ဟိုအရင် ဆုံခဲ့ဖူးတဲ့ နေ့ရက်တွေသို့..
စိမ်းရင့်ရင့် တောင်တန်းတွေကို ငေးကြည့်စဉ်
ဘေးနားက စံပါယ်ရုံလေးက မေးတယ်..
ငါ့ပန်းလေးတွေ လှရဲ့လားသခင်
ဟုတ်ပါရဲ့..
ဖြူစင်စွာ လှပနေတဲ့
နဘေးနားက ပန်းလေးတွေမှ အားမနာ...
ပန်းလေးတွေရဲ့ရနံလေးကိုမှ အားမနာ..
ပေးဆပ်နေတဲ့စံပါယ်ရဲ့ အစွမ်းကိုမှ အားမနာ..
ငါ့နံမည်က စံပါယ်မို့လို့ ပယ်ထားတာလား သခင်ရယ်..
ငါက မင်းအနားမှာရှင်သန်နေပြီး
ရင်ထဲက လူလောက် မစွမ်းဘူးပေါ့..။
မဟုတ်ရပါ စံပါယ်ရယ်..
အပြုံးတွေ ဝေဆာအောင် ဆေးချယ်ထားပေမယ့်..
ငါ့ရင်ထဲက တစ်စတစ်စ လောင်မြိုက်နေတဲ့ ကျိတ်မီး
မင်းမှမမြင်နိုင်တာ..
မင်းရနံတွေကတော့ ငါ့ရင်ကိုအေးမြစေတာတော့မှန်ပါတယ်။
ဒါဆိုရင်တော့ ..သခင်
မင်းနှစ်သက်လို့ တယုတယ စိုက်ပျိုးထားတာ..
ငါဟာ မင်းရဲ့အဖြည့်ခံ အဖြစ်ပေါ့
ဟန်ဆောင်ထားတဲ့မင်းရဲ့နမ်းရှိုက်ခြင်းတွေက
ငါ့ရနံတောင်ပျက်ပြယ်ခဲ့စေတယ်...။
မြတ်မွန်
25 comments:
မွန်ရေ...အဖြည့်ခံ စံပယ်ပွင့်လေး အကြောင်းကို ခံစားသွားတယ်...
ချစ်တဲ့
ဂျင်း
အဲဒိ အဖြည့်ခံ ဆိုတဲ့ စကားက
တော်တော်ကို တာသွားလွန်းတယ် ဗျာ ...
စိတ်နှလုံးကို သိမ်းကြုံးယူငင်နိုင်သော
စကားလုံးများ ဆိုပြီး စုဖွဲ့ဖြစ်ရင်
ဒင်း လည်း ပါလောက်မယ် ထင်ရဲ့ ... :)
စံပယ်ပွင့်လေးရဲ့ ရင်ဖွင့်သံနဲ့အတူ ခံစားချက် ကဗျာလေးကို ခံစာသွားပါတယ် ညီမလေးရေ..။
ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
တစ်မျိုးလေးပဲ ဖတ်လိုက်တာ... ရင်ထဲ တစ်ခုခုကျန်နေတယ် ။
စံပယ်လေးရေ.. မင်းကို ချစ်ပေမယ့် ချစ်သူနဲ့တော့ မယှဉ်နိုင်ဘူးလို့ ပြောရမှာပေါ့နော်..
စံပယ်ဆိုတိုင်း ဘာလို့ နုညံ့သိမ်မွေ့၊ အဖြည့်ခံပန်း ဖြစ်နေရလည်း မသိဘူးနော်။
တကယ်တော့ စံပယ်ဆိုတာ ဖြူစင်သူ.. ရိုးသားသူပါ။
စံပယ်ရိုင်းလေးတွေဆို ပိုတောင် မွှေးမြသေး။
စံပယ်ဆိုတိုင်း ဘာလို့ နုညံ့သိမ်မွေ့၊ အဖြည့်ခံပန်း ဖြစ်နေရလည်း မသိဘူးနော်။
တကယ်တော့ စံပယ်ဆိုတာ ဖြူစင်သူ.. ရိုးသားသူပါ။
စံပယ်ရိုင်းလေးတွေဆို ပိုတောင် မွှေးမြသေး။
အင်း.. စပါယ် စံပယ်....
ကဗျာလေးစပ်ပုံလေး ကောင်းပါတယ်...
ကဲ...မစံပယ်ရေ...အလွမ်းအဆွေး တွေနဲ့အတူ စံပယ်ရနံလေးကိုလဲ ခံစားသွာတယ်ဗျ နော်...
