မမက “လမင်း”ဆိုရင်
ညီမလေးက ကြယ်လေးပေါ့။
ဟင့်အင်း
ညီမလေးက “တိမ်”
လမင်းကြီးက
ကြယ်လေးတွေကို ချစ်တယ်လေ ညီမလေးရဲ့။
ထွန်းလင်းတောက်ပနေတဲ့“ကြယ်”
မဖြစ်ချင်ပါဘူး မမရာ။
တိမ်မဖြစ်ချင်စမ်းပါနဲ့ညီမလေးရယ်
လမင်းကို တိမ်က အနှောင့်အယှက်ပေးနေတာ
အမြင်မှားနေတာ မမရဲ့
တိမ်ကလမင်းကို ကာကွယ်ပေးထားတာ။
အို ဘယ်ကလာ
တိမ်ဖုံးပါလို့ လမသာလေ ညီမလေးရဲ့
လူတွေက လမင်းရှိရက်နဲ့တောင်
လရဲ့အလင်းရောင်ကို အရေးမစိုက်ကြဘူးလေ
ဒါပေမယ့် လမင်းက
အလင်းရောင်ပဲ ပေးစွမ်းချင်တာ သူ့စေတနာပေါ့ညီမလေးရယ်
အဲဒီတော့ တိမ်ကကာကွယ်ပေးထားတယ်
လရောင်ပျောက်ဆုံးသွားမှ
လူတွေကတောင့်တကြတာပါ။
ဒါဆိုရင်
ကြယ်လေးတွေကိုချစ်သလို
ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးတဲ့
တိမ်ကလေးကိုလည်းချစ်တာပေါ့
တိမ်တွေ ကာကွယ်ပေးတဲ့နေ့တွေဆို
လမင်းအနားရတာပေါ့နော်။
ညီမလေးက ကြယ်လေးပေါ့။
ဟင့်အင်း
ညီမလေးက “တိမ်”
လမင်းကြီးက
ကြယ်လေးတွေကို ချစ်တယ်လေ ညီမလေးရဲ့။
ထွန်းလင်းတောက်ပနေတဲ့“ကြယ်”
မဖြစ်ချင်ပါဘူး မမရာ။
တိမ်မဖြစ်ချင်စမ်းပါနဲ့ညီမလေးရယ်
လမင်းကို တိမ်က အနှောင့်အယှက်ပေးနေတာ
အမြင်မှားနေတာ မမရဲ့
တိမ်ကလမင်းကို ကာကွယ်ပေးထားတာ။
အို ဘယ်ကလာ
တိမ်ဖုံးပါလို့ လမသာလေ ညီမလေးရဲ့
လူတွေက လမင်းရှိရက်နဲ့တောင်
လရဲ့အလင်းရောင်ကို အရေးမစိုက်ကြဘူးလေ
ဒါပေမယ့် လမင်းက
အလင်းရောင်ပဲ ပေးစွမ်းချင်တာ သူ့စေတနာပေါ့ညီမလေးရယ်
အဲဒီတော့ တိမ်ကကာကွယ်ပေးထားတယ်
လရောင်ပျောက်ဆုံးသွားမှ
လူတွေကတောင့်တကြတာပါ။
ဒါဆိုရင်
ကြယ်လေးတွေကိုချစ်သလို
ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးတဲ့
တိမ်ကလေးကိုလည်းချစ်တာပေါ့
တိမ်တွေ ကာကွယ်ပေးတဲ့နေ့တွေဆို
လမင်းအနားရတာပေါ့နော်။
{ မြတ်မွန် }
တစ်ခါတစ်လေမှာ ကိုယ့်အယူအဆတွေနဲ့ အထင်အမြင်တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် အရာရာက ငြိမ်းချမ်းသွားမယ် ထင်တယ်နော်။ ကိုယ် ဘယ်တွေးမလဲ အပေါ်မှာပဲ မူတည်ပါတယ်။
ps; ချစ်ညီမလေး တိမ်ကလေး(ဒီဒီး)နဲ့ စကားပြောရင်း ရလိုက်တဲ့ စိတ်ကူးလေးပါ။ ညီမလေးကို ကျေးဇူးတင်ပါတယ်။
33 comments:
ကဗျာလေးက အေးအေးလေးနဲ့ချိုမြသလိုပါပဲ
ကဗျာလာခံစားသွားပါတယ် မမွန်ရေးးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဟုတ်တယ်အမွန်ရေ...
