4/18/2010

မျက်မမြင်ရဲ့ပန်းခင်းလေး

လှပတဲ့ ပန်းပင်းလေးတွေ ဝိုင်းရံထားတဲ့ အိမ်ကလေး တစ်လုံးထဲမှာ မျက်မမြင် တစ်ယောက် နေထိုင်တယ်။ ပန်းခြံလေးထဲမှာ ရှိတဲ့ ပန်းကလေးတွေက မျက်မမြင်ရဲ့ အချိန်ပေးပြီး တယုတယ ပြုစုမှုကြောင့် သာယာလှပလို့ နေတယ်။ နွေမိုးဆောင်း သုံးရာသီလုံး သူ့ရဲ့ ပြုစုယုယမှုလေးတွေကြောင့် ပန်းပင်လေးတွေ က တစ်ဖြေးဖြေးများလာပြီး ပန်းပင်လယ်ကြီး တဖွယ် ဖြစ်လာတယ်။ ပန်းခြံအနီးအနား တစ်ဝိုက် ဖြတ်သွားသန်းသွားလာကြတဲ့ လမ်းသွားလမ်းလာ မှန်သမျှက မျက်မမြင်ရဲ့ ပန်းခင်းလေးကို ကြည့်ပြီး စိတ်ဝင်စားကြတယ်။

တစ်နေ့တော့ လမ်းသွားလမ်းလာ တစ်ယောက်က မျက်မမြင်ကို မေးတယ်။

“ ဒီလို လှပတဲ့ ပန်းပင်လေးတွေကို ပြုစုယုယနေတာ ဘာအတွက်လဲ။ မင်းမှ ဒီပန်းပင်လေးတွေရဲ့ အလှအပကို မမြင်နိုင်တာ ”

ထိုလူရဲ့ အမေးစကားကို မျက်မမြင်က ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။

“ငါ့မှာ အဖြေ၄ခု ရှိပါတယ်။ တစ် ငါဒီလို ပန်းလေးတွေကို ပြုစုရတဲ့ ဥယာဉ်မှုးအလုပ်ကို နှစ်သက်ပါတယ်။ နှစ် ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေကို ကိုင်တွယ်ခွင့်ရတယ်။ သုံး ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေရဲ့ ရနံကို ငါနမ်းရှိုက်ခွင့်ရတယ်။ နံပါတ်လေး ကတော့ ခင်ဗျား ကိုသိခွင့်ရပါတယ် ”

“ခင်ဗျား မှ ကျုပ်ကို မသိတာ” လို့ လမ်းသွား ခရီးသည်က ပြန်ဖြေတယ်။

“ဟုတ်ပါတယ်။ ကျုပ် ခင်ဗျားကို မသိပါဘူး။ ကျုပ်ပန်းခြံနားက ဖြတ်သွားတဲ့ လမ်းသွား လမ်းလာ မှန်သမျှ ကျုပ်ရဲ့ ပန်းခြံလေးကိုကြည့်ပြီး စိတ်ချမ်းသာကြပါတယ်။ ထိုပန်းလေးတွေနဲ့ ပတ်သက်ပြီးကြောင့် ခင်ဗျားနဲ့ ဆွေးနွေးခွင့်ရပါတယ်။ ထိုအတူ ခင်ဗျားလိုပဲ တစ်ခြား လူတွေနဲ့ စကားပြောခွင့်ရလို့ မိတ်အဆွေ အပေါင်းအသင်းတွေ များလာပါတယ် ခင်ဗျာ” ပြန်ဖြေလိုက်တယ်။

သဘာဝရဲ့ လှပသာယာမှုတွေကို မြင်တွေ့ရတဲ့ အခါ လူတိုင်းရဲ့ရင်ကို ကြည်နူးစေပါတယ်။ တစ်ချို့သော အလှအပတရားတွေက မျက်စိနဲ့ မမြင်နိုင်ပေမယ့် နှလုံးသားက ခံစား နားလည် ပုံဖော်လို့ရပါတယ်။ လူသားတိုင်းရင်မှာ အလှအပတရားတွေကို ခံစားနားလည်တက်တဲ့ နွေးထွေးတဲ့ နှလုံးသားတစ်စုံ ရှိကြမယ်လို့ ထင်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

大鵬心靈小品 ထဲကပိုစ့်လေးတစ်ပုဒ်ပါ။

17 comments:

ကိုလူထွေး said...

