ကျွန်မ လုပ်တဲ့ ကုမ္ပဏီအနီးနားမှာ စက်ရုံတွေ ကျောင်းတွေ ရှိတာကြောင့် ထမင်းစားချိန်ဆိုရင် ဆိုင်တိုင်းလိုလို လူများပါတယ်။ ဆိုင်တွေက ပစ်တဲ့ တစ်ခါသုံး ရေသန့်ဗူးတွေ စက္ကူ ပန်းကန်တွေ ခွက်တွေကို ကောက်တဲ့ အသက်ကြီးကြီး အဖိုးအိုတွေ အဖွားအိုတွေကလည်း များသားရယ်။ အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေ စက္ကူဗူးတွေ ရေသန့်ဗူးတွေ လိုက်ကောက်နေရတာ မြင်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ရေဗူးတွေ ခွက်တွေ ပေါတဲ့ နိုင်ငံဆိုတော့ လွှတ်ပစ် ပစ္စည်းတွေကလည်း များပါတယ်။ အိမ်မှာဆိုရင် စက္ကုဗူးတွေကို သေသေခြာခြာခေါက်၊ ရေသန့်ဗူးခွံတွေ အအေးဗူးခွံတွေဆိုရင် ခြေထောက်နဲ့ ပြားနေအောင်တက်နင်း၊ အိတ်တစ်အိတ်ထဲမှာ ထည့်ပြီး လိုက်ကောက်တက်တဲ့ အဖိုးအဖွားတွေ တွေ့ရင် ပေးပါတယ်။
တစ်ချို့ကတော့ အိမ်က သားသမီးတွေက မစောင့်ရှောက်လို့ ကောက်ရတာဖြစ်ပြီး တစ်ချို့ကျတော့ ပိုက်ဆံရှိရဲ့နဲ့ အပိုဝင်ငွေရအောင်ဆိုပြီး ကောက်တာလို့ တစ်ခါ သတင်းထဲမှာ ဖတ်ဖူးလိုက်သေးတယ်။ အမှိုက်ကား အရှေ့မှာ လမ်းလျှောက်ပြီး အိမ်တွေက လွှတ်ပြစ်တဲ့ စက္ကူဗူးတွေ၊ အအေးဗူး၊ ရေသန့်ဗူး အစရှိတဲ့ ရောင်းလို့ ရတာ မှန်သမျှ ရှေ့က ဦးအောင် လိုက်သိမ်းတတ်ကြတယ်။ တစ်ခါတစ်လေ ကောက်တဲ့ လူများတဲ့ အခါ သူထက်ငါ အလုအယက် ကောက်ကြရင်း ရန်ဖြစ်ကြတာကို တွေ့ရပြန်ပါတယ်။ ရေသန့်ဗူးပေါ်မှာ ထားတဲ့ သူတို့တွေရဲ့ အတ္တပေါ့။
လွန်ခဲ့တဲ့တစ်ပါတ်ကျော်လောက်ကပေါ့ ထမင်းဗူးမပါတော့ အပြင်မှာ ထွက်စားပါတယ်။ ခေါက်ဆွဲဆိုင်နား ရောက်တော့ အသက်၃၀လောက် ရှိတဲ့ လူတစ်ယောက် ရေသန့်ဗူးတွေ လိုက်ကောက်တယ် ထင်ပါရဲ့ ဟောင်းဟောင်းနွမ်းနွမ်း စုတ်စုတ်ပြတ်ပြတ်နဲ့ ။ ထိုလူက တုန်တုန်ချိချိနဲ့ အသက်တော်တော်ကြီးပုံရတဲ့ အဖိုးအိုကို လက်သီးတွေနဲ့ ပိတ်ထိုး တစ်ဘုန်းဘုန်း နဲ့ထုရိုက်နေတာကို တွေ့လိုက်ရတယ်။ အဖိုးအိုက ဘာတစ်ခုမှ ပြန်မခုခံတဲ့ အပြင် “ ခွင့်လွတ်ပါကွာ ငါမသိလို့ပါ ” ဆိုပြီး တောင်းပန်နေသေးတယ်။ ခံနေရတဲ့ အဖိုးအိုဘက်က ဝင်ဆွဲမယ့်လူမရှိဘူး။ အင်အား မမျှမှန်းသိပေမယ့် အားလုံးက ဝိုင်းကြည့်နေကြတော့ မိန်းကလေးဖြစ်တဲ့ ကျွန်မက ဘေးနားက ကြည့်ပြီး ဒေါသ ထွက်နေရုံက လွဲပြီး ဘာမှ မတက်နိုင်ခဲ့။
အစအဆုံး မမြင်လိုက်ရတော့ ဘာဖြစ်မှန်းတော့ မသိဘူးပေါ့။ အနီးနားမှာ ကြည့်နေတဲ့ လူတစ်ယောက်ကို မေးကြည့်မိပါတယ်။ အဖိုးအိုက ဘာများ လုပ်မိလို့ ဒီလို အနိုင်ကျင့်ရတာလဲပေါ့။ ဟိုလူကောက်ထားတဲ့ ရေသန့်ဗူး ကို အဖိုးအိုက သွားယူမိလိုက်လို့ တဲ့လေ။ သြော်....ဖြစ်ရလေ ရေသန့်ဗူးခွံလေး တစ်ဗူးနဲ့ အဲလောက်တောင် ရန်ရှာရလား ဆိုပြီး ထိုလူရဲ့ အတ္တစိတ်ကို မြင်မိတယ်။ အဖိုးအိုက မသိလို့ ယူမိတာကို တောင်းပန်နေပေမယ့် ထိုလူရဲ့စိတ်က ငါ့ပစ္စည်းဆိုတဲ့ အတ္တစိတ်ကြောင့် ရန်ရှာပါတော့တယ်။ လူရဲ့အတ္တဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာ။ အသက်ကြီးတာ ငယ်တာ မျက်စိထဲမှာ မမြင်တော့ဘူး။ ငါပစ္စည်းဆိုတဲ့ အတ္တစိတ်က အသိညာဏ်ကို ဖုံးလွမ်းသွားတော့တယ်။ တန်ဖိုးအနည်းအများ ဆိုတာထက် မိမိပစ္စည်းဆိုတဲ့ အတ္တကြောင့် သက်ကြီးရွယ်အို ဆိုတဲ့ အသိပျောက်သွားရတာတော့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိင်ခြင်း တစ်မျိုးဖြစ်သလို စိတ်ဓါတ်ညံ့ဖျင်းမှု လို့ပဲမှတ်ချက်ချမိလိုက်ပါတော့တယ်။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
28 comments:
x-(
ဖတ်ရင်းတောင် ဒေါသထွက်တယ်
ဒုက္ခ ဘယ်လိုလူလဲမသိဘူး
အဖိုးကြီးတွေ အဖွားကြီးတွေ ကူကယ်သူမရှိနဲ့ တော်တော်သနားဖို့ ကောင်းတယ်
အကုသိုလ်ဝဋ်ကြွေးတွေပဲနေမှာပါ ...
ကိုယ်လည်း မတတ်နိုင် ...
ဟူးးးးးးး
ဒီမှာ နေ့တိုင်းနီးပါး တွေ့နေရတဲ့ အဖြစ်အပျက်တွေပါပဲ၊ တိုးတက်လာနာနဲ့ အမျှ တစ်ဘက်က ဆုတ်ယုတ်လာတာတွေ ဒွန်တွဲတွေ့နေရပါတယ်၊
ညီမမြတ်မွန် ရေ
ဘဝ မှာ အဲလိုတွေ အများကြီး ဘာမဟုတ်တာလေး အတွက် အားလုံးကို စတေးပြစ်လိုက်ကြတာလေ
ရွှေစင်ဦး
အတ္တကြီးတဲ့ သူတွေပေါ့နော် ဒီလိုလူမျိုးတွေက နေရာတိုင်းမှာ ရှိတတ်ပါတယ်
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
ကြောက်ဖို့ကောင်းတယ်နော်..
အတ္တကြီးတဲ့လူတွေများးးး...
အမွန်လေးရေ..မတွေ့တာကြာပေါ့..
အိမ်ကိုလာခဲ့အုံး....:)
သြော်. .ဖြစ်မှ ဖြစ်ရလေ။
ဟုတ်တယ်. . အတ္တပဲ ၊ ဒါ စာနာမှု မရှိတော့တာ ၊
ရင်ဘတ်ထဲမှာ ကိုယ့်အတွက် လိုချင်နေတာတွေပဲ ရှိနေကြတော့ ပူလောင်ကြရတာပေါ့။
ဖတ်ရတာ စိတ်မကောင်းလိုက်တာ မွန်ရယ်...အဲဒီလို ရေသန့်ဗူးခွံလေး တစ်ခု အတွက်နဲ့ အဲဒီလောက်တောင် လုပ်ရသလား...ကြောက်စရာကောင်းလိုက်တဲ့ လောဘစိတ်၊ အတ္တစိတ်ပါလား...
ချစ်တဲ့
လူ တိုင်းမှာ အတ္တ တော့  ကိုယ်စီ ရှိ ကြ ပါတယ်လေ။
နဲ တာ နဲ့  များ တာ ပဲ ကွာသလို ကောင်း တာနဲ့ 
မကောင်း တာ နဲ့  ကွာ ကြပါတယ်။
လူ တိုင်း က တော့  ကိုယ့် ကိုယ် ကို အရင် ကြည့် တတ်
ကြ ပါတယ်။
ဒီမှာက ရုပ်ဝတ္ထု တွေ သာ တိုးတက် နေ ကြ ပေမဲ့  စိတ်
ပိုင်း ဆိုင် ရာ မှာ ကျ ရှုံး နေကြ သူ တွေ အများကြီးပါ။
ဟုတ်တယ်မြတ်မွန်ရေ...ဒီမှာလည်းအတူတူပဲဗျ။ သက်ကြီးရွယ်အိုတွေပဲ ဘူးခွံတွေလိုက်ကောက်နေကြတာ။ ရန်ဖြစ်တာတော့တွေဖူးသေးဘူး။ ဒါပေမယ့် အတ္တကြီးတာချင်းတော့တူကြပါတယ်။ တစ်ခါလည်း ရထားပေါ်မှာလေ ထိုင်စရာနေရာတစ်ခုအတွက်နဲ့ အဖိုးအိုတစ်ယောက်နဲ့ ရန်ဖြစ်နေတာတွေဖူးတယ်။ ကိုယ်ဘာသာ ကိုယ်ယဉ်ကျေးမှု့ ထဲမှာနေရတာပဲကောင်းပါတယ်ဗျာ နော်.. ခင်တဲ့(ချိုကျ)
အတ္တကြီးလာတာနဲ့အမျှ မေတ္တာတရားခေါင်းပါးလာတယ်..
ကြီးသူငယ်သူရယ်လို့လဲ မခွဲခြားနိုင်ကြတော့ဘူး
လောဘစိတ်ပါပေါင်းလိုက်တော့ ပိုဆိုးသွားတယ်နော်..
ဒီလိုအဖြစ်တွေက မကြည့်ချင်လဲ မြင်နေရက်သား ဖြစ်နေတယ်..
မေတ္တတရား ခေါင်းပါးလွန်းနေကြပြီ..
လောကမှာ ဒါမျိုးတွေ များလာတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးနော်...
လူတွေလည်း အတ္တတွေပိုများ လာတယ်ဗျာ..
ကိုယ် ကိုတိုင်အပါအ၀င်ပါဘဲ
အတ္တ ဆိုတာ လူတိုင်းမှာရှိတတ်ကြပါတယ်...
ကွဲပြားမှုလည်းရှိကြတယ်...
တချို့က စဉ်းစားတတ်တဲ့ ဆင်ချင်တုန်တရား ရှိတယ်...
တချို့ကတော့ တဆောက်ကန်းပေါ့...
တချို့ကတော့ အသိဥာဏ်နဲ့ယှဉ်ပြီး သူတို့ရဲ့အတ္တကိုဖုံးကွယ်ထားတတ်ကြတယ်လေ....။
ဘယ်လိုပဲဖြစ်ဖြစ် အတ္တဆိုတာ နည်းလေကောင်းလေပါပဲ....
ကျနော်သာ မမြတ်မွန်နေရာမှာဆို အဲလူကိုဝင်ရိုက်ပီ။ တကယ်။ ပညာရှိတယ်ပြောပြော၊ မရှိဘူးပြောပြော။ လူရှုပ်ရှုပ် ကိုယ့်အထုပ်ကို ဖြည်တာတော့ မဟုတ်ပါဘူး။ လောကကြီးက မျှတအောင်မလုပ်တော့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝင်လုပ်ပေးရတာပေါ့။ Anonymous နဲ့ပဲ မန့်လိုက်တယ်။ အမှန်ကတော့ sta.
အတ္တကြီးလွန်းသူတွေကို အရမ်းကို ရွံရှာမိတယ်..။
စာနာမှုတွေ ခေါင်းပါးနေကြတာကို ဒီလိုပဲ မကြာခဏကြုံနေရတယ်..။ စိတ်ပျက်စရာ..။
အခုပဲ ကို မြစ်ကျိုးရေးတဲ့ ...
မေတ္တာဆန်ရေ လေး ဖတ်လာပါတယ် ..။
သက်ကြီးရွယ်အိုတွေ ကို မစာနာကြတဲ့သူတွေ
များလှပါကလား ဗျာ ... :(
ဖြစ်မှဖြစ်ရလေ..လို့ဘဲပြောလိုက်ပါရစေ..
အမမြတ်မွန်ရေ...
တကယ်တော့ဘဝဆိုတာကြီးကလဲလေ
မျှတမှု့ကင်းလွန်းလှပါတယ်...
လောဘဖုံးလာရင် ဒီလိုပဲ အတ္တတွေကွယ် သွားတတ်ကြတာပါပဲ။ ရေသန့်ဗူး ဆိုတာလို့ တောင် မြင်နိင်တော့မယ် မထင်ဘူး။
ကိုယ်ချင်းစာတရားနဲ့ အရာရာကို ဆင်ခြင်နိင်ရင် အကောင်းဆုံးပါပဲ။
အင်း...သူတို ရှိမှာက ကြီးသူကိုကြီးမှန်းမသိ
ငယ်သူကိုလည်း သနားရမှန်းမသိ
တန်းတူကိုလည်း လေးစားရမှန်းမသိ ..
အော် လူတွေ..လူတွေ....
အင်း...သူတို ရှိမှာက ကြီးသူကိုကြီးမှန်းမသိ
ငယ်သူကိုလည်း သနားရမှန်းမသိ
တန်းတူကိုလည်း လေးစားရမှန်းမသိ ..
အော် လူတွေ..လူတွေ....
မြတ်မွန်ရေ.......
ဖတ်ရတာ.........စိတ်ဆိုးစရာကောင်းလိုက်တာ........။
လူတွေအားကြီးဆိုးတယ်.......။
အဲ့ဒီထဲမှာ....... ကိုဏီးတို့လည်းပါတယ်.......။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆိုးမိတာပါပဲလေနော့်.......။
သူက ရေသန့်ဘူးကြောင့်..... ကိုယ်က အခြားတစ်ခုကြောင့်.........။
သူက လူမြင်ကွင်းမှာ......... ကိုယ်က တစ်ခြားတစ်နေရာမှာ...........။
အဲ့ဒါတွေပဲကွာမယ်ထင်တယ်နော့်..........။
(ရောက်အောင်လာခဲ့တယ်ဟေ့...........း))
ခင်မင်တဲ့
ဏီလင်းညို
မမြတ်မွန်ရေ.. မင်္ဂလာပါ။ ကျွန်တော် သိသလောက် ပြောရရင် blogspot လည်း DDos နဲ့ တိုက်ခိုက်မယ်၊ ဟက်မယ်ဆိုရင် ဟက်လို့ရပါတယ်။ ဟက်တဲ့ သူရဲ့ ပညာရပ်အပေါ်မှာ မူတည်ပါတယ်။ တခြား ဟက်ကင်း ပညာရပ်တွေ လည်း အများကြီး ရှိပါသေးတယ်။ ဟက်ကင်း ကာကွယ်သူတွေနဲ့ ဟက်ကာတွေနဲ့ကတော့ အမြဲတမ်း ဘတစ်ပြန်၊ ကျားတစ်ပြန်ပါပဲ။ သူနိုင်လိုက်၊ ကိုယ်နိုင်လိုက်ပေါ့။
(အစ်မပို့စ်ကို ဖတ်ပြီး ၀မ်းနည်းမိပါတယ်။ ဒီလိုလူတန်းစားတွေ ဘက်မှာ ရပ်တည်ပေးမယ့် သူတွေ၊ အဖွဲ့အစည်းတွေ တစ်နေ့ကျ ရှိလာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ အဆင်ပြေပါစေဗျာ။)
လူတိုင်း ဟာ ကိုယ့်အတ္တအတွက် အားလုံး ရှင်သန်ကြတာ များတယ် အမရေ လူတန်းစားမရွေး အလွှာသာကွာသွားမယ် အဲဒိအတ္တကတော့ မပြောင်းလဲဘူး အမ လက်တွေ့တွေ များနေပြီသိရတာ..
အင်း... လူ့အတ္တဟာ ဒီလိုပါပဲ.. ပေါ်လွင်အောင်ရေးသွားနိုင်တယ်ဗျာ.....
ခင်မင်တဲ့
ညီညီထွေး
မွန်ရေ ဒီလိုပဲ ကွယ့် ...
အတ္တဆိုတာ လူတစ်ယောက်မှာ ရှိသင့်ပေမယ့် အတ္တတော့ မကြီးသင့်ဘူးနော် ...
ရေးထားတာကောင်းတယ် ...
အတ္တ ရဲ့ ပြင်းထန်သော မိုက်မဲမှုကို ဖော်ပြနေတဲ့ ၀တ္ထုငယ် တစ်ပုဒ် အဖြစ် ခံစားရပါတယ်။
ငြိမ်းစိုးဦး
ဖတ်လိုက်ရတာ စိတ်မကောင်းစရာပဲ
ဒီလူ သေသင့်တယ်
Post a Comment