12/24/2011

သိုးမွှေးတဘက်ထိုးနည်း

ချစ်စရာကောင်းတဲ့ ဒီဇင်ဘာအတွက် အမှတ်တရ အဖြစ် သိုးမွှေးထိုးနည်းလေး သင်ပေးမယ်။ မိန်းကလေးတိုင်း စိတ်ဝင်စားတဲ့ အရာတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ငယ်ငယ်လေးကထည်းက ဝါသနာပါခဲ့ပါတယ်။ အကြိမ်ကြိမ် အခါခါ သင်ဖူးပေမယ့် တစ်ခါမှ တဘက်တစ်ထည် ဖြစ်မြောက်အောင် မထိုးခဲ့မိဘူး။ ဒီနည်းလေးနဲ့မှ တဘက်တစ်ထည် ဖြစ်မြောက်သွားတယ် ဆိုပါတော့။ အရမ်းလွယ်လို့ မျှဝေလိုက်ပါတယ်နော်..။

၁။

ကြိုးလေးတွေကို ရစ်ဖို့ ပုံမှာ ပြထားတဲ့ တိုင်ခုံလေးတစ်ခု လိုပါမယ်။ ဒီမှာတော့ စာအုပ်ဆိုင်၊ သိုးမွှေးထိုးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။

၂။
သိုးမွှေးထိုး အပ်တစ်ချောင်း လိုပါမယ်။


၃။
နောက် ကိုယ်သုံးမယ့် သိုးမွှေးချည် ပေါ့။
ချည် အပွ အကျစ် အပေါ် မူတည်ပြီး အပေါ်မှာ ပြထားတဲ့ တိုင်ခုံလေးတွေကို ရွေးရမယ်။ အပွဆိုရင် တိုင်ကျဲတာကို သုံးပေါ့။ ကျွန်မတော့ နားမလည်ရင် သိုးမွှေးချည်တွေ ရောင်းတဲ့ ဆိုင်က အဖွားအိုကိုမေးပါတယ်။ ၄။
ဒီသုံးမျိုးလုံး ပြည့်စုံပြီ ဆိုရင်တော့ သိုးမွှေးစထိုးလို့ရပါပြီ။ ပထမဆုံး တိုင်ခုံလေးပေါ်မှာ သိုးမွှေးကြိုး အတိုအစလေးတစ်ချောင်းကို ခင်းထားလိုက်ပါ။
၅။
ရှေးဦးစွာ စထိုးမယ့် ချည်လုံးရဲ့ ကြိုးအစလေးကို ခေါက်တုတ်ချီလိုက်ပါ။
၆။
ခေါက်တုတ် ကြိုးကွင်းလေးကို တိုင်ခုံလေးရဲ့ အစမှာ စွပ်ထားပြီး သိုးမွှေးစထိုးပါပြီ။ ၇။
တစ်ဘက်တစ်ချက် ရစ်ပါတ်သွားပါ ။ တိုင်ဆုံးတဲ့အထိ။
၈။
တိုင်အဆုံးထိ ရောက်သွားပြီဆိုရင် ခုံမှာ နှစ်ပါတ် သုံးပါတ်လောက် ရစ်ပါတ်ပြီး ချီထားလိုက်ပါ။ ကြိုးမပြေအောင်ပါ။

၉။
ကြိုးကို အောက်ခြေထိရောက်အောင် ဖိချလိုက်ပါ။ ၁၀။
အောက်မှာ ခင်းထားတဲ့ ကြိုးစလေးကို စုပြီး ချီလိုက်ပါ။


