ရယ်ရယ်မောမော

မယူခင်ကတည်းက
ကောင်မလေး။ ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် အရက်ဖြတ်မှာလား။
ကောင်လေး။ မင်း ဖြတ်စေချင်ရင် ဖြတ်ပါ့မယ်။

ကောင်မလေး။ ဒါဆိုရင် ဆေးလိပ်သောက်တာလည်း ဖြတ်ရမယ်နော်။
ကောင်လေး။ အင်း....မင်းသဘောလေ။ ဖြတ်ပါ့မယ်။

ကောင်မလေး။ ညဘက်တွေ အပြင်ထွက်တဲ့ အကျင့်ကိုလည်း ဖြတ်ရမယ်။
ကောင်လေး။ (ဒေါသသံဖြင့်) အေးကွာ... ဖြတ်မယ်။

ကောင်မလေး။ ဒါဆို အကုန် ဖြတ်ရမယ်နော်။
ကောင်လေး။ ဖြတ်မယ်ဟေ့။ မင်္ဂလာဆောင်မယ့်နေ့ကိုပါ ဖြတ်မယ်။
~~~~~~~~~~~~~~~~~~~~~
ကြက်တူရွေး


လေလံပွဲတစ်ပွဲတွင် လူတစ်ယောက်က ကြက်တူရွေး တစ်ကောင်ကို လေလံဆွဲသည်။
“၃၀၀”
“၃၅၀ ” ဟု ဈေးပြိုင်ပေးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူမှ ဈေးထက်တိုးပေးသည်။
“၄၀၀”

“၅၀၀” ဟု တဘက်မှ ထပ်တိုးပေးပြန်သည်။
“၆၀၀”
“၇၀၀”
အပြိုင်အဆိုင် ဈေးပြိုင်ပေးရင်းဖြင့် နောက်ဆုံး ကြက်တူရွေးကို ၉၀၀၀ ဖြင့် ထိုလူရရှိသွားသည်။
“ဒါထက်.. ဒီကြက်တူရွေးက စကားရော ပြောတတ်ရဲ့လား။”

“ပြောတတ်ပါတယ်ဗျ။ ခုနကတောင် ခင်ဗျားနဲ့ ဈေးအပြိုင်ပေးနေသေးတယ်လေ”

~~~~~~~~~~~~~~~~~~~~~
လက်မှန်လာလို့ပါ

ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂၀ အရောက်တွင် ကွာရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ မိတ်ဆွေများက ယောကျာ်းဖြစ်သူကို ဝိုင်းတားကြသည်။

“နှစ်ပေါင်းများစွာပေါင်းလာပြီးမှ ဆက်ြပီးသည်းခံလိုက်ပါကွာ။ မင်းမိန်းမ အကြောင်းလည်း သိနေတာပဲ။ ”
“မင်းတို့ဘာသိလို့တုန်းကွ။ ငါ့မိန်မက တစ်ဖြေးဖြေး လက်တည့်လာပြီ။ ”
~~~~~~~~~~~~~~~~~~~~~

ကျောင်းအုပ်ကြီး

မနက် ၇နာရီခွဲတွင် အမေက သားဖြစ်သူကို နှိုးသည်။
အမေ။ ထတော့လေ။ ကျောင်းနောက်ကျတော့မယ်။
သား။ အမေ ကျွန်တော် ကျောင်းမသွားပါရစေနဲ့..။
အမေ။ ဟဲ့ ဘာဖြစ်လို့လဲ..။
သား။ ကျောင်းက ကလေးတွေက ကျွန်တော်ကို မကြိုက်ကြဘူး။ ဆရာ၊ဆရာမတွေကလည်း အမြင်ကပ်နေပုံပဲ။ ကျောင်းစောင့်က အစ..။
အမေ။ မင်း အပိုတွေ ပြောမနေနဲ့။ ကျောင်းအုပ် လုပ်တာပဲ အနှစ် ၂၀ ရှိတော့မယ်။
~~~~~~~~~~~~~~~~~~~~~
ခဏတော့စောင့်ပါ

