မျှော်လင့်ချက်
သူမနာမည်ကို အင်းအင်း လို့ခေါ်ပါတယ်။ အင်းအင်းကို မွေးပြီး သိပ်မကြာခင်မှာပဲ သူမဖေဖေက သူမနဲ့ သူမမေမေကို ခွဲခွာသွားခဲ့တယ်။ သူမ မေမေက ဆက်လက် ကျွေးမွေး စောင့်ရှောက် လာခဲ့တယ်။ သူမ ၃နှစ်ပြည့်တဲ့ နှစ်မှာပဲ သူမမေမေက သူမကို တိုးတိုးတိတ်တိတ် ခွဲခွါသွားခဲ့တယ်။ သူမခမျာ ငယ်လွန်းသေး၍ ဘာမှ မသိရှာဘူးပေါ့။ သူမ မေမေ မရှိတော့နောက် သူမသည် မိဘမဲ့ ကလေးကျောင်းမှာကြီးပြင်းခဲ့ရတယ်။
သူမက စိတ်ဓာတ်မကျပဲ ဆက်လက် ရှင်သန်နိုင်စွမ်း ရှိခဲ့ပါတယ်။ အဲဒါကတော့ သူမ မေမေထားခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပါ။ စာလေးကတော့
{သမီလေး မေမေမရှိတဲ့ အချိန် လောကကြီးရဲ့ အလယ်မှာ ကိုယ်အားကိုကိုယ်ပြီး ဆက်လက်ရှင်သန်သွားပါ။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားပါ။ အရာရာကို ကိုယ်အားကို ကိုယ်ပြီး စိတ်ဓာတ်မြင့်မြတ်တဲ့ မိန်ကလေးတယောက် ဖြစ်အောင် ကြိုးစားပါ။ ကိုယ်ကိုထိန်သိမ်းစောင့်ရှောက်ပါ။ သမီး ၁၄နှစ်ပြည့်တဲ့နေ့ မေမေ လာကြည့်မယ်} လို့ရေးခဲ့တယ်။ ပြီးတော့ ချစ်စရာကောင်းတဲ့ ဝက်ဝံရုပ်လေး တစ်ရုပ် သူမအတွက် လက်ဆောင်ပေးခဲ့တယ်။ အရုပ်လေးရဲ့ ဗိုက်ကလေးထဲမှာတော့ စာလေးတစောင်ရှိတယ်။
{သမီလေးကို မေမေ ချစ်ပါတယ်။ သမီးလေး လောကကြီးထဲမှာ သတ္တိရှိရှိ ရှင်သန်သွားပါ}
သူမ ဝမ်းနည်စရာ ကြုံလာရတိုင်း ၊ သူမ မေမေ ကို သတိရတိုင်း ၊ အရုပ်ကလေးကိုပဲ ရင်ဖွင့်လေ့ရှိတယ်။
တစ်နှစ်ပြီးလို့ တစ်နှစ် အချိန်တွေကြာမြင့် လာသည်နှင့်အမျှ အင်းအင်း တစ်ယောက် တဖြည်းဖြည်း သိတက်တဲ့ အရွယ် ရောက်လာတယ်။ အရွယ်ရောက်လာတာ နှင့်အမျှ လူ့ဘဝဆိုတာ မွေးတစ်နေ့ သေတစ်နေ့ ဆိုသလို နေ့မြင် ညပြောက် ဆိုတဲ့ သဘောတရားတွေကို နားလည် သဘောပေါက်လာတယ်။ သူမရဲ့ စိတ်ထဲမှာတော့ မေမေ မသေ သေးဘူးလို့ ယုံကြည်နေတုန်းပဲ။ အင်းအင်းရဲ့ စိတ်ထဲမှာ မေမေ သူကို မညာလောက်ပါဘူး လို့ သူမလက်ခံထားတယ်။ သူမ မေမေ ပြန်လာကြည့်မဲ့ နေ့ကိုပဲ ဆက်လက် မျှော်လင့်နေသေးတယ်။
သူမ ၁၄နှစ်ပြည့်တဲ့နေ့  သူမ မေမေ ရောက်မလာပါ။ သူမ စိတ်ဓာတ်မကျခဲ့ပါဘူး။ သူမမေမေကို ၁၄ နှစ် ပြည့်တဲ့နှစ် တနှစ်လုံး စောင့်နေခဲ့ပါတယ်။ ၁၄နှစ် တစ်နှစ်လုံး ၊ ၁၅နှစ် ၊ ပြီးတော့ ၁၆နှစ် ရောက်မလာခဲ့ပါ။ ဒီလိုနဲ့ပဲ အသက် ၂၀ ရှိသွားခဲ့တယ် သူမမေမေကတော့ သူမဆီကို ရောက်မလာခဲ့ပါ ။