၁၁။
နံပါတ် ၈မှာ ပြထားတဲ့ ကြိုးရဲ့ အဆုံးကနေ အရှေ့တစ်ဘက်သို့ ပြန် ရစ်လာပါ။၁၂။
အပေါ်အောက် နှစ်ကြိုး ဖြစ်သွားပြီ ဆိုရင် အောက်ဘက်က ကြိုးကို သိုးမွှေးထိုး အပ်နဲ့ အပေါ်ကို မယူလိုက်ပါ။၁၃။ အောက်နှစ်ဘက်လုံးက ကြိုးကွင်းလေးတွေ အားလုံးကို အပေါ်ဘက်သို့ မယူပေးပါ။ ၁၄။ လက်နဲ့ဖိချပေးပါ။၁၅။
အောက်ဆုံးမှာ ချီထားတဲ့ ကြိုးစလေးကို ဆွဲတင်းပေးပါ။ ၁၆။
နံပါတ် ၁၁မှ နံပါတ် ၁၅အထိ ပုံမှာပြထားသည့် အတိုင်း ပြုလုပ်သွားရုံပါပဲ။၁၇။
လိုသလောက် အရှည် ရပြီဆိုရင် အနားသပ်ပါတော့မယ်။၁၈။ ပုံမှာပြထားတဲ့အတိုင်း အဆုံးသပ်မယ့် နံပါတ်တစ်ကြိုးကွင်းလေးကို သိုးမွှေးထိုးအပ်လေးနဲ့ မယူလိုက်ပါ။ ထိုနောက် နံပါတ်နှစ် ကြိုးကို နံပါတ်တစ်ကြိုင်းကွင်းလေးထဲကနေ အပြင်ဘက်သို့ ဆွဲထုတ်လိုက်ပါ။ ပြီးတော့ သုံး လေး ငါး ...တိုင် သုံးဆယ်လေးတိုင် မြောက်အထိ ဆွဲထုတ်သွားယုံပါပဲ။
၁၉။ ကြိုးစလေးကို ထုတ်ပြီးရင် အဆုံးသတ် အနားတစ်ဘက် ပြီးသွားပါပြီ။ ပထမဆုံး အစပိုင်းက အနားတစ်ဘက်ကိုလည်း အပေါ်မှာ ပြထားသလို တစ်ကွင်းနဲ့ တစ်ကွင်းကို ဆွဲထုတ် သွားယုံပါပဲ။


၂၀။
အားလုံး ပြီးသွားရင် ကြိုးအပိုင်းအစလေးကို ဆွဲထုတ် လိုက်ရင် သိုးမွှေးတဘက်တစ်ထည် ရပြီပေါ့။
ချစ်စရာကောင်းတဲ့ ဒီဇင်ဘာအတွက် အမှတ်တရပါ။ လွယ်ကူမယ်လို့ မျှော်လင့်ပါတယ်နော်..။ နားမလည်ရင် ကော်မန့်မှာ မေးခဲ့နိုင်ပါတယ်။ ရှင်းပြပါ့မယ်နော်:))။

****HAPPY MARRY CHRISTMAS & HAPPY NEW YEARS FOR ALL****

ချစ်ခင်လေးစားလျှက်
မြတ်မွန်

21 comments:

Angelhlaing(May everybody be happy and healthy! said...

Merry Christmas & Happy New Year....ပါ မမရေ...

Anonymous said...

မွန်ရေဟုတ်တယ် ချစ်စရာကောင်းတယ်။ ကြည့်ရတာလွယ်မလိုလိုနဲ့ခက်တယ်ကွယ် ပစ္စည်းမှမရှိတာ။
လွယ်ကူလျှင်မြန်လိုက်တာ မိုးသူငယ်ချင်းလေးသိပ်တော်တာပဲ။


မွန်းလေး စိတ်ရောကိုယ်ပါပျော်ရွှင်အေးချမ်းပြီး
သာယာချမ်းမြေု့တဲ့နှစ်သစ်လေးကိုပိုင်ဆိုင်ပါစေရှင်းးး
မိုး

ခရစ္စတလ် said...

ထိုင်းမှာတော့ ဒါမျိုးတွေ ထိုးကြပါ့။

ကိုယ်တိုင်လည်း ထိုးတတ်ချင်ပါတယ် လက်ဆောင်ပေးရမယ့်သူမရှိလို့ :P

Happy Christmas Eve နော်

မြတ်မွန် said...

ဟုတ် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ ဂျယ်ဂျယ်ရေ...

မိုးလေးရေ..ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..
မိုးလည်း ချမ်းမြေ့ပါစေနော်..

ခရစ္စတယ်ရေ..
ကိုယ်တိုင်ထိုးရတဲ့ အရသာ မဆိုးဘူး စမ်းကြည့်ပါ..။
ဟက်ပီးခရစ်စမတ်ပါနော်..

blackroze said...

