်လုံးတွေတောင် မှုန်ဝါးလာပါတယ်။ ဘောလုံးအကြောင်းနားမလည်ပဲ ကြည့်နေတဲ့ ကျွန်မ သူတို့ပြောနေတဲ့ ဘောလုံးစကားဝိုင်းထဲမှာ ဝင်မတိုးနိုင်တော့ ကျွန်မအတွက် ဘောလုံးပွဲဆိုတာ ပျင်းစရာကောင်းသော အစီအစဉ် တခုလို ထင်မိတယ်။

ကျွန်မ ဘောလုံးပွဲကို စကြည့်မိတာ အခု 2010ကမ္ဘာဖလားက ဆိုပါတော့။ထူးထူးဆန်းဆန်း တီဗီရှေ့မှာ အားရပါးရ ဘောလုံးပွဲ အားပေးနေတဲ့ ကျွန်မကို အိမ်သားတွေက အထူးအဆန်းလို ဝိုင်းကြည့်နေကြတယ်။ စစချင်း ရင်ထဲကို ရောက်လာတဲ့ အသင်းကတော့ မက်စီပါတဲ့ အာဂျင်တီးနားအသင်းပါပဲ။ ကိုယ်နဲ့ ပတ်သက်သမျှ အရင်းနှီးဆုံး သူတွေက ဘောလုံးပွဲကို မက်မက်မောမော အားပေးနေတာတွေ့တော့ သူတို့နဲ့ အတူလိုက်ကြည့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ စကြည့်မိတဲ့ နေ့က အာဂျင်တီးနားရဲ့ ဘောလုံးကန်တာကို ကြည့်ပြီး အိမ်မက်ထဲထိတောင် စွဲသွားခဲ့တယ်။ အာဂျင်းတီးနား ဘောလုံးကန်တာကို ကြည့်ရတာ လျှင်မြန် ဖျတ်လတ်ပြီး အရမ်းအားတက်ဖို့ ကောင်းပါတယ်။ စိတ်တွေလှုပ်ရှားပြီး ထထအော် မိတယ်။ ဘောလုံးအကြောင်းကို ဘေးနားက ပြောပြတက်တဲ့ သူ့ကြောင့်လည်းပါမယ် ထင်ပါတယ်။ ဘယ်သူက ဘယ်အသင်းမှာ ကြေးစားကန်တာ၊ ဘယ်သူကတော့ ရွှေဖိနပ်ရထားတာ၊ ဘယ်သူက ဘယ်နှစ်မှာ ကမ္ဘာ့အကောင်းဆုံး ရခဲ့ဖူးတာ ၊ဘယ်ဘောလုံးသမားက တစ်နှစ်ဝင်ငွေ ဘယ်လောက် အစရှိတာတွေ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ကျွန်မ ဘောလုံးကို တစ်စတစ်စ စိတ်ဝင်စားလာတော့တယ်။ မက်ဆီ ၊ စီရော်နယ်ဒို၊ ကာကာ၊ ဗီလာ ၊ ဇာဗီ စသည်ဖြင့် သိလာရတော့တယ်။

ဘောလုံးကိုစပြီ စိတ်ဝင်စားတာနဲ့ ညတိုင်း အလုပ်က ပြန်တာနဲ့ ဘောလုံးပွဲ ကြည့်မိတော့တယ်။ တစ်ခါတစ်လေ ကြိုက်တဲ့ပွဲတွေဆိုရင် ညအိပ်ရေးပျက်ခံပြီး ည ၂နာရီခွဲမှ လာတဲ့ ဘောလုံးပွဲကို ထထကြည့်ဖြစ်တယ်။ တစ်ခါတစ်လေ ဘောလုံးပွဲကြည့်ရင်း အားမလို အားမရ ဖြစ်ရင် ဘေးနားက ပစ္စည်းတွေကို ကုတ်ဖဲ့တက်ပြန်တယ်။ အနားမှာ လူရှိရင် အနားက လူကို လိုက်ရိုက်မိတယ်။ အားလုံး တိတ်ဆိတ်စွာ ကြည့်နေချိန်မှာတော့ ကျွန်မတစ်ယောက်ထည်း အသံပေါင်းစုံနဲ့ အားပေးနေပြန်တယ်။ အလုပ်ရောက်ရင် ဘယ်အသင်းနိုင်တယ်၊ ဘယ်သူကတော့ ဘယ်လိုကန်သွားတာ ၊ ဆိုပြီး ဘောလုံးဝါသနာအိုးဖြစ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းများနဲ့ ပြောစရာ စကားများ ရှိလာခဲ့တယ်။ လူတစ်ယောက်ကိုတွေ့ရင် ဘောလုံးအကြောင်းတွေ ပြောရင်း တစ်ခါက ထမင်းစားချိန် ထမင်းစားဖို့တောင် မေ့သွားခဲ့တယ်။

အရင်က မုန်းခဲ့တဲ့ ဘောလုံးကို အခု ဆိုရင် ရူးသွပ်စွာ အားပေးနေတတ်ပါတယ်။ ရင်ထဲက စွဲလန်းရတဲ့ အသင်းကတော့ ဒီနေ့ည ဂျာမနီကို ရှုံးသွားတယ်။ အားလုံးက နိင် နိင်လောက်တယ် မျှော်လင့်ထားတဲ့ အသင်းက မလှမပ ရှုံးသွားတာကို ကြည့်ပြီး ဝမ်းနည်းမိတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးကို စကြိုက်မိတဲ့အချိန်က ရင်ထဲကိုရောက်လာတဲ့ အာဂျင်တီးနား အသင်းကို ဒီနေ့ည ကန်တာညံ့ပေမယ့် ဆက်ပြီး အားပေးနေအုံးမယ်ဆိုတာပါပဲ။


မှတ်ချက်။ ။ ဘောလုံးပွဲတွေ ဆက်တိုက် လာနေတော့ ဘယ်သူ့အိမ်ကိုမှ မရောက်ဖြစ်ဘူး။ စာတွေလည်း လိုက်မဖတ်ဖြစ်ခဲ့ရင် ခွင့်လွတ်ပါ။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

Comments

ဟေး. . .တူသွားပြီ။
ကျနော် အကြိုက်ဆုံး အသင်းက အာဂျင်တီးနား။
အမုန်းဆုံး အသင်းက ဘရာဇီးပဲ။
မနေ့က ဘရာဇီးလ် ရှုံးလို့ ပျော်လိုက်ရတာ။
ဒါပေမဲ့ ဒီနေ့ပွဲကို ဒီလိုပဲ ဖြစ်လာမယ်လို့ ရည်ရွယ်ပြီးသားပါပဲ။ ဘာလို့လဲ ဆိုတော့ အနီးကပ် အတိုလေးပေးကစားတတ်တဲ့ အာဂျင်တီးနားကို နိုင်အောင် အဝေးဘောနဲ့ ပေးကစားနိုင်တာ ဂျာမနီပဲ ရှိလို့ပါပဲ။ နောက်တစ်ခုက အင်္ကျီအရောင် အရ တွက်မသလို ဖြစ်သွားလို့ ရှုံးမယ် ဆိုတာ ကြိုကို သိနေမိတယ်။ ၄ ဂိုးတော့ ပြတ်လိမ့်မယ် လို့ ထင်မိဘူး။ ၈ျာမနီကို အနီးပေးနဲ့ နိုင်အောင် ကစားနိုင်တာ အီတလီပါ။ မရှိရှာတော့ ဘူးပေါ့။ ခုချိန်ထိတော့ ကစားကွက် အကောင်းဆုံးက စပိန် ဖြစ်နေပြီး လူအညီဆုံးက ဟော်လန်ပဲ။
ကိုယ်ကြိုက်တဲ့ အသင်းထွက်ရတော့ စိတ်မကောင်းတော့ ဖြစ်ရတာပေါ့။ ဒါပေမဲ့ ဒီနှစ်တော့ မမှန်းထားပါဘူးလေ။
နောက်နှစ်တွေ အတူတူ ဆက်လက် အားပေကြပါတာပေါ့ဗျာ။
ဟဟဟ....မွန်တစ်ယောက်တော့ ဘောလုံးစွဲသွားရှာပြီ။ အဲဒီလိုစွဲသွားအောင် လုပ်လိုက်တဲ့ တရားခံက ဘယ်သူလဲမသိဘူးနော် :D

