အဖေ ရဲ့အလုပ်ဆင်းချိန်က နောက်ကျလွန်းတယ်။ ကလေးက အဖေပြန်လာချိန်လေးကို တံခါးဝလေးနား မှီရင်း စောင့်လေ့ရှိတယ်။ အဖေ ပြန်လာတာကို တွေ့လိုက်တော့ အားရဝမ်းသာ ဆီးကြိုလိုက်တယ်။
"အဖေ သားတစ်ခုလောက်  မေးလို့ ရမလား။ "
"ရတာပေါ့ မေးလေ"
" အဖေ အလုပ်လုပ်တာ တစ်နာရီကို  ပိုက်ဆံ ဘယ်လောက်ရလဲ  "
"အဲတာ မင်းနဲ့ ဘာဆိုင်လဲ မေးပြီး ဘာလုပ်မလို့လဲ"
ကလေးလေးက အဖေကို  တောင်းတောင်းပန်ပန်နဲ့ ထပ်မေးရှာတယ်။
"ဘာမှ မဟုတ်ပါဘူး အဖေ။ အဖေရဲ့ တစ်နာရီ  လုပ်အားခကို သိချင်လို့ ပြောပြပါလား"
"အဲလောက်သိချင်နေတာဆိုတော့ အေး ပြောပြမယ်ကွာ ။  တစ်နာရီကို  ၂၀ ရတယ်ကွာ"
"သြော်...."
"အဖေ သားကို  တစ်ဆယ်လောက် ချေးပါလား"
အဖေက ဒေါသ ထွက်ပြီး
"မင်း ငါ့ကို ဟိုမေး  ဒီမေး မေးပြီး အရုပ် ဝယ်ဖို့ ပိုက်ဆံ လာတောင်းနေတာဆိုရင် ကိုယ့်အခန်း  ကိုယ်ပြန်။ သွားအိပ်တော့ ။ အလုပ်က ပြန်လာတာ ပင်ပန်းရတဲ့ အထဲ မင်းနဲ့  ဆော့ဖို့ အချိန် မရှိဘူး။ သွား သွားအိပ်တော့။"
ကလေးလေးက အဖေ စိတ်ဆိုး သွားမှန်း  သိတော့ သူအခန်းလေးထဲ ပြန်ဝင်လာပြီး ကုတင်ပေါ် တက်ပြီး အိပ်နေလိုက်တယ်။
အဖေကတော့  စိတ်ဆိုးဆိုးနဲ့ ဆိုဖာပေါ် ခြေပြစ် လက်ပြစ် ထိုင်ချလိုက်တယ်။  ကလေးလေး  ဘာကြောင့် ပိုက်ဆံလို ချင်တာလဲ တွေးနေတယ်။ သူ ကလေးအပေါ် ဒေါသ ကြီးသွားတာကို  တွေးမိရင်း နောင်တရလာတယ်။ သူရှာတဲ့ ပိုက်ဆံက ကလေးလေး အတွက်ပဲ မဟုတ်ပါလား။  တစ်နာရီလောက် ကြာတော့ စိတ်ပြေ သွားတယ်။ ကလေးရှိတဲ့ အခန်းလေး  ဘက်လျှောက်လာရင်း ကလေးအခန်းတံခါးလေးကို ဖွင့်ဝင်လိုက်တယ်။
"သား အိပ်ပြီလား"
"အိပ်သေးပါဘူး အဖေ။ "
"အဖေ အခုဏက သားအပေါ်  ဒေါသ ကြီးသွားတယ်ကွာ။ရော့  ဒါ မင်းလိုချင်တဲ့ ပိုက်ဆံ တစ်ဆယ်။"
"ဟေးးးးးးပျော်တယ် ။  ဒါမှ ဖေကြီးကွ။ ကျေးဇူးတင်ပါတယ် အဖေ။"
ကလေးက ဝမ်းသာ အားရ အဖေကို သိုင်းဖတ်လိုက်တယ်။  ပြီးတော့ သူရဲ့ ခေါင်းအုံး အောက်လေးက ပလပ်စတစ် အိပ်လေးနဲ့ ထုပ်ထားတဲ့  အကြွေစေ့လေးတွေ တစ်ဆယ်ကို ကုတင်ပေါ် တင်လိုက်တယ်။ အဖေ ပေးတဲ့ တစ်ဆယ်နဲ့  ပေါင်းလိုက်တော့ ၂၀ ဖြစ်သွားတယ်။ 
"အဖေ သားမှာ ၁၀ ဆယ်ပဲ ရှိလို့ မလောက်လို့ အဖေဆီက  တောင်းတာပါ။"
"အေးပါကွာ အခု မင်းလိုချင်တဲ့ ၂၀ ရပြီ မဟုတ်လား။"
"ဟုတ်ကဲ့ အဖေ။ သားမှာ  ၂၀ ရှိသွားပြီ။ အဖေရဲ့ အချိန်တစ်နာရီကို သားဝယ်လို့ ရပြီလား။
မနက်ဖြန်စောစော  ပြန်လာပါလား အဖေ။ သား အဖေနဲ့ ထမင်းတူတူ စားချင်လို့ပါ။"
ps; ဘယ်လောက်ပဲ အလုပ်တွေ များနေအုံးတော့ ကိုယ့်နဲ့ အရင်းနှီးဆုံးသော မိသားစု အတွက် အချိန်ဆိုတာ ရှိသင့်တယ်လို့ ထင်ပါတယ်။
photo: yahoo
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
 
 
.jpg) 
18 comments:
ဟုတ်တယ်မြတ်မွန်ရေ...