သူ့ဘက်ကကြည့်ရင်လက်ဖမိုး
ကိုယ့်ဘက်ကကြည့်တော့လက်ဖဝါးဆိုတာမျိုးပေါ့
By the way
gmail ကို add ထားတယ်နော်မွန်
ညီမလေးနေရာက အတွေးလေးကို
ပိုသဘောကျတယ်...ဘာလို့လဲဆိုတော့ ကိုယ်က တိမ်လေးတွေ
ပိုချစ်တာကိုး..။
ကဗျာလေး လှတယ်။
ကဗျာလေးက ရိုးရှင်းပြီး စွဲငြိစရာလေး...
ကဗျာလေးဖတ်ရင်း...
တိမ်တွေကို ချစ်တဲ့သူဆိုတော့...
တိမ်တွေပေါ် ချက်ချင်းရောက်သွားတယ်..။
မိသားစု သင့်မြတ်မှု အကျိုးကို ပြနေသောကဗျာ အဖြစ်ခံစားရပါတယ် ...
ငြိမ်းစိုးဦး
တိမ်ကလေး ဘက်က တွေးတဲ့ အတွေးပေါ့.. ချစ်စရာကောင်းတယ်..
တိမ်လေးကိုလဲ ချစ်တယ်
လမင်းကိုလဲ ချစ်တယ်......
ဒါပါဘဲ။
ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}
လမင်းကိုရော..တိမ်ကိုပါချစ်တယ်... ကြယ်လေးတွေကိုလဲချစ်တယ်..
ဒါပေမယ့်...မိုးကိုတော့ မချစ်တတ်ဘူး..:)
ဒီကဗျာလေးက ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာလေး.. :)
မတွေ့တာတောင် ကြာပြီနော်..အမွန်လေး
ကောင်းတယ် မမွန်
ကဗျာ ချိုချိုလေး ကိုဖတ်သွားတယ်ဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ညီမလေးရေ
ချစ်စရာအရေးအသားလေးကို လာဖတ်သွားပါတယ်
တိမ်ရောကြယ်ရော လမင်းပါ ကိုယ်စီအသုံးဝင်မှုတွေ ရှိနေကြမှာပါနော်...တိမ်ကိုချစ်သူကလည်း သူ့အတွေးနဲ့သူ၊ လနဲ့ကြယ်ကို ချစ်သူကလည်း သူ့အတွေးနဲ့သူ ဖြစ်ပါလိမ့်မယ်..
ချစ်သူကို အကာအကွယ်ပေးချင်တဲ့ စိတ်ကလေးကတော့ နူးညံ့လှပပြီး ချစ်စရာအကောင်းဆုံးပေါ့ကွယ်။
ချစ်တဲ့
မချော
ချစ်စရာ ကဗျာလေး ကို လာဖတ်သွားတယ် ညီမလေးရေ...
မွန့် ကဗျာလေး အရမ်းကောင်းတယ် ...
တိမ်ကလေးရဲ့ စိတ်ကို သဘောကျတယ် ...
အဲလို အတွေးမျိုးတွေနဲ့ တိမ်ကလေး ငြိမ်းချမ်းပါစေ ...
လမင်းလည်း ငြိမ်းချမ်းပါစေ ...
ငြိမ်းချမ်းတဲ့ စိတ်ကူးလေးတွေကြောင့် အားလုံးအားလုံး ငြိမ်းချမ်းပါစေဗျာ ...
ကဗျာလေးကို နှစ်သက်လို့ ကော်ပီယူပြီး သိမ်းထားပါရစေခင်ဗျာ ..
ခင်မင်စွာဖြင့်
ညလင်းအိမ်
ကိုယ့်အယူ အဆနဲ့ ကိုယ်၊
ကိုယ်ထင်တာ ကိုယ်မှန်တာပေါ့
သူငယ်ချင်း မင်း.. မှန်တယ်
ချိုချို အေးအေးကဗျာလေး
ချစ်စရာကဗျာလေးပါ၊
ချစ်တဲ့
တစ်ခါတစ်လေ အဲဒီလိုတွေးကြည့်တာကောင်းပါတယ်၊
စိတ်ကူးကောင်းလေးတွေ ပေါ်လာတယ်၊
တိမ်တွေကို အပေါ်စီးကကြည့်ပြီး စိတ်ကူးယဉ်ဘူးတယ်၊
ကဗျာရေးတဲ့သူလိုပဲ ကဗျာလေးက ချစ်စရာကောင်းလိုက်တာ.... :))
ချစ်တဲ့
ဂျင်း
ဟုတ်ပ ကဗျာလေးက
ညက်ညက်လေးနဲ့ချစ်စရာအရေးအဖွဲ့
တိမ်ကလေးရော။လမင်း၊ကြယ်ကလေးတွေ
အားလုံး သူ့နေရာနဲ့သူ ကိုယ်စီအသုံးဝင်မူ့လေးတွေ
ရှိပါတယ်။ မွန်ရေ..မြင်အောင်ကြည့်တတ်ဖို့ပဲလိုတာ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ဟိုဘက်ကကြည့်တော့လည်း မွန် ဒီဘက်ကပြန်ကြည့်တော့လည်း မွန်ပဲ မွန်နဲ့ မွန်နဲ့ ပေါင်းတော့ မွန်မွန်ရတယ် အင်း အားးးးး ပိုရှုပ်သွားပြီ ဟီး
စိတ်ကူးလေးကောင်းပါ၏
ခင်တဲ့(ချိုကျ)
ဒီလိုတွေလည်း ရေးတတ်တယ်ပေါ့။
ညနေခင်းမှာ တိမ်တွေမျောလွင့်တာကို ကြိုက်တယ်။ ရှားရှားပါးပါး မော့ကြည့်တဲ့ ညတချို့မှာတော့ လမင်းကို ရှင်းရှင်းလေးပဲ မြင်ချင်တယ်။
အမရေ အတွေးအခေါ်လေးတွေ ကောင်းလိုက်တာ
လမင်းနှင့်တိမ်။
နှစ်ခုလုံး လိုအပ်တာပါဘဲ။ သဘာဝတရားတွေက လောကကြီးကို ဒီလိုဘဲ အလှဆင်ပေးကြတယ်။ အလုပ်အကျွေးပြုကြတယ်လေ။ စဉ်းစားတတ်ရင် အားလုံးတန်ဖိုးရှိတာတွေချည်းပါ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဟုတ်ပါတယ်ညီမရယ်။
ငြိမ်းချမ်းမှုလိုချင်ရင်စိတ်ချမ်းသာအောင်တွေးတတ်
ဖို့ဘဲလိုတာပါ။ချစ်စရာကောင်းတဲ့အတွေးနဲံ့အရေး
လေးပါဘဲ။
စာသားလေးနဲ့ အဓိပ္ပါယ်က အကိုက်ပဲ။
တော်တော်လှတယ်...
ကဗျာလေးနဲ့ မှတ်ချက်လေးကို သဘောကျတယ်
တွေးစရာလေးတွေနဲ့ အေးချမ်းသလိုလေး ခံစားရတဲ့
ကဗျာလေးပါ။ အယူအဆမတူကြတာလေးတွေ ရှိနေပေမဲ့
ကိုယ်ဆီ ယုံကြည်ချက်လေးတွေ၊ ခံယူချက်လေးတွေနဲ့ 
တစ်မျိုးဆီတော့ အဓိပ်ပါယ် ရှိနေကြတယ်လေ။
...ခင်မင်လျှက်...ခင်မာလာအောင်..:)
မမြတ်မွန်
မာနဲ့ ပီတိမှာ ကွန်မန့် ရေးခဲ့ ပါတယ်..
ရွှေသီရိဆီကတဆင့် ၀င်လာတာပါ..။ကျနော် စီဘောက်မှာ ရေးချင်တာ ရေးလို့ မရပါ..။
ကဗျာ တစ်ပုဒ် ထွက်လာတာပဲ
ကိုယ့်အတွေးနဲ့ ကိုယ်ပါပဲ
ကလေး ဆိုတော့လည်း ကလေး အတွေးပေါ့
ဒီလိုအတွေးကဗျာလေးတွေ တအားချစ်ဖို့ကောင်းတယ်။ သဘောကျတယ်။
လမင်း ၊ တိမ် ၊ ကြယ် ... ကြယ် ...
တိမ်တွေက ကြယ်တွေကိုရော အကာအကွယ် ပေးတတ်ပါသလား မမြတ်မွန် ... :)
အတွေးဆန်းဆန်းလေးပဲ။ ဖတ်ပီး ကြည်နူးမိပါတယ်။ ကျနော်ဆိုလဲ ကြယ်လို့ပဲ ဖြေမိမလားပဲ။ ဘာလို့လဲဆိုတော့ လမင်းနဲ့ ကြယ်ကိုပဲ တွဲမြင်မိတာကိုး။
ရင်ထဲရှိတဲ့အတိုင်းချရေးလိုက်တာပါ။ စာတွေတင်ပါဦးအစ်မမြတ်မွန်။
တိမ်ဖုံးနေမှ လမင်းရဲ့အလင်းရောင်ကို လူတွေက တန်ဖိုးထား လိုချင်ကြတယ်ဆိုတာ ဟုတ်တယ်နော်။ မရှိတော့မှ ပိုပြီး တန်ဖိုးထားတတ်ကြတယ်။ ကဗျာ လေးဆီက အသိ တွေ၊ အတွေးတွေ အများကြီး ရလိုက်ပါတယ်။
Post a Comment