ချစ်တဲ့
to ကိုဇော်.....> ဟုတ်တယ် ကိုဇော်ရေ..
အာဂျင်တီးနားကို အရမ်းမျှော်လင့်ထားတာ..။
ကျွန်မ ကြည့်မိတဲ့အထဲမှာ အာဂျင်တီးနားက အရမ်းမြန်ပြီး ပျော်စရာကောင်းတယ် ဘောလုံးကစား..မနေ့ညက ကြည့်လိုက်တာ ဘယ်လို ဖြစ်လဲ မသိဝူး..။ ရုပ်ပျက်ဆင်းပျက်ကို ရှုံးသွားတာပါပဲ ကိုဇော်ရာ..အရမ်းဝမ်းနည်းတယ်။ ဘောလုံးပွဲ အားပေးရတာလဲ မလွယ်ပါဘူးရှင်။ ရင်ခုန်လိုက် စိတ်လှုပ်ရှားလိုက် ငိုရလိုက်ရယ်ရလိုက်နဲ့..ရောဂါ တစ်ခုတိုးလာသလိုပါပဲရှင်..။

to ဂျင်း.....>ဘယ်သူလဲကွ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..စွဲသွားရင် တာဝန်မယူဘူးလို့ ပြောတာလေ..
မြတ်မွန်ရေ ရက်ရက်စက်စက်ကို အသည်းခွဲခံလိုက်ရတဲ့ မိုးပြာရောင် ကောင်လေးတွေ . . . ဂျာမနီကလည်း ၇က်စက်ပါပေ့ဗျာ . . . .

ဒီနှစ်မရတော့လည်း နောက် လေးနှစ်ကျရင် ဖလားရမှာပါး)))

ကျွန်တော်အိမ်မှာလည်း မေမေရယ် ကျွန်တော် ကျွန်တော်ညီ ဖေဖေ အားလုံး ဘောပွဲကြိုက်ကြတယ် . . . မေမေ နဲ့ ညီလေးက မန်ယူပေါ့ . . . ကျွန်တော်က အင်တာမီလန်ပါ . . . ဖေဖေက အာကြီးတဲ့ဗျ . . .း))) ဘောလုံးဆိုတာက စိတ်အပန်းဖြေတဲ့ နည်းတမျိုးပါပဲ ကျွန်တော်တို့လို စိတ်ဝင်စားတဲ့ သူတွေ အတွက်ပေါ့း))) နောက်လေးနှစ်မှ အာဂျင်တို့ ဖလားပြန်ယူကြမယ်ပေါ့ဗျား)))
:P said…
အာဂျင်တီးနားအားပေးတယ်.. တူတုပဲ...
ကန်တဲ့လူတွေထက် ကွင်းထဲမှာ လာအားပေးတဲ့လူတွေကို ပိုသနားနေမိတာ.. ဂျာမဏီက အောင်ပွဲခံတော့ မျက်နှာငယ်လေးတွေနဲ့ ...။
ဘောလုံးကြိုက်တတ်သူတစ်ယောက်တိုးvmတာ ၀မ်းသာစွာကြိုဆိုပါတယ်..း)
ဘောလုံးပွဲကြောင့် ရင်ခုန် စိတ်လှုပ်ရှားရခြင်းဟာ ဘာနဲ့မှ မတူဘူးနော်.. အစ်မလဲ အဲဒီပွဲမှာ မာရာဒိုနာကို အားပေးလိုက်တယ်..
စပိန်နဲ့ဂျာမဏီပွဲစဉ်မှာတော့ အစ်မကြိုက်တဲ့ စပိန်ကိုအားပေးရဦးမယ်... ဘယ်လိုလာဦးမယ် မသိ..
ဘောလုံးတစ်ပွဲပြီးသွားရင် ရှုံးလို့ ၀မ်းနည်းစွာငိုနေတဲ့သူတွေကို အရမ်းသနားတာဘဲ..
စကာမစပ် အစ်မနဲ့ မမြသွေးနီနဲ့ ဘလော့လင့်တွေပြောင်းသွားပြီ
ညီမလေးရေ..
မမြသွေးနီက ဘလော့တွေ ၀င်ဖို့ ခက်နေလို့ လိုက်မပြောနိုင်တာပါ..
လင့်ကလေးတွေ ပြန်ပြောင်းချိတ်ပေးပါဦးနော်..
ညီမလေးအားပေးတဲ့ အာဂျင်တီးနားအသင်း နောင်နှစ်တွေမှာ နိုင်ပွဲဆက်ပါစေ.. စိတ်တူကိုယ်တူ အားပေးနိုင်ပါစေလို့


ခင်မင်တဲ့
မချော


http://www.myathwayni.com ( မမြသွေးနီ)
http://www.missgreenlady.com (မချော)
အဟီးဟီး ... သနားလိုက်တာ ၀ါးဟားဟား ...း)

မွန် ကဘောလုံးပွဲတွေ စိတ်ဝင်စားလာပြီပေါ့ ....

