12/18/2009

ဒီဇင်ဘာ


သိပ်ချစ်စရာ ကောင်းတဲ့ ဒီဇင်ဘာရေ..
ချစ်စရာနေ့လေးတစ်နေ့နဲ့အစပြုလို့

(sweet december)

လှပတဲ့ ၃ရက်မြောက်နေ့ကတော့
(my birthday)

အအေးချမ်းဆုံးလတစ်လဖြစ်သလို
နှင်းတွေ အဝေဆုံးလတစ်လ

(snow december)

လွမ်းဆွတ်ခြင်းတွေကို ခံစားစေတဲ့
(miss december)

သံဇဉ်လေးတွေ သီဆိုရင်း
ပျော်ရွှင်စရာ ပွဲလေးတစ်ခု ဖန်ဆင်းပြန်တယ်

(merry christmas from december)

ဝမ်းနည်းစွာ ကုန်ဆုံးသွားပေမယ့်
(31 december night)

ပျော်ရွှင်ခြင်းတွေနှင့်အတူ
နှစ်သစ်တခုကို နောက်ဆုံးမွေးဖွား ပေးလိုက်သေးသားဘဲနော်

(Happy NewYear)




Ps: လတွေထဲမှာ ဒီဇင်ဘာလလေးကို ကြိုက်တယ်..ဒီဇင်ဘာ လလေးကို ချစ်လို့ ရိုးရိုးလေးဘဲ ရေးမိတယ်...
မြတ်မွန်

14 comments:

ဂျပန်ကောင်လေး said...

စိတ်ကူးတယ်ကောင်းတာပဲ... :P.. ဒါနဲ့ အမမွေးနေ့ ကျော်သွားတာမသိလိုက်ဘူး.. မုန့်လည်း မစားလိုက်ရ၀ူး.. ဟက်ပီးဘတ်ဒေးဖြစ်ခဲ့ပါစေဗျာ...း)

♥ကိုဇော်♥ said...

အို့..ဒီဇင်ဘာ..
ကိုယ့်ရင်ခွင်မှာ အလွမ်းတွေ နှမ်းများကြားသိမ်းထားရ..

ဟီး..ဘာရယ် မဟုတ်ဘူး.။
ဆိုကြည့်တာ.။
ပျော်ရွှင်စရာ ဒီဇင်ဘာ ဖြစ်ပါစေဗျာ။
New Year ညကျရင် ကျနော်တို့ အော်ကြမယ်။

Anonymous said...

စိတ်ကူးလေးး လှတယ် ........

မြတ်မွန် said...

to:ဂျပန်ကောင်းလေးရေ....
ဟုတ်တယ် ဘလော့မှာ ဘယ်သူမှ သိပ်မသိသေးလို့ လုပ်ရမှာ အားနာလို့ပါ..။ အပြင်မှာတောင် မလုပ်ဖြစ်ပါဘူး။ မွေးနေ့ စီစဉ်မရှိပဲ ပြီးသွားပါတယ်ရှင်..။
နောက်နှစ်ဆို လုပ်မယ်နော်..အကြွေးပေါ့..ဟီး..။

to: ကိုဇော်ရေ...
နှမ်းတွေကြား သိမ်းတယ်ပေါ့လေ..
ဟုတ်ကဲ့ ..
ဒီဇင်ဘာည အော်ကြမယ်လေ..ဘလော့မှာပေါ့ ဟိ..

to:Anonymous ရေ..
ကျေးဇူးတင်တယ်နော်..။
း)..

အိမ် said...

ဒီလောက် အအေးကြိုက်ရင်လဲ ဝင်ရိုးစွန်းမှာ သွားနေပါလား.. ဟင်.. အကြံပေးတာပါနော် အဟီး

မြစ်ကျိုးအင်း said...

ဒီဇင်ဘာကို အမှတ်ရတဲ့သူတွေ တော်တော် များတယ်ဗျ။ ကိုယ်ကိုတိုင်လည်း ပါတာပါပဲလေ။

၁ရက်နေ့ အလုပ်ပိတ်တာပဲ ကျော်သွားတဲ့ မွေးနေ့ကို ပေါင်းကျွေးလို့ရတယ်လေ :)

ဖိုးဂျယ် said...

