တစ်နေ့မှာ လမ်းသွားလမ်းလာ ခရီးသည် တစ်ဦးက အလွန်မှမွှေးကြိုင်လှတဲ့ မြေကြီးတွေကို လမ်းသွားရင်း တွေ့လိုက်တယ်။ မွှေးလွန်းလို့ မြေကြီးပုံက မြေကြီးအနည်းငယ်ကို အိမ်သို့ ယူလာခဲ့တယ်။ အချိန်တွေကြာလာပေမယ့် မြေကြီးရဲ့ အမွှေးရနံက ပြောက်ပြယ်သွားတယ် မရှိဘူး။ မြေကြီးဘာလို့ မွှေးရတာလည်း ဆိုတာကို ထိုလူက သိချင်လာတယ်။ ဒါနဲ့ပဲ မြေကြီးကို မေးလိုက်ကြည့်တယ်။
ခရီးသည် ။ ။ ကိုမြေကြီး ခင်ဗျာ ။ ခင်ဗျား မြေကြီးက ဘာလို့မွှေးနေရတာလဲ? မြေကြီးစဖြစ်ကတည်းက မွှေးတာလား? အမွှေးရနံတွေ ဖြန်းထားလို့လားခင်ဗျာ?
မြေကြီး ။ ။ မဟုတ်ပါဘူး ။ကျွန်တော်က ရိုးရိုး မြေကြီးပါပဲ ခင်ဗျာ။
ခရီးသည်။ ။ ဒါဆို ဘာလို့ အမွှေးနံတွေ ရနေတာလဲဗျ။
မြေကြီး ။ ။ သြော် ။ ဒါလား အဲတာ ကျွန်တော့် သူငယ်ချင်း နှင်းဆီပင်တွေကြောင့်ပါ ခင်ဗျာ။ ကျွန်တော်က နှင်းဆီ အခင်း တောကြီးထဲမှာ ကြီးပြင်းလာတာကြောင့်ပါ။
ကိုယ်ပေါင်းသင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းတာ ကြာလာလေ ထိုလူရဲ့ အကျင့်စရိုက်က ကိုယ့်ကို အနည်းနဲ့အများတော့ ရိုက်ခက်လာတက်ပါတယ်။ မြေကြီးက နှင်းဆီးအခင်းကြီးထဲမှာ ကြီးပြင်းလာတာ ကြာတော့ နှင်းဆီးတွေရဲ့ ရနံက သူကိုယ်မှာ စွဲကပ်လာခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင်း ၊လူ့ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ်ရဲ့ကိုယ်မှာ စွဲကပ်လာမယ့် အမွှေးရနံတွေပါပဲ။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
ကိုယ်ပေါင်းသင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းတာ ကြာလာလေ ထိုလူရဲ့ အကျင့်စရိုက်က ကိုယ့်ကို အနည်းနဲ့အများတော့ ရိုက်ခက်လာတက်ပါတယ်။ မြေကြီးက နှင်းဆီးအခင်းကြီးထဲမှာ ကြီးပြင်းလာတာ ကြာတော့ နှင်းဆီးတွေရဲ့ ရနံက သူကိုယ်မှာ စွဲကပ်လာခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင်း ၊လူ့ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ်ရဲ့ကိုယ်မှာ စွဲကပ်လာမယ့် အမွှေးရနံတွေပါပဲ။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
20 comments:
နှင်းဆီပန်းကြိုက်တဲ့သူရဲ့ နှင်းဆီခင်းပို့စ်လေးကတော့ အသက်ဝင်လှတယ်.....
ကောင်းလိုက်တာ. . .
ပတ်ဝန်းကျင် ဆိုတာ ကိုယ့်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဂွတ်ပို့စ်. . .