ပန်းတွေလည်းမွှေးလို့ အပင်တွေလည်း သန်လို့ပါလား မြန်မွန်ရဲ့...

းဝ)

စိုင်း said...

ဟုတ်ပ ဟုတ်ပ လူတိုင်း ခံစား နားလည်နိုင်ပါတယ်..။
မွန်ရဲ့ ပို့စ်လေးက ဖြစ်နိုင်ခြေမရှိတဲ့ ကျနော့်ရဲ့ မိုးတိမ်တွေထဲမှာ တိုက်ဆောက်နေတဲ့ အတွေးစိတ်ဓါတက်ကို မြင့်တင်ပေးနေသလိုပါ..။

ပို့လေးက ဖတ်လို့ကောင်းတယ် ဆက်ရေးပါ အမြဲလာအားနေပါတယ်...

မြစ်ကျိုးအင်း said...

နွေးထွေးတဲ့ နှလုံးသာ ရှိပါတယ်
ခင်တတ်ပါတယ် မင်တတ်ပါတယ်း)
နံပါတ်လေး အဖြေလေးက အာရုံတစ်ပါး ပျောက်ဆုံးနေတဲ့ မျက်မမြင်တစ်ယောက် အတွက် သိပ်ကောင်းတဲ့ အဖြေလေးပါပဲ။

ညလင်းအိမ် said...

ဟုတ်တာပေါ့ ...
အလှအပတရားတွေက မျက်စိနဲ့ မမြင်နိုင်ပေမယ့် နှလုံးသားက ခံစား နားလည် ပုံဖော်လို့ရပါတယ်.. ဆိုတာ ..

ဏီလင်းညို said...

မြတ်မွန်ရေ......
ဟုတ်ပါတယ်.....
လူသားတိုင်းရင်မှာ အလှအပတရားတွေကို ခံစားနားလည်တက်တဲ့ နွေးထွေးတဲ့ နှလုံးသားတစ်စုံ ရှိကြမှာပါ...။ အားနည်းတာနဲ့ အားကောင်းတာ ဒီနှစ်ခုပဲကွာမှာပါ....။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျား.....။
ခင်မင်တဲ့
ဏီလင်းညို

အင်ကြင်းသန့် said...

''တစ်ချို့သော အလှအပတရားတွေက မျက်စိနဲ့ မမြင်နိုင်ပေမယ့် နှလုံးသားက ခံစား နားလည် ပုံဖော်လို့ရပါတယ်။''

အဲဒါ အမှန်ပါပဲ မွန်ရေ...

ချစ်တဲ့

ှုကယ်ကယ်သစ် said...

တယ်ရင်းဘာသာပြန်တာ ဟုတ်လှချည်လားး)
ဒီကိုလာဖတ်ရင်း ဒီမှာပဲဝင်မန့်သွားတယ် နော်

ချိုကျ said...

နှလုံးသားနဲ့ခံစားပြီး ပေးဆပ်မှု့ တွေကိုမြင်တွေ့ခွင့်ရတဲ့ အတွက် ကျေးဇူးပဲ မြတ်မွန်ရေ...ဖတ်လို့ကောင်းပ
ခင်တဲ့(ချိုကျ)

sosegado said...

အဲဒီ မျက်မမြင် တစ်ယောက်လို ခံစားမိပါတယ်၊ အသံမကြားဘူး၊ လူမမြင်ဘူးပေမဲ့ ခင်မင်မိပါတယ်၊
တစ်ချို့ကိုလည်း ဒါနဲ့ ဆန့်ကျင်ဘက်ပေါ့၊
မြတ်မွန် ပျော်ရွှင်ပါစေ၊

SHWE ZIN U said...