နောက်ဆုံးတော့ အင်းအင်းသည် မိဘမဲ့ကျောင်းကလေးကို စွန့်ခွါပြီး လောကကြီးအလယ်တွင် တယောက်ထည်း ရုန်းကန်ကြိုစားရင်း ရှင်သန်ခဲ့တယ်။ အလုပ်တခု ရှာတယ်။ လခ သိပ်မများပေမယ့် သူမအတွက် လုံလောက်ရုံလေးနှင့် ပိုလျှံသည့် ပိုက်ဆံလေးတွေကို စုစောင်းထားခဲ့တယ်။ ဒီလိုနှင့် စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေ အတော်အသင့် ရှိလာတယ်။ စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ သူမ စက်ဘီးလေးတစ်စီး ဝယ်လိုက်တယ်။
တစ်နေ့တော့ အဲဒီစက်ဘီးလေးနဲ့ သူမရဲ့ အချစ်ဆုံး အရုပ်ကလေးကို ခေါ်ဆောင်ပြီး သူမ မေမေ အိမ်ရှိရာကို ပြန်ခဲ့တယ်။ စက်ဘီလေးကို နင်းလာခဲ့တာ ၅နာရီလောက် ကြာတော့ သူမနေတဲ့ နေရာလေးကို ရောက်လာခဲ့တယ်။ သူမငယ်ငယ်လေးကတည်းက ပျော်ရွှင်ခဲ့ရတဲ့ နေရာလေး။ သူမ မျှော်လင့်နေခဲ့တဲ့ သူမသိပ်ချစ်သော ဟောင်းနွမ်းနေပြီဖြစ်တဲ့ သူမမေမေရဲ့ အိမ်ကလေး။ နှစ်ရှည်လများ လွမ်းခဲ့ရတဲ့ ပတ်ဝန်ကျင်လေး သူမရောက်လာခဲ့တယ်။ သူမ ယုံကြည် နေတယ် ။ သူမမေမေနှင့် တွေ့ ရတော့မယ်။
သူမ စက်ဘီးပေါ်ကဆင်းပြီး စက်ဘီးကို ခြံဝမှာ ရပ်လိုက်တယ်။ ခြံထဲကို ဝင်ဖို့ ဟန်ပြင်တုန်း မိန်မကြီးတစ်ယောက် ထွက်လာတယ်။ အသံခပ်ကျယ်ကျယ် ပါးစပ်ခပ်ကြမ်းကြမ်း မိန်းမကြီးတစ်ယောက် ။ သူမကို ဒေါသ တစ်ကြီးနှင့် ပြောတယ်။
"ဟေ့ သူများ အိမ်ရှေ့မှာ စက်ဘီး လာမရပ်နဲ့ သွား.... သွား..."
သူမ မယုံကြည်နိုင်အောင် ဖြစ်ခဲ့တယ်။ အဲဒီမိန်းမကြီးက ဒီအိမ်လေးရဲ့ အရှင်သခင်တဲ့။ သူမ စောင့်စားခဲ့ ရတဲ့ မျှော်လင့်ချက်များကတော့ တစ်ခဏ အတွင်းမှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူမ မေမေကို စိတ်မဆိုးပါဘူး။ သူမ မေမေက သူမကို လူလောကအလယ်မှာ ရှင်သန်နိုင်အောင် သင်ပေးသွားခဲ့တာပဲလို့ မှတ်ယူလိုက်တယ်။ အင်းအင်း တစ်ယောက် အရာရာကို နားလည် သဘောပေါက် လိုက်ပါတော့တယ်။
လူတိုင်းလူတိုင်းသည် မျှော်လင့်ချက် ကိုယ်စီရှိကြသည်။ မျှော်လင့်ချက်တွေနဲ့ မျှော်လင့်ရင်း ရှင်သန်နေကြသည်။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
Comments
ဘဝ...ဘဝ...ဘဝ..
လောကဓံကိုအံတုရဲရမယ့်ကညာပေးဇာတ်လမ်းလို့လဲပြောလို့ရတယ်နော်။ :)
လေးစားလျက်
aelko
ခင်မင်လေးစားလျှက်
စာကောင်းလေးဖတ်ရလို့ကျေးဇူး
အင်းအင်းအကြောင်းကို ဂျင်းဂျင်းလာဖတ်သွားတယ်နော်... :D
ကောင်မလေးက သနားစရာလေး....း(
ဒီလိုပါပဲ..မျှော်လင့်ရင်း ရှင်သန်ကြီးပြင်း....၊ နောက်တော့လည်း... အရာရာကိုစွန့်ခွါပြီး လောကထဲက တိတ်တစ်ဆိတ်ထွက်ခွါသွားကြရစမြဲပဲလေ....။
ခင်မင်တဲ့
ဏီလင်းညို
ဟုတ်တယ်၊ အရာရာကိုနားလည်နိုင်အောင်ကြီုးစားတာဟာ
လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကိုခိုင်မာစေတယ်။
အင်းအင်းလေးလိုပေါ့
စလတ
"နင် ငါ့လို -ာ ဖြစ်မှာ စိုးလို့ဟဲ့......." တဲ့