မမြတ်မွန်ရေ ကျွန်တော်ကလဲ ဒီဇင်ဘာ ဖွားပဲဗျ ၅ ရက်နေ့ပါ။း)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဒီဇင်ဘာကိုလွမ်းသလို
ကောင်မလေးတယောက် ကိုလည်းလွမ်းပါတယ်
သူ ကတော့မေ့လို့ 
အလွမ်းတွေကို
ဒီဇင်ဘာနှင်းတွေနဲ့ အတူ
ထားခဲ့လိုက်ပါပြီ
မေ့သွားတဲ့ မေ့နေတဲ့ သူ တယောက်ကို
သတိယနေမိတာ ကိုယ့်အမှားပါ ကလေး ၇ယ်

~ဏီလင်းညို~ said...

မြတ်မွန်ရေ......
ဒီဇင်ဘာလေးကို ရေးထားတဲ့စိတ်ကူးလေးက ကောင်းပါ့ဗျာ...။ တစ်ကယ်..တစ်ကယ်...။
မွေးနေ့ဆိုပြီး ဘာမှလည်းကျွေးဘူးနော်...ကပ်စီးနည်းဒယ်...။ ဟွန်းးးးးးးးး

ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

to: အိမ် said...
ဒီဇင်ဘာကို ချစ်တရ်လို့ ပြောတာကြီးကို
ဝင်ရိုးစွန်းတော့ မနေပါရစေနဲ့ ကိုအိမ်ရယ်..ကျေးဇူး..း)

to: မြစ်ကျိုးအင်းsaid...
ဟားဟား..အကိုရေ..ရဘူး..နောက်နှစ်..ဒါဗြဲ..။
ဟုတ်တယ်နော်..၁ရက်နေ့ ဘာလုပ်ရင် ကောင်းမလဲ သိဘူး..။

to:ဖိုးဂျယ် said...
သိပ်မကွာဘူးပေါ့ december မွေးတွေပေါ့ အဖော်ရပြီ။

to:Ko Toe Gyi ...
ဟုတ်ကဲ့ သတိရပါတယ် ..ဦးတိုးရဲ့..

to:ကိုဏီး
ကိုဏီးရေ..ကပ်စီးနည်းပါဘူးတော်..ဘလော့မှာကျွေးတာများ လွယ်လွယ်လေးဟဲဟဲ..

ကာရံမဲ့ said...

ဒီဇင်ဘာလမှာ မွေးတဲ့ နှင်းချစ်သူတစ်ယောက် အေးချမ်းတဲ့ ဒီဇင်ဘာလလေးမှာ အေးချမ်းပျော်ရွှင်စရာ ဘဝကို ပိုင်ဆိုင်ရင်း နှစ်သစ်မှာ ပျော်ရွင်ပါစေလို့ မွေးနေ့ဆုတောင်းလေးအဖြစ် ဆုတောင်းပေးလိုက်ပါတယ်.။

အခုမှ ဘလော့တွေကို လေ့လာ ဖတ်ရှုတာမို့ မွေးနေ့ကို နောက်ကျမှ ဆုတောင်းပေးနိုင်တာ ခွင့်လွတ်ပါဗျ....

ညရဲ့ကောင်းကင် said...

ဒီဇင်ဘာလလေးမှာ ပျော်ရွှင်နိုင်ပါစေဗျာ...
ကဗျာလေးလည်းကောင်းတယ်...

မွေးနေ့ဆုတောင်းပေးပါတယ်ဗျာ ..ဘာပဲဖြစ်ဖြစ်ပေါ့ (မစားရလည်းပဲ)...

ဒီဇင်ဘာနှင်းမှုန်ဖွဲဖွဲမှာ မွေးဖွားသူလေး
နှင်းရဲ့အေးမြခြင်း ... နှင်းရဲ့ဖြူစင်ခြင်း ...
နှင်းရဲ့သာယာကြည်နူးခြင်းတွေနဲ့ အတူ
အရာရာကို အနိုင်ယူ
ပိုင်ရာဆိုင်ရာကို အရယူလို့
ကျန်းမာပျော်ရွှင်သူလေး ဖြစ်ပါစေဗျာ...


ဒီဇင်ဘာဆိုတာ ကျွန်တော့်အတွက်တော့ ချမ်းအေးသလောက်
အလွမ်းဆွေးရတဲ့လပေါ့ဗျာ...အဟင်း
တောင်းပန်ပါတယ်ဗျာ...
ကျွန်တော်မန့်ရင် အလွမ်းအဆွေးတွေပဲ ဖြစ်ဖြစ်နေတယ်...

ခင်မင်လျက်
ညရဲ့ကောင်းကင်

မိုးခါး said...

နောက်နှစ် မွေးနေ့ပွဲ စားဖို့ စောင့်နေပါတယ် .. ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေး)

ကလေးငယ်လေး said...

သမီးလည်း ဒီဇင်ဘာကို သိပ်သိပ်ကြိုက် :)