အဟီးးး အဲဒီနည်းကိုစိတ်ဝင်စားတယ်မွန်..
တနေ့လောက်ချိန်းပြီးသင်ပေးနော်..

San San Htun said...

ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့ နှစ်သစ် ဖြစ်ပါစေ မွန်

ညီရဲ said...

ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့ လေး ဖြစ်ပါစေ မွန်ရေ...

မြတ်မွန် said...

အိုကေ သင်ပေးမယ်နော်..ပစ်..

ကိုsan htun & ညီရဲရေ..ကျေးဇူးတင်ပါတယ်နော်..

sosegado said...

ဘယ်သူ့အတွက်ထိုးမှာလဲ?
ကံကောင်းသူ ဘယ်သူလဲ?
:D
ပျော်ရွှင်ပါစေ၊
Merry Christmas

Anonymous said...

အိုး...မွန်က ဒါတွေလည်းရတာပဲလား....တော်ချက်... :))

မဲရီးခရစ်စမတ်လို့ နောက်ကျမှအော်သွားတယ်။

ချစ်တဲ့
ဂျင်း

ုမြတ်မွန် said...

ကိုဆိုဆီရေ..သိချင်ရင် ဝယ်ဖတ်နော်..:P

*ဂျင်းလေးရေ..ကျေးကျေး..<3

မောင်သီဟ said...

သားတော့ သိုးမွေးမထိုးတတ်ပေါင်
အခြေနေပေးရင်တော့ သင်အုံးမယ်
တား ဂျစ်တူလေးကို အနွေးထည်ထိုးပေးမလို့
အမြဲတမ်းနွေးထွေးမှုပေးနိုင်အောင်လို့လေ
း)
း)

Anonymous said...

အစပိုင်းတော့နည်းနည်းနားလည်တယ်အစ်မ
အဆင်ပြေမယ်ဆို
ဘီဒိုဖိုင်လေးနဲ့.တင်ပေးလို့ရနိုင်မလားရှင်
နယူးရီးယားမှာ..ဟက်ပီးနိုင်ပါစေး)

ချစ်ခင်စွာဖြင့်
မိစံ

Mamoonn said...

http://www.youtube.com/watch?v=J2PC9P-4roY&NR=1&feature=endscreen
sis မိစံရေ..ကြည့်လို့ရအောင် လင့်လေးတစ်ခု ရှာပေးလိုက်တယ်နော်..အဆင်ပြေပါစေ..။:)

ပေါ့ဆိမ့် said...

မွန်ရေ ...
သိုးမွှေးတဘက်ထိုးနည်း လေး လာစပ်စု သွားတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဘဝမှာ တတ်မြောက်ချင်တဲ့ ပညာရပ်တွေအထဲမှာ သိုးမွေးထိုးတာလေးလည်းပါတယ်။ အချိန်တစ်ခုပေး သင်ယူပြီး ကိုယ်ချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ထိုးပေးချင်မိတယ်။

Libratun said...

Pretty good. Looks beautiful. Clever, since when could you do such things.. ;)

ငြိမ်းစိုးဦး said...

Merry Christmas & Happy New Year...

မြသွေးနီ said...

မွန်က ဒါမျိုးလည်း ရသားနော်...။ အားကျမိတယ်။
ပုံလေးတွေနဲ့ ပြထားတော့ စိတ်ဝင်စားစရာ။ တကယ်လုပ်ကြည့်ရင်တော့ ခက်မယ့်ပုံ။ အဲ့ဒီဘက်မှာ ပါရမီနည်းတယ်.. :)

မြစ်ကျိုးအင်း said...

တဆင့်ချင်းကို ဓါတ်ပုံရိုက်ထားတာပဲ။ စိတ်ရှည်တယ်နော်။
ဒါထက် လက်ဆောင်ပေးဖို့ ထိုးတာလားခင်ဗျ :)

ချစ်စံအိမ် said...

မမရေ လမင်းစမ်းလုပ်ကြည့်မယ်နော်
ကျေးဇူးတင်ပါတယ် မပစ်ပစ်လင့်လေးပေးလို့
ပုံကြည့်သွားတာတော့လွယ်သလိုပဲ
ဟိဟိဟိ လုပ်တော့နဲနဲခက်တယ်:)