မြေခတဲ့မျက်ရည်
စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုပြီး
ဟစ်ကြွေးတက်တဲ့ ဖေဖေ.......
လောကဓံကိုကြံကြံခံ
အနိုင်မခံ အရှူံးမပေး
လွယ်လွယ်နဲ့
မျက်ရည်မကျတက် တဲ့ဖေဖေ.....။
သတိရခြင်း လွမ်းဆွတ်ခြင်းတဲ့
ရင်မှာ ပူလောင်စွာ
လောင်မြိုက်လို့
ဖေဖေ့ မျက်ရည်မြေကျခဲ့ရတယ်....။
ချစ်ခင်နှစ်သက်တဲ့
လူတွေနဲ့ ခွဲခွါနေရတဲ့ ဒုက္ခ
လောကကြီးရယ်..
အရင်ဘဝက ကုသိုလ်ကံကို
ပြန်ကြည့်လို့ရမယ့်
မှန်တစ်ချပ်လောက်လိုချင်မိ....။
ဟစ်ကြွေးတက်တဲ့ ဖေဖေ.......
လောကဓံကိုကြံကြံခံ
အနိုင်မခံ အရှူံးမပေး
လွယ်လွယ်နဲ့
မျက်ရည်မကျတက် တဲ့ဖေဖေ.....။
သတိရခြင်း လွမ်းဆွတ်ခြင်းတဲ့
ရင်မှာ ပူလောင်စွာ
လောင်မြိုက်လို့
ဖေဖေ့ မျက်ရည်မြေကျခဲ့ရတယ်....။
ချစ်ခင်နှစ်သက်တဲ့
လူတွေနဲ့ ခွဲခွါနေရတဲ့ ဒုက္ခ
လောကကြီးရယ်..
အရင်ဘဝက ကုသိုလ်ကံကို
ပြန်ကြည့်လို့ရမယ့်
မှန်တစ်ချပ်လောက်လိုချင်မိ....။
မြတ်မွန်
ps; ဖေဖေနဲ့ ဖုန်းပြောပြီး ရေးချလိုက်တဲ့ ကဗျာတစ်ပုဒ်ပါ။
Comments
သူတို့က...ကိုဏီးတို့ ချစ်တာထက် အဆ ရာပေါင်းများစွာပိုချစ်ကြတယ်လေ...။
(သတိရရင် ခဏခဏဖုန်းဆက်ပေါ့...မြတ်မွန်ဖေဖေ့ကိုလေ...)
ခင်မင်တဲ့
ဏီလင်းညို
သားသမီးတို့ရဲ့ ဂရုစိုက်တတ်တဲ့ စကားလုံးတွေက ခုလို အနေဝေးနေရတဲ့ မိဘတွေအတွက် အား တခုပါပဲ...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
အချိန်ကျရင်.... ကိုယ့်သားသမီးကို
ဒီလိုချစ်နိုင် ပါ့မလားနော် ။
ဒီ ပိုစ် ဖတ်နေတုန်းအဖေအမေကိုသတိရလိုက်တာ
.....
..မြတ်မွန်ရေ ။.. (တခြားလိုမခေါ်တော့ဘူးနော်)
ခင်တဲ့
aelko :D
ဒါကြောင့် စာတွေလည်း ပိုရေးမိနေတာ။
မမွန်ကဗျာကို ဖတ်လိုက်ရတော့ ပို သတိရတယ်။
ကဗျာလေးအတွက် ကျေးဇူးပါဗျာ။
ခင်တဲ့
ဂျပန်ကောင်လေး
ပျော်ရွှင်ပါစေ ညီမရယ်..။
ခင်မင်လေးစားလျှက်
မမြတ်မွန်တို့ မိသားစုလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်.........
ဒီကဗျာလေးကိုဖတ်ပြီး တို့လည်း အဝေးက တို့ဖေဖေ့ကို သတိရသွားတယ်
မြတ်မွန်ရဲ့ခံစားချက်ကိုနားလည်တယ်
ဟုတ်တယ်နော်...မြတ်မွန်ရေ...တို့တွေ အရင်ဘ၀က သူများမိသားစု အသိုက်လေးတွေကိုများ ခွဲခဲ့ဘူးလားမသိဘူးနော် :(
အနှိုင်းမဲ့ ချစ်ခြင်းကြောင့်ကျတာဖြစ်လို့ အေးမြနေပါ
လိမ့်မယ်ဗျာ . . .
ခင်မင်တဲ့
ဗညား
banyarshein@gmail.com ဖြစ်နိုင်ရင် အက်ပေးပါဗျ
ကျွန်တော်လဲမိသားစုနဲ့ခွဲနေရလို့ပါ။
ဘုရားမှလွဲလို့ ဘယ်လူဘယ်နတ် တားဆီးဖို့ မတတ်နိုင်ပါ။ ကြံ့ခိုင်ပါတယ် ရင့်က်ြပါတယ်ဆိုပြီး ဟစ်ကြွေးနေတဲ့ကျွန်တော်တို့သည် တကယ်ဆို ကိုယ့်ကိုကိုယ် လိမ်နေချင်းပါတယ်။
မမွန်ရယ် မွန့်ဖေဖေကို မကြာခဏဖုန်းပေးနော်။ နောက်ဆိုသူပျော်သွားမှာ။
လေးစားစွာဖြင့်....သူငယ်ချင်း စလတ
ဝေးတုန်းက သတိရအောင့်မေ့ လွမ်းတယ်။
ခု.. နီးတော့ ရန်ဖြစ်နေတယ်.. :P
မမပို့စ်ဖတ်လိုက်တော့ ပိုသနားသွားပြီ။ အိမ်ပြန်ချွဲလိုက်ဦးမှ..
ဘာလိုလိုနဲ့ နောက်လဆို ခွဲရပြန်ဦးမယ်။
ကျွန်တော်က blackcoffee ပါ။ www.sindecafe.com ကပါ။ကျွန်တော်တို့ ဆီလည်းလလည်ပါဦး။