ငယ်ငယ်က သရက်သီး ဥပမာ လိုမျိုးပေါ့လေ။
ကျနော်တောင်မှ မနေ့က ရေးထားလိုက်သေးတယ်။
http://www.zaw357.net/2010/05/blog-post_22.html
အင်း... ဟုတ်တယ်... မဗေဒါဆိုလဲ သိပ်ခင်တဲ့ သူငယ်ချင်းတွေရဲ့ စကားပြောတဲ့ အမူအကျင့်ကအစ တစ်ခါတစ်လေ ကူးတတ်တယ်... အပေါင်းအသင်းဆိုတာလဲ ကိုယ့်အပေါ်ကို အနည်းနဲ့အများတော့ သက်ရောက်မှုရှိတယ်...
တံငါနားနီးတံငါ..မုဆိုးနားနီးမုဆိုး..ဆိုတဲ့
စကားပုံလိုပါဘဲ...
ကိုယ်နဲ့နီးစပ်သူရဲ့..အမူအကျင့်တွေကကူးစက်လာတတ်
တဲ့သဘောပါဘဲ...
သူတော်ကောင်းတွေနဲ့ နီးစပ်တဲ့အခါ ဘာပဲဖြစ်ဖြစ် ကောင်းသောတရားနဲ့ ယဉ်ပါးလာတာပေါ့..။
သိပ်ကောင်းတဲ့ ပို့လေးပါခင်ဗျား..
လူဟာ ပတ်ဝန်းကျင်ရဲ့ပြုပြင်မှုကို အများဆုံးခံရပါတယ်..
မှန်ပါတယ် ညီမလေးရေ
လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ
ကိုယ့်ဘေးပတ်ဝန်းကျင်ကို ရိုက်ခတ်မှုရှိတယ်ဆိုတာ သိပ်မှန်ပါတယ်..
ကိုယ်နဲ့ဆက်ဆံတဲ့သူရဲ့ အကျင့်စရိုက်တစ်ချို့ကြောင့်
စိတ်ဆင်းရဲရတာတွေ၊ စိတ်ညစ်ရတာတွေဟာ မလွဲမသွေ ကြုံရတဲ့ အဖြစ်တွေ ဖြစ်လာတတ်တယ်..
ညီမလေးကတော့ နှင်းဆီပန်းလို မိတ်ဆွေသူငယ်ချင်းမျိုးတွေနဲ့သာ တွေ့ကြုံရပါစေ
ကိုယ့်ဝန်းကျင်မှာ မွှေးရနံ့တွေနဲ့သာ သင်းပျံ့ပါစေလို့
ခင်မင်လှစွာ ဆုတောင်းပေးသွားပါတယ်နော်..
မမချော
ညီမ မြတ်မွန် ရေ
မှန်ပါတယ်နော် ..ပန်းသီတဲ့ ကြိုးလိုမျိုးပေါ့
ခင်တဲ့
ရွှေစင်
ဟုတ်တာပေါ့အစ်မရာ... မှတ်သွားတယ်ဗျာ... ကျေးဇူး... အော်အမ.လိုအပ်တဲ့ software လိုမျိုးလေးတွေရှိရင် နာမည်ပြောထားခဲ့လေ.. ကျနော်တို့ကြိုးစား ရှာပီးတော့ တင်ပေးပါ့မယ်.. ကိုယ့်အစ်မကြီးပဲကို...နော်.. :)
ဟုတ်ပါဘူးအမရဲ့... ကိုယ့်ထက်ဝါကြီးလို့ လေးစားသမှုနဲ့ ခေါ်တာပါ :) အရေးအသားလေးတွေကို ကြည့်လိုက်တာနဲ့တင် မမြတ်မွန်က ၂၅ ဝန်းကျဉ်လောက်ပဲရှိသေးတယ်ဆိုတာ သိပါတယ်..(နဲနဲတော့ ပိုလိုက်တယ်နော် .)
Avast ကိုသုံးကြည့်ပါလားအမ....
http://download.cnet.com/Avast-Free-Antivirus/3000-2239_4-10019223.html?part=dl-85737&subj=dl&tag=button အဲမှာ အရင်သွားပီးတော့ Download လုပ်လိုက်အမ..
