ထိုင်ဝမ်သင်္ကြန်
ဒီနေ့(၁၀.၄.၂၀၁၁) ထိုင်ဝမ်နိုင်ငံ မြန်မာသင်္ကြန်ပွဲကို မြန်မာဈေးဆိုင်ခန်းများရှိတဲ့ မြန်မာတန်းမှာ ကျင်းပပါခဲ့တယ်။ မနက်စောစော မနက်စာ သွားဝယ်ရင်း သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နေတာကို တွေ့ခဲ့ရတာနဲ့ ပုံတချို့ ရိုက်ဖြစ်ခဲ့ပါတယ်။
စတိတ်စင်
မြန်မာသင်္ကြန်ပွဲတော်မုဒ်ဦးဝ
မနက်၉နာရီ လောက်မှာ မြန်မာသင်္ကြန်ပွဲကိုစတင်ပါတယ်။ ဒါနဲ့ ကင်မရာယူပြီး နောက်တခေါက်သွားရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ကို နိင်ငံရပ်ခြားရောက်နေကြတဲ့ စာဖတ်သူမိတ်ဆွေများနဲ့ ဘလော့ဂါမောင်နှမများ မြန်မာပြည်သင်္ကြန် အလွမ်းပြေ ကြည့်နိင်ဖို့ တင်ပေးလိုက်ပါတယ်။
မြန်မာသင်္ကြန်ပွဲတော်မုဒ်ဦးဝ
မြန်မာ့အတာသင်္ကြန် ပိတောက်ပန်းအတုလေးတွေနဲ့ အလှဆင်ထားကြတယ်။
ု
ု
ညိုမြ သီချင်းနဲ့ဖျော်ဖြေနေပုံ
သတင်းဌာနတွေကလည်း သင်္ကြန်ပွဲတော်ကို အစအဆုံးရိုက်ကူးနေကြပါတယ်။
မြန်မာသင်္ကြန်ပွဲတော်ကို ထိုင်ဝမ်နိင်ငံ ရုပ်သံဌာနမှ တိုက်ရိုက်ထုတ်လွှင့်နေပုံ
ကံစမ်းမဲတွေဖောက်ကြတာတော့ ရိုက်မလာဖြစ်လိုက်ဘူး။ မြန်မာနှင့်ထိုင်ဝမ် အသွားအပြန် လေယဉ်လက်မှတ် မဲဖောက်ပေးပါတယ်။ တစ်ခြားဆုတွေနှင့် ပိုက်ဆံတွေ မဲဖောက်တယ်လို့လည်း သိရပါတယ်။နေ့လည် ၂နာရီခွဲလောက်မှာ မြန်မာ သင်္ကြန်ပွဲတော် အောင်မြင်စွာ ပြီးဆုံးသွားပါတယ်ရှင်။ အခုပွဲကို ထိုင်ဝမ်နိင်ငံရဲ့ လွှတ်တော်အမတ်တွေ က စီစဉ်ပေးခြင်းဖြ စ်ပါတယ်။ ထိုင်ဝမ်ရောက် မြန်မာအသင်းက ဦးဆောင်စီစဉ်မယ့် သင်္ကြန်ပွဲတော် နောက်တပွဲကို ၂၄ရက်နေ့မှာ ထပ်မံပြုလုပ်အုံးမယ်လို့တိုးတိုးတိတ်တိတ် ကြားသိရပါသေးတယ်။
လာလည်ကြတဲ့ စာဖတ်သူများနဲ့ ဘလော့မောင်နှမများအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။
လေးစားစွာဖြင့်
မြတ်မွန်
မြတ်မွန်
Comments
ဒါပေမယ့် အဲ့မှာလို ရေပက်လို့ရဘူးရယ်...၊ဒါပေမယ့် ပျော်
စရာကောင်းပါတယ်...။စောင်းဘေးနားက အလံနှစ်လက်
ကိုမြင်တော့ အနီနဲ့အပြာက မြန်မာပြည်အလံ၊သုံးရောင်
ချယ်၊ကြယ်တစ်လုံးက ထိုင်ဝမ်အလံရယ်အောက်မေ့မိသေး
နောက်မှဟုတ်သေးပါဘူး...ဆိုပြီး မနဲစဉ်းစားလိုက်ရတယ်......:)))
ရေ တွေ အဲ့လိုကို ပတ်ကြတယ်ပေါ့ ..
ပျော်စရာကြီးးး ...း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မွန့်ကိုရေကြိုလောင်းသွားရင် ကောင်းမလားးးးးး....း)
ချစ်တဲ့
ဂျင်း
မွန်မ . . . ဗွမ်း . . . လောင်းတယ်ဟား))) ဌဲဌဲး)))
ဒီနှစ်ပွဲက မနှစ်ကထက်လူပိုများလာပေမဲ့ အကပဒေသာတင်ဆက်မှုတွေက မနှစ်ကလောက် မရှိဘူးနော် ။
မြန်မာ့ရိုးရာတူရိယာတွေ ကိုပြထားတာတော့ကောင်းပါတယ်။ဒါပေမဲ့ အင်ဒိုနီးရှား တို့ ၊ဗီယက်နမ်တို့ ရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ရောပြထားတော့ မသိတဲ့သူတွေအတွက် ရောယောင်မှုတွေ ဖြစ်စေတယ် ။
၂၄ ရက်နေ့မှာ ရှိသေးတယ်တဲ့လား၊
ညီမလေးနဲ့ လူချင်း တခါမှ မဆုံဖြစ်သေးဘူးနော် ..
သဘောပေါက်..း))
ခင်တဲ့ မကိ.
မိုးတို့ မှာလည်း မနေ့ကလုပ်တယ်။
ရေမပက်ပေမယ် ပျော်တော့ပျော်စရာကြီး
ဆန်းတော့ဆန်းသား ရေမပက်ပဲပျော်ခဲ့ရတဲ့သင်္ကြန်တွက်း)
မွန်ရေ ရေပက်ခဲ့ပြီနော် နံသာရေအေးအေးလေးကို အောင်သပြေခတ်ကလေးနဲ့
နှစ်သစ်မှစကိုယ်ရောစိတ်ပါကျမ်းမာလို့ 
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဘာလိုလိုနဲ့  ချစ်စရာ သင်္ကြန်ကို
သူတို့ လည်း ချစ်တတ် လာကြပြီလေ..။
ဒါနဲ့ .. အခုနှစ်ဗမာပြည်က သင်္ကြန်မှာ
သံကြပ် တွေ မထိုးရဘူးလို့  သိရတယ်။
ဘယ်လောက်ပဲစည်စည်ပါ။ ကိုယ်တိုင်တော့ ဝင်ကစားချင်တဲ့စိတ် ပျောက်နေတော့တယ်။
မြန်မာပြည် ပြန်ရောက်မှပဲ ကဲချင်မယ်နဲ့ တူပါရဲ့။
အပင်ဖျန်းတဲ့ ရေပန်းလေးနဲ့ ရေလောင်းသွားပါတယ်။
ပျော်ရွှင်ချမ်းမြေ့သော သင်္ကြန်ကာလနဲ့ အောင်မြင်ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ပါစေ ညီမလေးရေ...
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ...
ပျော်ရွှင်ပါစေဗျာ မင်္ဂလာနှစ်သစ်ပါညီမရေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး