မျက်မမြင်ရဲ့ပန်းခင်းလေး
လှပတဲ့ ပန်းပင်းလေးတွေ ဝိုင်းရံထားတဲ့ အိမ်ကလေး တစ်လုံးထဲမှာ မျက်မမြင် တစ်ယောက် နေထိုင်တယ်။ ပန်းခြံလေးထဲမှာ ရှိတဲ့ ပန်းကလေးတွေက မျက်မမြင်ရဲ့ အချိန်ပေးပြီး တယုတယ ပြုစုမှုကြောင့် သာယာလှပလို့ နေတယ်။ နွေမိုးဆောင်း သုံးရာသီလုံး သူ့ရဲ့ ပြုစုယုယမှုလေးတွေကြောင့် ပန်းပင်လေးတွေ က တစ်ဖြေးဖြေးများလာပြီး ပန်းပင်လယ်ကြီး တဖွယ် ဖြစ်လာတယ်။ ပန်းခြံအနီးအနား တစ်ဝိုက် ဖြတ်သွားသန်းသွားလာကြတဲ့ လမ်းသွားလမ်းလာ မှန်သမျှက မျက်မမြင်ရဲ့ ပန်းခင်းလေးကို ကြည့်ပြီး စိတ်ဝင်စားကြတယ်။
တစ်နေ့တော့ လမ်းသွားလမ်းလာ တစ်ယောက်က မျက်မမြင်ကို မေးတယ်။
“ ဒီလို လှပတဲ့ ပန်းပင်လေးတွေကို ပြုစုယုယနေတာ ဘာအတွက်လဲ။ မင်းမှ ဒီပန်းပင်လေးတွေရဲ့ အလှအပကို မမြင်နိုင်တာ ”
ထိုလူရဲ့ အမေးစကားကို မျက်မမြင်က ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။
“ငါ့မှာ အဖြေ၄ခု ရှိပါတယ်။ တစ် ငါဒီလို ပန်းလေးတွေကို ပြုစုရတဲ့ ဥယာဉ်မှုးအလုပ်ကို နှစ်သက်ပါတယ်။ နှစ် ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေကို ကိုင်တွယ်ခွင့်ရတယ်။ သုံး ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေရဲ့ ရနံကို ငါနမ်းရှိုက်ခွင့်ရတယ်။ နံပါတ်လေး ကတော့ ခင်ဗျား ကိုသိခွင့်ရပါတယ် ”
“ခင်ဗျား မှ ကျုပ်ကို မသိတာ” လို့ လမ်းသွား ခရီးသည်က ပြန်ဖြေတယ်။
သဘာဝရဲ့ လှပသာယာမှုတွေကို မြင်တွေ့ရတဲ့ အခါ လူတိုင်းရဲ့ရင်ကို ကြည်နူးစေပါတယ်။ တစ်ချို့သော အလှအပတရားတွေက မျက်စိနဲ့ မမြင်နိုင်ပေမယ့် နှလုံးသားက ခံစား နားလည် ပုံဖော်လို့ရပါတယ်။ လူသားတိုင်းရင်မှာ အလှအပတရားတွေကို ခံစားနားလည်တက်တဲ့ နွေးထွေးတဲ့ နှလုံးသားတစ်စုံ ရှိကြမယ်လို့ ထင်ပါတယ်။
Comments
းဝ)
မွန်ရဲ့ ပို့စ်လေးက ဖြစ်နိုင်ခြေမရှိတဲ့ ကျနော့်ရဲ့ မိုးတိမ်တွေထဲမှာ တိုက်ဆောက်နေတဲ့ အတွေးစိတ်ဓါတက်ကို မြင့်တင်ပေးနေသလိုပါ..။
ပို့လေးက ဖတ်လို့ကောင်းတယ် ဆက်ရေးပါ အမြဲလာအားနေပါတယ်...
ခင်တတ်ပါတယ် မင်တတ်ပါတယ်း)
နံပါတ်လေး အဖြေလေးက အာရုံတစ်ပါး ပျောက်ဆုံးနေတဲ့ မျက်မမြင်တစ်ယောက် အတွက် သိပ်ကောင်းတဲ့ အဖြေလေးပါပဲ။
အလှအပတရားတွေက မျက်စိနဲ့ မမြင်နိုင်ပေမယ့် နှလုံးသားက ခံစား နားလည် ပုံဖော်လို့ရပါတယ်.. ဆိုတာ ..
ဟုတ်ပါတယ်.....
လူသားတိုင်းရင်မှာ အလှအပတရားတွေကို ခံစားနားလည်တက်တဲ့ နွေးထွေးတဲ့ နှလုံးသားတစ်စုံ ရှိကြမှာပါ...။ အားနည်းတာနဲ့ အားကောင်းတာ ဒီနှစ်ခုပဲကွာမှာပါ....။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျား.....။
ခင်မင်တဲ့
ဏီလင်းညို
အဲဒါ အမှန်ပါပဲ မွန်ရေ...
ချစ်တဲ့
ဒီကိုလာဖတ်ရင်း ဒီမှာပဲဝင်မန့်သွားတယ် နော်
ခင်တဲ့(ချိုကျ)
တစ်ချို့ကိုလည်း ဒါနဲ့ ဆန့်ကျင်ဘက်ပေါ့၊
မြတ်မွန် ပျော်ရွှင်ပါစေ၊
မျက်မမြင်လေးရဲ့ ပန်းခင်းလေးကို လာရောက်ခံစားသွားတယ်နော်
လူဘဝကြီးမှာ အာလုံးများ အဲလို စိတ်တွေရှိရင်ကောင်းမှာဘဲ
ခင်တဲ့
ရွှေစင်
သာယာချမ်းမြေ့ပါစေနော်
မိုး
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ..
ဒီပိုစ့်လေးထဲက အတိုင်း လူသားတိုင် ဒီလို အလှအတတရားတွေ ရှိနေကြရင် သိပ်ကောင်းမှာပဲနော်။ မျက်စိနဲ့ မမြင်နိုင်တဲ့ အလှတရားတွေ လောကကြီးမှာ အများကြီး ရှိနေနိုင်တာပဲ။
အသိပေးတဲ့ ပိုစ့်လေးအတွက် ကျေဇူးပါညီမလေးရေ..။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
မမြင်နိုင်တဲ့ မွှေးရနံ့တွေ....
လောကမှာ ရှိနေပါသေးတယ်....ဆိုတာ...
မျက်မမြင်ရဲ့ပန်းခင်းလေးက သက်သေပြလိုက်တာပါပဲ...
ဘာပဲဖြစ်ဖြစ် ဒီပို့(စ်)လေးကြောင်း
မမြတ်မွန်နဲ့ သိခွင့်ရတာပေါ့ ဟီး ကွိကွိ
ဒီပိုစ့်လေးကို အရမ်းဘဲ နှစ်ခြိုက်မိပါတယ်..
အတွေးတွေကို ပြန်လည်ဆင့်ပွားပြီး
ခံစားသွားမိပါတယ်..
လူတိုင်းမှာ နွေးထွေးတဲ့နှလုံးသားကိုယ်စီ
ရှိကြမယ်ဆိုရင် ကမ္ဘာကြီးက ပိုပြီး သာယာချမ်းမြေ့လာမယ်
ထင်ပါတယ်နော်..