ပြီးရင် http://www.avast.com/registration-free-antivirus.php?lang=ENG မှာ ထပ်ပီးတော့ အမရဲ့ Email နဲ့ Register လုပ်လိုက်ရင် 1 နှစ် Free ရတယ်။ Avast တဲ့။ ကျနော်သုံးဖူးတယ်။ လွယ်တယ်အမ။ အဆင်မပြေရင်ပြန်ပြောပါနော်အမ။ :)
ခုဟာကိုမကြိုက်ဘူးဆိုရင်လည်း တခြားဟာရှာပေးပါ့မယ်ခမျာ..
ဒီပိုစ့်လေးထဲက မြေကြီးရဲ့ သူငယ်ချင်းက နှင်းဆီပင်တဲ့...မွန့်သူငယ်ချင်းကတော့ အင်ကြင်းပင်...ဟုတ်???
ချစ်တဲ့
ဒီလိုပဲ ပညာရှိတွေဘေးမှာ ထိုင်ရင် သူတို့ကို ဆောင်းပေးတဲ့ ထီးအရိပ်တော့ ရတာပါပဲ။ မှတ်လေစွ။
အဲ..ကောင်းလိုက်တဲ့ဥပမာလေးပါပဲ မြတ်မွန်ရေ...အားပေးနေတယ်ဗျို့
ခင်တဲ့(ချိုကျ)
ဥပမာလေးက ကောင်းတယ် ညီမလေး ရေ ..
ကျေးညီနောင်ပုံပြင်လေးထဲက လို ပဲပေါ့ ၊ ပတ်ဝန်းကျင် က သူတို့ ကို အရောင် ပြောင်းပေးလိုက်တာလေ ။
ညီမလေး ဘဝတလျှောက်လုံးလည်း ဒီလို မွှေးကြိုင် သင်းမြ နိုင်ပါစေ နော် ..
ခင်မင်စွာဖြင့်
မကိ
မွန်က နှင်းဆီပန်း ကြိုက်တယ်ဟုတ် ...
ဒါကြောင့်ကိုး ... အဟဲဟဲ ...
မှန်တယ် မွန် .. ပတ်ဝန်းကျင်ဆိုတာ အရာရာတိုင်းကို ပါဝင်ပတ်သတ် တတ်ပါတယ်...
ခင်တဲ့
ညလင်းအိမ်
ပါတ်ဝန်းကျင်ကောင်းမှာ နေခွင့်ရတာဟာလည်း ကံကောင်းခြင်း တစ်မျိုးပါပဲ။
ရနံ့တွေ ထုံဝေတဲ့ နေရာမျိုးကို ရွေးချယ်ကြစို့။
သင်းပျံ့တဲ့ မွှေးရနံ့လေးတွေပဲ ခြုံလွှမ်းထားချင်မိပါတယ်..။
သင်းပျံ့တဲ့ မွှေးရနံ့လေးတွေပဲ ခြုံလွှမ်းထားချင်မိပါတယ်..။
သူငယ်ချင်း အပေါင်းအသင်းကို နှိုင်းယှဉ်ပြပုံလေး က တကယ် ထိမိပါတယ်..
ဟုတ်တယ်နော်
သူငယ်ချင်းအပေါင်းအသင်း ၊လူ့ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ်ရဲ့ကိုယ်မှာ စွဲကပ်လာမယ့် အမွှေးရနံတွေပါ .. ကိုယ်နဲ့ လာပေါင်းသင်းမယ့်သူတွေလည်း ရနံ့ကောင်းလေးတွေ ကူးနိုင်ဖို့ ကိုယ်တိုင် မွှေးကြိုင်နေဖို့လည်း လိုမယ်နော် ..း)) တွေးသွားပြီ ..း)
Post a Comment