မိသားစုအတွက် အချိန်ပေးသင့်ကြပါတယ်...
မိသားစုဖြစ်မလာနိုင်တဲ့ လူတစ်ယောက်အတွက် ဘာလို့များ အချိန်တွေပေးချင်ကြပါလိမ့် ...
ဟင်းးးးးး (လူကြီးသံနဲ့)
မှန်တယ် ညီမလေးရေ... အချိန်ကို ငွေနဲ့လဲပြီး ၀ယ်လို့မရသလို မိသားစုအတွက် ပေးသင့်တဲ့ အချိန်ကိုလည်း ပေးရမယ်လေ။ ဒီပိုစ့်လေးကို မမ ဖတ်ဖူးတယ်။ မမှတ်မိတော့လို့။
ခင်မင်လေးစားလျှက်
အဟီး..........
ချစ်စရာ့ဇာတ်လမ်းလေး၊ ပြီးတော့ ရယ်ရတယ်။ ပညာလေးပါတယ်။ မွန် သိပ်တော်တာပဲ...။
စိုင်း
အင်း...မြတ်မွန်ရေ ဒီလိုမိသားစုတွေဘယ်လောက်များ ရှိနေပါလိမ့်နော်..ကိုယ့်ကြရင်လဲ ဒီလိုမဖြစ်အောင်တော့ ကြိုးစားမှ :)
ဟာတ်(ဒ) ထိတဲ့  ရေးချက် ကလေးပဲဗျို့ ..။
မမျှော်လင့် ပဲ အရှိုက် အထိုး ခံရတာလေ။
ဂွတ်ရှယ်...ပဲ။
ဇာတ်လမ်းလေးက ဆင်ခြင်စရာလေးပါလား မွန်ရေ...
ချစ်တဲ့
ဂျင်း
မှန်ပါတယ် မွန်....း)
အရမ်ကောင်းတဲ့ ပိုစ့် လေးပါ။
သာယာချမ်းမြေ့ပါစေနော်
ိုမိုး
မိသားစုရှိရင် အချိန်ပေးပါ့မယ်ဗျား)
အိမ်ကသူတွေလည်း ၂၀ ပြည့်ချင်နေလောက်ပြီ
မြတ်မွန်ရေ.....
ဒါဆို ဖေဖေနဲ့ မေမေကို အချိန်မပေးနိုင်တဲ့ ကိုဏီးကရော....ဘယ်လိုနေမလဲ........???
(တွေးရင်း...စိတ်ဆင်းရဲရတယ်...သူတို့ အသက်ကြီးကြပြီလေ.....)
ခင်မင်တဲ့
ဏီလင်းညို
ကောင်းလိုက်တဲ့ပို့စ်လေးပါနော်။
မွန် အလုပ်သစ်ပြောင်းလို့မအားပေမယ့် အားတဲ့အချိန်မှာ အခုလို တန်ဖိုးရှိတာလေးတွေ ရေးပေးတော့ ကျေးဇူးတင်တယ်နော်။
ဟိုနေ့က comment ရေးမရလို့ ခုမှ ရေးသွားပါသည်။ မမွန်ရေ ဒီလို အတွေးပါတဲ့ ဘာသာပြန်လေးတွေ များများရေးနိုင်ပါစေရှင်။ တအားသဘောကျမိပါတယ်။ အားပေးနေတယ်နော်။
ကောင်းလိုက်တာ..
ကလေးလေးကို.. ကိုယ်ချင်းစာတယ်ဗျာ..
မြန်မာပြည်ကမိဘတွေနဲ့ခလေးအတွက်တော့
အချိန်မရှိကြပါဘူး၊မိဘတွေကလည်းအလုပ်ပြီး
အလုပ်၊ခလေးတွေကလည်းကျုရှင်ပြီးကျုရှင်လေ။
ဝင်လိုက်ထွက်လိုက်နဲ့မိဘနဲ့သားသမီးအေးအေး
ဆေးဆေးစကားပြောချိန်တောင်မရှိပါဘူး။
ကောင်းလိုက်တာ။ ကလေး ခံစားရသလို၊ ခံစားသွားပါတယ်၊
သဘောကျလို့ ပြုံးပြုံးကြီး ဖတ်သွားတယ်...
ကလေးရဲ့အတွေးကနေ သင်ခန်းစာယူရတာပ...
းဝ)
အချိန်ဘယ်ကမလဲ အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ပေးထားရတာတွေ အများကြီးရယ်...:P
Post a Comment