လူ။ နတ်မင်းကြီးခင်ဗျာ..နှစ်ပေါင်းတစ်ရာက နတ်မင်းကြီးအတွက် ဘယ်လောက်ကြာလဲခင်ဗျ။
နတ်။ တစ်မိနစ်လောက်ပဲ ကြာတာပေါ့။
လူ။ ဒါဆို ငွေသိန်းတစ်ရာကရော..။
နတ်။ အကြွေစေ့ တစ်စေ့လောက်ပဲ ရှိတာပေါ့။
လူ။ ကျွန်တော့်ကို အဲဒီအကြွေစေ့ တစ်စေ့လောက် ချေးပါလား။
နတ်။ အေး ချေးမယ်။ တစ်မိနစ်စောင့်။

~~~~~~~~~~~~~~~~~~~~~

လစ်မလားလို့


လူတစ်ယောက် မီးပွင့်နီနေသည်ကို ဆိုင်ကယ်နှင့် ဖြတ်ကူးသည်ကိုတွေ့တော့ ရဲက လှမ်းတားသည်။
ရဲ။ မင်း မီးပွင့်နီနေတာကို မတွေ့ဘူးလား။
လူ။ တွေ့ပါတယ်။
ရဲ။ ဒါဆို ဘာလို့ ဖြတ်မောင်းတာလဲ။
လူ။ ဆရာ့ကို မတွေ့လို့ပါ..။
~~~~~~~~~~~~~~~~~~~~~
အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။
ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”
~~~~~~~~~~~~~~~~~~~~~

အေးဆေးပါ
တက်စီကားတစ်စီးပေါ်ကို လူတစ်ယောက် တက်လာတယ်။
“ကားဆရာ လေယာဉ်ကွင်းကို မြန်မြန်လေး မောင်းပေးပါ။”
“လေယာဉ်ချိန်က ဘယ်အချိန်လဲ။”
“၁၀နာရီ၂၀ပါ။”
“ဒါဆို ဘယ်မှီတော့မလဲ။ အခုပဲ မိနစ် ၂၀ ကျော်နေပြီ။ လေယာဉ်က ခင်ဗျားကို ဘယ်စောင့်တော့မလဲ။ ”
“မောင်းမှာသာ မြန်မြန်မောင်းပါ။ ကျွန်တော်က အဲဒီလေယာဉ်မောင်းမယ့် လူပါ။ ”
~~~~~~~~~~~~~~~~~~~~~
ရယ်မောခြင်းက အသက်ရှည်စေ၏ ။ ဖတ်ဖူးသည့် တရုတ်ဟာသ ကောင်းနိုးရာရာလေးတွေကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ သူငယ်များအားလုံး ပျော်ရွှင်စွာ ရယ်မောနိုင်ကြပါစေရှင်..။

ချစ်ခင်လေးစားစွာ
မြတ်မွန်

Comments

San San Htun said…
ပျော်ရွှင်စွာ ရယ်မောသွားပါတယ် :D
ရီရတယ်ဗျိုး
ဟီးဟီး..အားရပါးရ ရယ်သွားပါတယ်ဗျာ။။။။
လာရောက်ရယ်မောသွားပါတယ်ညီမလေး။
ahphyulay said…
ဟားဟားဟား...
အမူးသမားရယ်၊ လက်တည့် လာတာရယ်
အိမ်သာ တက်တာရယ်ကို
အစဉ်လိုက်ကြိုက်ပြီး
ရယ်မိသွားပါသည်။
( ရယ်အောင်လုပ်နိုင်ခဲ့ သည်)
ထပ်၍ ရှာပါအုံး..။
ရယ်ချင်ရင် ပိုက်ဆံပေးပြီး လုပ်တာတောင်
မရနိုင်တာလေ..။
ဟားဟား..ကြံကြံဖန်ဖန်ရယ်..ရီရတယ် တကယ်..
အဲဒီလို တိုတိုလေးနဲ့ ထိရောက်တဲ့ ဟာသတွေ သိပ်ကြိုက်ပေါ့ဗျာ။
နောက်ထပ် ကောင်းနိုးရာရာလေးတွေ ရေးဖို့ အားပေးပါတယ်ခင်ဗျာ။
ပျော်ရွှင်စွာရယ်မောသွားပါတယ် မမြတ်မွန်ရေ...။


ခင်တဲ့
noblemoe said…
;))))))))))))))
ခဏစောင့်ပါနဲ့ လစ်မလားလို့ ကိုဘောကျတယ်။
မိုးလည်းအလစ်မပဲလေ ဘဲဥလစ်ရင်လစ်သလို ပေါ့
ခုတော့ မျဉ်းဂျားတောင်ရှာမတွေ့ ပါ။ ဘယ်လို ကူးရမှန်းမသိ လမ်းကူးရမှာလည်းကြောက် စရာကြီးဖြစ်နေပြီ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး
blackroze said…
မွန်..

လာဖတ်သွားတယ်နော်..

ဘာတွေလုပ်နေလဲမွန်

သတိရတယ်...
လသာည said…
အလုပ်ရှူပ် စိတ်ရှူပ်နေတာ အတော်ပဲ.
အခု ညီမလေးရဲ့ ဟာသလေးတွေနဲ့ အမောပြေသွားပြီကွာ :D
Anonymous said…
အလွမ်းမြို့လေး


မြတ်မွန်ရေ..ပိုစ်လေးတွေက သိပ်ကောင်းကွယ်. အလည်လာသွားတယ်နော်။ စာတွေလည်းဖတ် သွားတယ်။
ပျော်ရွှင်စွာ ရယ်မောရအောင် အိမ်ထိပြန်သယ်သွားပါသည်။
သူငယ်ချင်းတွေနဲ့ အားပါတရ ရယ်လိုက်အုံးမယ်... အဟိဟိ....

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား