စိတ်နှလုံးကို ရွှင်ပြုံးစေလို့
လူအပေါင်းအား လူလောကသို့
ပို့ဆောင်ပေးသော အမျိုးသမီး
အမိမည်၏။။
ငယ်စဉ်ဘဝ အစဉ်လမ်းပြ
ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ
အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း
အမိဆရာ။
ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ
မုန်းတယ်ဘယ်ခါ မရှိလင့်ကာ
ချစ်ခြင်းတွေတာ အသက်ပမာ
အမိချစ်သား။
ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း
ယူဇနာပေါင်း တစ်သန်းနှစ်သောင်း
နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ
အမိမေတ္တာ။
ဤလောကတွင် ပြောမကုန်နိုင်
အမိကျေးဇူး မြဲစွာမှတ်လေ
ဘယ်အခါခါ ဘယ်ချိန်တမ်းတ
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီသာ။
လူအပေါင်းအား လူလောကသို့
ပို့ဆောင်ပေးသော အမျိုးသမီး
အမိမည်၏။။
ငယ်စဉ်ဘဝ အစဉ်လမ်းပြ
ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ
အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း
အမိဆရာ။
ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ
မုန်းတယ်ဘယ်ခါ မရှိလင့်ကာ
ချစ်ခြင်းတွေတာ အသက်ပမာ
အမိချစ်သား။
ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း
ယူဇနာပေါင်း တစ်သန်းနှစ်သောင်း
နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ
အမိမေတ္တာ။
ဤလောကတွင် ပြောမကုန်နိုင်
အမိကျေးဇူး မြဲစွာမှတ်လေ
ဘယ်အခါခါ ဘယ်ချိန်တမ်းတ
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီသာ။
နှစ်စဉ်နှစ်တိုင်း ၅လပိုင်းရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိကြတဲ့ အမေတိုင်း ပျော်ရွှင်ကြပါစေ။ နေ့တိုင်းမှာ အမေရဲ့ ကျေးဇူးကို ရင်ထဲမှာ အစဉ်သိနေပေမယ့် ဒီနေ့ကတော့ အမေအတွက် အမှတ်တရနေ့လေး အဖြစ်သတ်မှတ်ထားတာကြောင့် အမေကို ကြည်နူးစေမယ့် အပြုအမူလေးတွေ ခါတိုင်းနေ့လေးတွေလို မတူညီတဲ့ ခံစားချက်လေးတွေဖြစ်အောင် မှတ်မှတ်ရရ တစ်ခုခုပေးရအောင်လား။ အမေကို ဖက်ပြီး “ မေမေ အမြဲတမ်းကျန်းမာ ပျော်ရွှင်ပါစေ။ အစဉ်ထာဝရ လှပနေပါစေ။ မေမေက သားသမီးတွေအတွက် မရှိမဖြစ် အစဉ်ထာဝရ အလိုအပ်ဆုံးသော မေမေပါလို့ ” မေမေကို ပြောပြီး တစ်ချက်လောက် အားရပါးရ နမ်းရှိုက်လိုက်မယ်ဆိုရင် မေမေအတွက် ကြည်နူးဆုံးသော လက်ဆောင်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ps:လောကမှာ အမေလို့ ခေါ်စရာရှိနေသေးတာ သိပ်ကို ကံကောင်းသော လတ်ဆောင်တစ်ခု ရရှိသလိုပါပဲ။
ps:လောကမှာ အမေလို့ ခေါ်စရာရှိနေသေးတာ သိပ်ကို ကံကောင်းသော လတ်ဆောင်တစ်ခု ရရှိသလိုပါပဲ။
ချစ်ခင်လေးစားလျှက်
မြတ်မွန်
မြတ်မွန်
26 comments:
မှန်တာပေါ့ မွန်ရယ် ...
အခုတော့ စိတ်ကပဲ ဆုတောင်းပေးနေရတော့တယ် ...
တုနှိုင်းမမှီတဲ့ မိဘတို့ မေတ္တာဟာ အစဉ်တည်တံနေဆဲပါ ...
အမေကို ချစ်သူ ဆိုတော့လည်း ခံစားမိပါတယ်ဗျာ။
ဒါထက် ပိုဝေးတောင်မှ ဒီထက် ပိုမဝေးတော့ပါဘူး။
ရေးထားတဲ့စာ သားလေးတွေဖတ်ရတာနဲ့တင် မိဘအပေါ်ထားတဲ့စိတ်ဓါတ်လေးကိုခံစားလို့ရပါတယ် လေးစားပါတယ်နော် နောက်ထပ်လည်း ဖတ်ချင်ပါသေးတယ်
ကြီးမြတ်တဲ့ ပုဂ္ဂိုလ် တုနှိုင်လို့မမှီတဲ့ အမေ့ အတွက် ခုလို ကဗျာလေးတစ်ပုဒ်ဟာလဲ.... အမေတိုင်းအတွက် ကျေးဇူးဆပ်ခြင်းနဲ့ ထပ်တူညီမျှပါတယ်...မြတ်မွန်...။ အမေ့ရင်ခွင်နဲ့ ဝေးနေသူတွေအတွက် ကိုယ်စားအဖြစ်နဲ့လည်း ဖော်ကျူးပေးနိုင်ခဲ့ပါတယ် ။ လိမ်မာတဲ့ သမီးကောင်းရတနာမို့ ဂုဏ်ယူပါတယ်...။
ခင်မင်စွာဖြင့်
မိုးငွေ့
အမေကိုချစ်တဲ့ညီမငယ် ပျော်ရွှင်ချမ်းမြေ့ပါစေ...
စားတယ်ဗျို. မမွန်ရေ ..
အနားမှာရှိတဲ့အမေကို ပျော်အောင်ထားပေါ့
ကိုယ်တို့လို အဝေးက လူတွေကတော့ မေမေ့ကို စိတ်မပူအောင် နေပေးရနေတယ်လေ။
မိခင်မေတ္တာများနဲ့ ကမ္ဘာကြီး ပိုမိုလုံခြုံပါစေ
ဒီနေ့တော့ နှင်းဆီပန်းစည်းလေးနဲ့ အမေကို ချွဲလိုက်တယ် ဆိုပါတော့...။
ဟုတ်ပ...မွန်က မာမားကို
အနားမှာထားပြီး ချွဲနေတယ်ပေါ့ :)))
ချစ်တဲ့
ဂျင်း
သြော်...ဂလိုလား...
အမေကို အနားမှာထားပြီး ချွဲနေတာတဲ့လား...
းဝ)
ရောက်ခဲ့ပြန်ပြီ
“အမေများနေ့”..တဲ့လေ
အမေလွမ်းကဗျာ..
အမေလွမ်းစာတွေ...
ပလူပျံနေတဲ့..“ဒီနေ့”
လွမ်းတယ် အမေ...
ရယူခြင်းဆိုတာ ...အမေ မသိ
ပေးဆပ်ခြင်းအတိကိုသာပိုင်ဆိုင်သည့်
တုနှိုင်းစရာမရှိတဲ့
“မာတာ အမိ”
ဟုတ်တယ်နော်.အမွန်လေး လောကမှာ အမေလို့ ခေါ်စရာရှိနေသေးတာ သိပ်ကို ကံကောင်းသော လတ်ဆောင်တစ်ခု ရရှိထားသလိုပါပဲ...။
နောက်ပြီး နှိုင်းကိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် :)
ညီမလေးချစ်တဲ့အမေနဲ့ နောင်နှစ်ပေါင်းများစွာတိုင်
မခွဲမခွာ အမြဲတမ်း အတူတူ အေးအေးချမ်းချမ်း နေနိုင်ပါစေလို့
ချစ်ခင်စွာ ဆုတောင်းပေးသွားပါတယ်နော်..
ကဗျာလေးက ကောင်းတယ်.. နံမည်လေးနဲ့ လိုက်ဖက်တယ်..
ဤလောကတွင် ပြောမကုန်နိုင်
အမိကျေးဇူး မြဲစွာမှတ်လေ
ဘယ်အခါခါ ဘယ်ချိန်တမ်းတ
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီသာ။
မြတ်မွန်ကဗျာလေးထဲကလိုပါဘဲ
တကယ့်ကိုတုနှိုင်းလို့ မမှီတာပါဗျာ
ပျော်ရွှင်ပါစေ. . .
ချစ်သောမိခင်ကြီးနှင့်နှစ်ပေါင်းများစွာ
ပျော်ရွှင်ချမ်းမြေ့စွာအတူနေနိုင်ပါစေ
ညီမလေးရေ။
လောကမှာ အမေလို့ ခေါ်စရာရှိနေသေးတာ သိပ်ကို ကံကောင်းသော လတ်ဆောင်တစ်ခုရရှိသလိုပါပဲ....တဲ့။
သိပ်မှန်ပါတယ် ညီမရေ..။
အမေကို ရှိနေတုန်းမှာ ချစ်ခင် ယုယကြစေချင်ပါတယ်။
ကဗျာလေးကို သေချာဖတ်သွားပါတယ်နော်။
အဲဒီ လက်ဆောင်ကို ကျွန်တော်တို့ အသက်ထက်ဆုံး ဂရုစိုက်ဖို့ လိုတယ်ဗျ အစ်မရ။
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီ။
အမေလို့ ခေါ်စရာရှိနေသေးတာ သိပ်ကို ကံကောင်းသော လတ်ဆောင်တစ်ခု၊
ထပ်တူခံစားသွားပါတယ်။
ဟုတ်မှာ ဟုတ်မှာ အင်ကြင်းပြောသလို ချွဲပြီးတစ်ခုခု တောင်းတော့မယ်ထင်ပ :) ဟုတ်လား မွန်
ခင်တဲ့(ချိုကျ)
ညီမလေး ချစ်သော မေမေ နဲ့ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ နေနိုင်ပါစေနော်
အမရွှေစင်
အမေများနေ့ အမှတ်တရကဗျာလေးကို ဖတ်ပြီး အမေ့ကို သတိရတယ်...
http://www.eainhome.co.cc/2009/01/blog-post_20.html ဒီလင့်က ပို့စ်ကိုလာဖတ်ကြည့်ပါဦးဗျာ...။ ဟီး
အိမ်မပြန်တာကြာလို့ အမေ့ကိုမတွေ့တာကြာပါပြီ
ဖုန်းလေးပဲ ဆက်ဖစ်တယ်
ကဗျာလေး ခံစားသွားတယ် ထပ်တူ
မှန်တာပေါ့ မမွန်ရယ် မေမေရေ လို့ခေါ်ခွင့်ရှိသူတွေ လောက် ကံကောင်းတာ မရှိပါဘူး. . . .
အင်း တုနှိုင်းမမှီပါပဲ .
[url=http://directlenderloandirectly.com/#gpuwn]payday loans online[/url] - payday loans online , http://directlenderloandirectly.com/#ebgtp direct lender payday loans
Post a Comment