ဆက်အားပေးဗျို့ ...
း) ဘောလုံးဝါသနာအိုးဖြစ်နေပြီပေါ့
ဆိုးတယ်နော် ဘောလုံးကိုအားပေးရတာ ကြည့်ရတာ တကယ်မောတယ် အိပ်ရေးလည်းပျက်ပါ့ ဒါပေသိ အနော် ကတော့ ဘောမှဘောလုံးပဲ အသဲစွဲ
အခုလည်း မျက်တွင်းဟောက်ပတ်ဖြစ်နေပြီး)
ကောင်းလိုက်တဲ့ဝါသနာ မွန်ရေ..ဘောလုံးကို ဝါသနာပါသွားပြီဆိုလို့ ကျနော်လည်း လာမည့် ရာသီကြရင် မန်ယူ မှာကန်တော့မှာ လာအားပေးဦးနော် :)

ခင်တဲ့(ချိုကျ)
Anonymous said…
သူများလည်း အားပေးရကျိုး မနပ်လိုက်တာ ညီမရယ် အာဂျင်တီးနား ကလုပ်ရက်တယ်
မတ်စိဆိုးတယ် ငါးမူးစေ့ မကောင်းဘူးးးးးးးးး

ခင်တဲ့
ရွှေစင်ဦး
blackroze said…
ဘောလုံးပွဲဝါသနာတူချင်းတွေ့ပြီ
ဟုတ်ပ..မွန်ရေ..ဘောလုံးတစ်ပွဲကြည့်ရတာ
စစ်တစ်ပွဲတိုက်နေရသလိုကိုခံစားရတာ..
အသည်းတလှပ်လှပ်..နဲ့လေ..
ကိုယ်အားပေးတဲ့အသင်းနိုင်သွားရင်
ပျော်လိုက်တာ...
သူတို့ကကိုယ်ဘယ်မှာရှိမှန်းသိတာတောင်
မဟုတ်ဘူး..ကိုယ်ကသာအားပေးနေရတာလေ..
အဲ..ရှုံးသွားပြန်ရင်လည်း..
ငိုရတဲ့အခါတောင်ရှိပါ့ရှင်...
sosegado said…
အာဂျင်တီးနားကို တော့ ကြိုက်တယ်၊ ဒါပေမဲ့ မာယာဒိုနာကို မကြိုက်ဘူး၊
ဘာပဲဖြစ်ဖြစ် ဥရောပ မဟုတ်တဲ့အသင်း ဥရုဂွေးကို လောလောဆယ် အားပေးတယ်၊
ကြိုက်လို့တော့ မဟုတ်ဘူး၊
noblemoe said…
မွန်ကတော့ ဝါသနာပါသွားပြီပေါ့ မိုးကခုမကြည့်မိလို့ လားတော့မသိဖူး စိတ်ကိုမဝင်စားတား)
သာယာချမ်းမြေ့ပါစနော်
ိမိုး
ထွက်ရပေမယ့် အင်္ဂလန်ထက်တော့ တော်ပါသေးတယ်။ ယုံကြည်ပြီးလောင်းတဲ့သူ တွေကို တောက်လျှောက် အကျိုးပြုခဲ့တဲ့ အာဂျင်တီးနား ထွက်ရတာ နှမျောမိတယ်။
ခြေစွမ်းကောင်းရဲ့နဲ့ ဒုက္ခပေးတာက စပိန်ပဲ။
စပိန်ကြိုက်ပေမယ့် ကြာတော့ အမြင်ပါကပ်လာတယ်။
ခေတ်အဆက်ဆက် ဘောလုံးက လူတွေရဲ့ ရင်ခုန်သံနဲ့ ကန်ခဲ့ကြတာပါပဲ။
Unknown said…
ကျွန်မလဲအာဂျင်တီးနားကိုအကြိုက်ဆုံး။အမျိုး
သားနဲ့အတူတက်ညီလက်ညီအားပေးခဲ့တာ။သန့်သန့်ရှင်းရှင်း
လှလှပပကစားတဲ့အသင်းဖြစ်လို့ရောမက်ဆီရဲ့အ
