“ကြူ ”
Q.ဟိုင်း
A.အင်း
A.အင်း
Q.နေကောင်းလား
A.အင်း
Q.ဘယ်မှာနေလဲ
A.ကမ္ဘာပေါ်ကတစ်နေရာ
Q.နင်ကချောလား
A.အရေးမကြီးဘူး
Q.အရေးကြီးတာဘာလဲ
A.အများကြီး ကိုယ်ဘာသာစဉ်းစား
Q.ဖုန်းနံပါတ်ရှိလား
A.ရှိတယ် နံပါတ်တွေမှ အများကြီးပဲ
Q.နင်နဲ့စကားပြောချင်တယ်
A.သြော် အင်း အဲ ဟုတ်
Q.ရည်စားဖြစ်ချင်တယ်
A.အသည်းကွဲချင်လို့လား
Q.နင့်မှာရည်စားရှိလား
A.နိုး
Q.ချစ်တယ်
A.ဟုတ်မှာပေါ့
Q.အားလား
A.အားတယ်
Q.ဒါဆိုအပြင်သွားလျှောက်လည်ရအောင်
A.လည်မယ် ဒါပေမယ့်နင်နဲ့တော့မဟုတ်ဘူး
Q.နင့်လိုလူမျိုးကို ဘယ်သူက ကြိုက်မှာလဲ ၊ ဒီလိုလူမျိုး ဘယ်တော့မှ ရည်းစားရမှာ မဟုတ်ဘူး
A.နင်မသိဘူးလား ငါ့မှာအိမ်ထောင်ရှိတာ
Q.တိန်!!!!!!!!!!!!!!
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
Q.နင့်လိုလူမျိုးကို ဘယ်သူက ကြိုက်မှာလဲ ၊ ဒီလိုလူမျိုး ဘယ်တော့မှ ရည်းစားရမှာ မဟုတ်ဘူး
A.နင်မသိဘူးလား ငါ့မှာအိမ်ထောင်ရှိတာ
Q.တိန်!!!!!!!!!!!!!!
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
photo:google
Comments
ဒါနောက်ဆုံးပေါ်လက်နက်ပေါ့လေ....
ဟုတ်လားမွန်....မှတ်ထားလိုက်မယ်း))
ကြုံဖူးတယ်ခုလိုမျိုး...
အစ်မက ကလေးက၃ယောက်
အသက် ၅၀လို့ပြောပစ်လိုက်တယ်..
အွန်လိုင်းပေါ်မှာ ခုလိုယောက်ျားမျိုးတွေ ဒီနည်းနဲ့ ပညာပေးတာကောင်းတယ်
ခင်မင်တဲ့
နေ၀သန်
ရီရတယ် တိုတိုလေးနဲ့
အင်း ရွှေစင်ဦး လည်း ကြူ ဘူးလို့ သိတာ ဟားဟား
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ခင်မ်စွာဖြင့်
ခိုင်နုငယ်
ဒီတခါတော့ခိုက်တွားဘီ..ဟိဟိ
မျောက်မွန်ကွ. . အဲ မှားရေးမိပြီ။
မြတ်မွန်ကွ အော်လိုက်စမ်း တစ်ခေါက်လောက်...
ဂီးးးးးးးးးးးးးးး
ညလင်းအိမ်
ဟားဟားဟား.. ရယ်ရတယ်ဝေ့..
မွန်က အဲ့လိုလည်း ရေးတတ် တွေးတတ်သားပဲ...
း) ဆိုးဂွဒ်
ခင်မင်မှုများဖြင့်
မိုက်တယ်ဟေ့...... :)
ခင်တဲ့(ချိုကျ)
း)း)း)
ZaunG
မှတ်သားစရာတွေပါပဲ..။ဒါနဲ့လင့်ချိတ်ထားတယ်နော်..။
ခင်မင်စွာ
သဒ္ဓါ
နေတတ်ထိုင်တတ်ရင် ပြန် ကြူတာတောင် ခံရနိင်သေးတယ်။
နတ်သမီးကတော့ ကြူဖို့နေနေသာသာ...
ကင်းလှည့်တာနဲ့ တိုးတိုးနေလို့ ကြူဖို့အခွင့်မရဘူးဖြစ်နေတယ်..
အဲ..
ကင်းလှည့်နဲ့တိုးပြန်ပြီ..
သာမီးဘာမှကြူဘူးနော်...ဟီး
လစ်ပြီဗျို့....
(ငါ့နှယ်နော်..ဒီတခါလည်း မကြူလိုက်ရပြန်ဘူး)း(
ဖတ်ရင်း.....အားရပါးရအော်ရယ်ပစ်လိုက်ချင်မိတာ.......။
တချို့တွေက...အဲ့သလိုပြောပေးမှ.....ငါ့ညီမတွေရေ့.....။ ဆက်လုပ်......။ ကိုဏီးက...အဲ့သလိုဆို..သိပ်ကျလိကျလိဖြစ်တာ.....။ မုန်းချင်စရာဗျနော့်.....း))
(ကိုဏီး....ခုတစ်လော စာတွေအများကြီးဖတ်လို့မရဘူး....။ ခေါင်းတွေချာချာလည်အောင်မူးမူးနေလို့ပါဗျာ....။ မသောက်ပဲနဲ့ မူးရတာ ပိုက်ပိုက်မကုန်ပေမယ့် အားကြီးဆိုးတယ်......ညီမလေးရေ့..။)
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
ကောင်းတယ်.........
တွေးတတ်လိုက်တာ........တကယ်ဖြစ်နေသလိုပဲ...
အိမ်ထောင်ရှိလဲ ချတ်မှာဘဲဆိုတဲ့ လူတွေ တွေ့နေဦးမယ်နော်။းဝ)
လင့်ခ်လေး ချိတ်သွားတယ်နော်။
ခင်မင်စွာဖြင့်
မိုးငွေ့
ထိချက်က ပြင်းပါ့ အမရေ
အဲ့လိုမျိးတွေနဲ့ တွေ့မှာပဲ မှတ်ကြမှား)
ဘူလာ ကြူကြူ ဒီလို ကျော လွှတ်လိုက်တာ ပဲလား ..
အတွေ့ အကြုံတွေ လည်း စုံ သကိုး ...