ညီမရေ

မျက်မမြင်လေးရဲ့ ပန်းခင်းလေးကို လာရောက်ခံစားသွားတယ်နော်
လူဘဝကြီးမှာ အာလုံးများ အဲလို စိတ်တွေရှိရင်ကောင်းမှာဘဲ

ခင်တဲ့
ရွှေစင်

noblemoe said...

လူသားတိုင်းရင်မှာ အလှအပတရားတွေကို ခံစားနားလည်တက်တဲ့ နွေးထွေးတဲ့ နှလုံးသားတစ်စုံ ရှိကြတာမလွဲပါဖူး လေ တချို့ တချို့ သောအရာတွေက တကယ့်ကို နှလုံးသားနဲ့သာခံစားလို့ ရတယ်လေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ဒဏ္ဍာရီ said...

မွန်ညီမလေးရေ..... လင့်ပျောက်နေလို့ ခုမှ ပြန်ချိတ်လိုက်ရတယ်နော်။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ..

ဒီပိုစ့်လေးထဲက အတိုင်း လူသားတိုင် ဒီလို အလှအတတရားတွေ ရှိနေကြရင် သိပ်ကောင်းမှာပဲနော်။ မျက်စိနဲ့ မမြင်နိုင်တဲ့ အလှတရားတွေ လောကကြီးမှာ အများကြီး ရှိနေနိုင်တာပဲ။
အသိပေးတဲ့ ပိုစ့်လေးအတွက် ကျေဇူးပါညီမလေးရေ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အဖြူရောင်နတ်သမီး said...

မမြင်နိုင်တဲ့အလှတရားတွေ....
မမြင်နိုင်တဲ့ မွှေးရနံ့တွေ....
လောကမှာ ရှိနေပါသေးတယ်....ဆိုတာ...
မျက်မမြင်ရဲ့ပန်းခင်းလေးက သက်သေပြလိုက်တာပါပဲ...

Unknown said...

ကိုယ်စိုက်တဲ့ပန်းလေးတွေ ကိုယ့်အတွက် မွှေးနေရင်ပဲ ကျေနပ်ဖို့ကောင်းနေပါပြီဗျာ...

blackcoffee said...

အားနည်းချက်တွေရှိပေမယ့် ဘဝကိုအရှုံးမပေးပဲ အကောင်းဆုံး ဖြတ်သန်းနေတဲ့ မျက်မမြင်ကို အားကျမိတယ်။လူတိုင်းရောက်ရှိနေတဲ့ ဘဝမှာ အကောင်းဆုံး ရပ်တည်နိုင်ဖို့ လိုတယ်။ဒီပို့ စ်လေးအတွက် ကျေးဇူးပဲ မြတ်မွန်ရေ....

ငဏီ said...

ဘာသာ ပြန်တာလည်း တော်တာပဲနော်..
ဘာပဲဖြစ်ဖြစ် ဒီပို့(စ်)လေးကြောင်း
မမြတ်မွန်နဲ့ သိခွင့်ရတာပေါ့ ဟီး ကွိကွိ

Anonymous said...

အဓိပ္ပါယ်လေးနက်ပြည့်ဝလှတဲ့
ဒီပိုစ့်လေးကို အရမ်းဘဲ နှစ်ခြိုက်မိပါတယ်..
အတွေးတွေကို ပြန်လည်ဆင့်ပွားပြီး
ခံစားသွားမိပါတယ်..
လူတိုင်းမှာ နွေးထွေးတဲ့နှလုံးသားကိုယ်စီ
ရှိကြမယ်ဆိုရင် ကမ္ဘာကြီးက ပိုပြီး သာယာချမ်းမြေ့လာမယ်
ထင်ပါတယ်နော်..