မိုးနတ်မင်းရေ....
ဘာအငြိုးနဲ့များ..
မိုးစက်တွေနဲ့
ဝိုင်းဒိုင်းကျဲ စစ်ခင်းနေတာလဲ....။
အချိန်နာရီ လက်တံလေးတွေကလဲ
ငါ့နားနားမှာ.....
အထီးကျန်စွာ ဆော့ကစားနေတယ်.....။
အသံလာရာ နားစွံမိတော့
တေးသွာညီညီ
ကာရန်လိုက်တဲ့
ရင်ခုန်သံ....။
အတွေးပေါင်းများစွာနဲ့
သခင့်ပုံရိပ်တွေက
အိပ်စက်ခြင်းနဲ့
လွန်ဆွဲနေလေရဲ့......။
ကမ္ဘာကျော် အဆိုတော်ရဲ့
သီချင်းသံကို ကြားလိုက်တယ်
အော်အီးအီးအွတ်.......
မနက်မိုးလင်းပြီတဲ့။။။။။
ဘာအငြိုးနဲ့များ..
မိုးစက်တွေနဲ့
ဝိုင်းဒိုင်းကျဲ စစ်ခင်းနေတာလဲ....။
အချိန်နာရီ လက်တံလေးတွေကလဲ
ငါ့နားနားမှာ.....
အထီးကျန်စွာ ဆော့ကစားနေတယ်.....။
အသံလာရာ နားစွံမိတော့
တေးသွာညီညီ
ကာရန်လိုက်တဲ့
ရင်ခုန်သံ....။
အတွေးပေါင်းများစွာနဲ့
သခင့်ပုံရိပ်တွေက
အိပ်စက်ခြင်းနဲ့
လွန်ဆွဲနေလေရဲ့......။
ကမ္ဘာကျော် အဆိုတော်ရဲ့
သီချင်းသံကို ကြားလိုက်တယ်
အော်အီးအီးအွတ်.......
မနက်မိုးလင်းပြီတဲ့။။။။။
(မြတ်မွန်)
16 comments:
ဆောင်းတွင်းမှာ မိုးရွာတော့ မတိတ်တော့တာ နေမှာပေါ့ဗျ.....
ညတာရှည်တဲ့ ဆောင်းညမှာ အိပ်မဖြစ်ခဲ့ရင် ပိုလို့ တာရှည်တယ်လို့ ထင်မိတယ်။ အိပ်ချင်မူးတူးနဲ့ ရေးတဲ့ကဗျာလည်း ဆောင်းအိပ်မက်လို ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ အမှန်ပဲ ကယောက်ကယက်ဖြစ်ပုံရတယ်။
ဘာမှ မတွေးပဲ အိပ်ပါမွန်...း)
မြတ်မွန်ရေ...
ဘာမှမတွေးနေနဲ့...အိပ်ပျော်အောင်အိပ်...။ မိုးအေးအေးမှာ ဇိမ်နဲ့ကွေးရတာလောက် အရသာ ဘာမှမရှိဘူးထင်လို့....:D
ခင်မင်တဲ့
ဏီလင်းညို
ကဗျာလေး ကောင်းတယ်...
ကမ္ဘာကျော်အဆိုတော်ရဲ့ သီချင်းသံလား...
ဒီလိုပါပဲ အိမ်မရကြပေမယ့် အိပ်ကြရမယ်လေ...း)
;) အိပ်မရတဲ့ညတွေများနေပြီလာဗျာ
း)
လန်းပါ့ ဗျာ
အိပ်ပျော်အောင် အိပ်ပါ ..း))
စာသားတွေကတော့ ဝိုန်းဒိုင်းကျဲနေတာပဲ အမရေ
ဟောဗျာ ကဗျာအဆုံးသတ်ရောက်တော့
ပြုံးသွားရတယ် အိပ်ပျက်ညတွေများနေပြီ
ထင်တယ် . . .
သည်ကဗျာလေး ထိတယ်.. ဘာမှတော့မပြောခဲ့တော့ဘူးနော်.. ခံစားချက်ချင်းညီလို့ နားလည်မိတယ်..
မိုးလင်းသွားတဲ့ညများက မဆန်းတော့သလိုပါပဲ
ညတွေဆို ဇီးကွက်တွေ ဖြစ်နေပြီလေ
ညဆို မအိပ်ချင်ဘူး မနက်ဆိုမထချင်ဘူး
တကယ့် ကမ္ဘာကျော် အဆိုတော်ပဲ.... :D
ကဗျာလေးက ပြေပြေလေးနဲ့ကောင်းတယ်။ နှစ်ခြိုက်မိပါတယ်။
အခါလွန်မိုး ထင်ပါရဲ့ ။ ဆောင်းမှာ ရွာတာဆိုတော့။
တကယ့်ကိုကဗျာစပ်တော်ပါပေတယ် သူငယ်ချင်းမမြတ်မွန်
Post a Comment