ခင်တဲ့(ချိုကျ)
စံပယ်ပင်လေးကို ရေမှန်မှန်လောင်းရင်း ချစ်ကြောင်း သက်သေ ပြလိုက်လေ...။
ကျိတ်မီးတွေလည်း အမြန်ဆုံးငြိမ်းသွားမှာပါ ...။
စံပါယ်ပန်းလေးသနားပါတယ်နော်...မွန်
ဝရန်တာလေးမှာမေးထောက်လို့..
ဟိုအရင် ဆုံခဲ့ဖူးတဲ့ နေ့ရက်တွေသို့..
စိမ်းရင့်ရင့် တောင်တန်းတွေကို ငေးကြည့်စဉ်
ဘေးနားက စံပါယ်ရုံလေးက မေးတယ်..
ငါ့ပန်းလေးတွေ လှရဲ့လားသခင်
သိပ်ကိုကောင်းတဲ့ စာသားလေးတွေ တကယ်ကို နူးညံလွန်းပါတယ်
အားပေးနေဆဲပါပဲ မွန်ရေ
း)))
ခင်မင်စွာဖြင့်
ဗညား
ဘာတွေဖြစ်၍ ဘာတွေတွေးနေလဲ အချစ်ရေ အဲ့လေ မမြတ်မွန်ရေ... စတာနော် စိတ်မဆိုးလိုက်လေနဲ့း)
စံပါယ်ဆိုတာ အဖြည့်ခံမဟုတ် လူတိုင်းရဲ့နှလုံးသားမှာ အမြဲစံနေတဲ့စံပါယ်....
လာရောက်ခံစားသွားပါတယ်
စိုင်းလင်းတိုင်း
ကဗျာလေးရဲ့  ခံစားချက်နဲ့ စံပယ်လေးရဲ့ 
အဖြည့်ခံလေးကိုရောပေါင်းပြီး
စံပယ်တစ်ပွင့်ရဲ့ ရင်ခတ်သံ ဆိုရင်ပိုလှမလားဘဲဗျာ
ဖတ်သွားပါတယ် မမွန်
စံပယ်ဆိုတာ ဖြူစင်ခြင်းနဲ့ မွေးမြခြင်းပဲ ရှိပြီး မာနမရှိလို့ အဖြည့်ခံ ဖြစ်ရတာလား ...
(စံပယ်လေး အဖြစ်ကိုပဲ ခံစားသွားပါတယ် ..း)
စံပယ်ကို သူ့အတိုင်းလေးပဲ ရှင်သန်ပါစေ
ငါဟာ မင်းရဲ့အဖြည့်ခံ အဖြစ်ပေါ့
ဟန်ဆောင်ထားတဲ့မင်းရဲ့နမ်းရှိုက်ခြင်းတွေက
ငါ့ရနံတောင်ပျက်ပြယ်ခဲ့စေတယ်...။
ကောင်းလိုက်တာဗျ ...
ခံစားသွားတယ် မွန်ရေ ...
ညီမ ရေ
ချစ်စရာ စံပယ် လေးရဲ့ အနံလေး ကိုတောင် ရှုရှိုက်မိသလိုပါဘဲ
အောက်က ညီမ ရဲ့ အမြင်လေး ကိုလည်း ဖတ်သွားတယ်နော်
ခင်တဲ့
မမရွှေစင်
အဖြည့်ခံဖြစ်ရတဲ့ဘ၀က
ဘာမှကိုမကောင်းပါလားနော်..
ဟန်ဆောင်နမ်းရှိုက်ခြင်းက
ရနံ့တွေကိုတောင် ပျက်ပြယ်စေသတဲ့လား
ကောင်းလိုက်တဲ့ အသုံးအနှုန်းလေးပါဘဲ..
ခံစားကြည့်မိပါတယ်..
ငါ့နံမည်က စံပါယ်မို့လို့ ပယ်ထားတာလား သခင်ရယ်..
ဒါပေမဲ့ စံပါယ်ကြိုက်တယ်၊
ထပ်တူခံစားသွားပါတယ်၊
သိပ်ကောင်းတဲ့ တွေးလုံးလေးပဲဗျာ..
ငါ့နံမည်က စံပါယ်မို့လို့ ပယ်ထားတာလား သခင်ရယ်..
ငါက မင်းအနားမှာရှင်သန်နေပြီး
ရင်ထဲက လူလောက် မစွမ်းဘူးပေါ့..။ တဲ့လားဗျာ..ကောင်းလိုက်တဲ့စာသားလေးတွေ..
ကိုယ်တိုင်ကဗျာတော့မရေးတတ်ပါဘူး ရေးထားတဲ့ကဗျာတွေကိုတော့ခံစားလို့ရပါတယ် စကားလုံးအသုံးအနှူန်းတွေကတော့ အတုယူလောက်ပါတယ်........
စံပယ်လေး သနားပါတယ်နော်။ ကောင်မလေးကိုလည်း သနားတယ်။
Post a Comment