သင်းဖြစ်လို့ရော။ဒီလောက်ရက်ရက်စက်စက်ရှုံး
တော့စိတ်မကောင်းလိုက်တာ။မာရာဒိုနာရဲ့နည်းဗျူဟာညံ့
တာမို့ဒီလောက်ဖြစ်ရတာထင်တာဘဲ။စပိန်နည်းပြက
ဘယ်လိုကစားရမယ်ဆိုတာသိတယ်။ကျွန်မကအရင်ထဲက
ဘာစီလိုနာနဲ့မက်ဆီကိုအားပေးတာ။ခုတော့စပိန်ကိုဘဲပြောင်းပြီအားပေးနေရတယ်။ဒါပေမယ့်အာဂျင်တီး
နားကိုဘဲရစေချင်တာ။ကိုမြစ်ကျိုးအင်းပြောသလို
လောင်းတိုင်းလဲနိုင်တာလဲပါပေမယ့်ရကိုရစေချင်တာ။
အဲ...
ဟိုနေရာမှာလည်း ဘော်လုံးပွဲ...
ဒီနေရာမှာလည်း ဘော်လုံးပွဲ...
နတ်သမီးရဲ့ဖေဖေက အရင်က “မီးရထားပို့ဆောင်ရေးအသင်း”က ဘော်လုံးအသင်းခေါင်းဆောင်လေ..။
အခုတော့ဆုံးသွားပါပြီ..
မှတ်မိနေပါသေးတယ်..
ဖေဖေ ဘော်လုံးပွဲသွားကြည့်ရင် နတ်သမီးအမြဲလိုက်လိုက်သွားတယ်..ဘော်လုံးပွဲကြိုက်လို့တော့မဟုတ်ဘူး...
ဘော်လုံးပွဲလာကြည့်တဲ့သူတွေကြားမှာ လိုက်ရောင်းတဲ့ မုန့်တွေကို တခုပြီးတခုစားရလို့..ဟီးဟီး..
ahphyulay said…
ပထမ ဆုံး မမျှော်လင့် တဲ့  ဂိုး မှာ ဦးကြိုး သွားတာပါ။
ပွဲ ကို လည်း ရှိန်နေပုံ ရပါတယ်။ နိုင်ချင်လွန်းအားကြီး
လို့  ရှုံး မှာ ကို အကြောက်လွန်ပြီး ပရက်ရှာ မိသွား
တာ နေမှာပါ။တစ်ဖက် နည်းပြ က ဒါကို ကောင်းကောင်း
အသုံးချ သွားပါတယ်။ ဘဝ ရဲ့  တိုက်ပွဲ များစွာလဲ
ဒီလို ဒီတိုင်းပဲ ရုန်းကန် နေရမှာ ပါ နော်..
ဟုတ်တယ် အနော်လည်းတင်းနေတာ သူတို့ ကသူတို့ကိုယ် သူတို့ မာရာဒိုနာ လို့ အားလုံးကထင်နေတာကိုး လူမှ ပေးမကစားတာ..ဘာမှန်းလည်းမသိဘူး
Anonymous said…
အဲ့လိုပါပဲ လင်းတိုင်းတို့ ကြိုက်တဲ့အသင်းက ကို့ယို့ကားယားကြီးနဲ့ ပြန်သွားရတာ ဘောလုံးပွဲဆက်ကြည့်နေပေမယ့် ရင်ထဲမှာ ဟာတာတာကြီးနှင့်ပြီးဆုံးသွားခဲ့တယ်...
ဖြစ်နိုင်ရင် အဲ့အသင်းကိုခေါ်လာပြီး ရော့ ဖလားလို့ ချိုးနေကြ ရေချိုးခွက်ဖလား ပေးလိုက်ချင်သည်။ ဒါလည်း နောက်ဆုံးနည်းလေ.. ဟုတ်ဖူးလား မွန်ရဲ့....း)))

ခင်မင်မှုများဖြင့်
စိုင်း

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား