လေလှိုင်းလေးတွေကို ဖြတ်သန်း
ချိုအီစေတဲ့ အသံလှိုင်းလေး တစ်ခုရယ်
အေးစက်တဲ့ နံနက်ခင်းလည်း
သင့်ကြောင့်....နွေးထွေးသွားစေခဲ့ ပြီ
သာယာငြိမ့်ဝဲတဲ့ လေစီးကြောင်းလေးထဲ
နံနက်ခင်းတိုင်း ရောက်ရောက်လာတက်တယ်
ခန်းစီးတွေအမှောင်ချထားလည်း
အခန်းထဲမှာ တောက်ပသွားခဲ့တယ်
ပျော်ရွှင်ခြင်းတွေ လင်းပ
ကြည်လင်စွာပဲ နိုးထ ခဲ့တယ်
ဒါဟာ.....တကယ်တော့
သင်ဖန်ဆင်းတဲ့
ချိုမြိန်တဲ့ မနက်ခင်းလေးပေါ့..။
မြတ်မွန်
ချိုအီစေတဲ့ အသံလှိုင်းလေး တစ်ခုရယ်
အေးစက်တဲ့ နံနက်ခင်းလည်း
သင့်ကြောင့်....နွေးထွေးသွားစေခဲ့
သာယာငြိမ့်ဝဲတဲ့ လေစီးကြောင်းလေးထဲ
နံနက်ခင်းတိုင်း ရောက်ရောက်လာတက်တယ်
ခန်းစီးတွေအမှောင်ချထားလည်း
အခန်းထဲမှာ တောက်ပသွားခဲ့တယ်
ပျော်ရွှင်ခြင်းတွေ လင်းပ
ကြည်လင်စွာပဲ နိုးထ ခဲ့တယ်
ဒါဟာ.....တကယ်တော့
သင်ဖန်ဆင်းတဲ့
ချိုမြိန်တဲ့ မနက်ခင်းလေးပေါ့..။
မြတ်မွန်
16 comments:
ချိုမြိန်တဲ့ မနက်ခင်းလေး
နဂိုအရှိန်နဲ့ ထွန်းလင်းခွင့်ပေးတာ
မင်္ဂလာပါ..........
အဲဒီလို ချိုမြိန်တဲ့ နံနက်ခင်းမျိုးကို မွန် အမြဲ ပိုင်ဆိုင်ပါစေ...
ခင်တဲ့
ညရဲ့ကောင်းကင်
Good tel...:)
(Black)
ဝိုးးးးးးးးးးး
ကောင်းလိုက်တဲ့ ကဗျာချိုချိုလေးပဲ
မွန်လေးရေ..ကြိုက်တယ်..ခိုက်တယ်ဟေ့
မနက်ခင်းတိုင်းပျော်ရွှင်ကြည်လင်ခြင်းအပြည့်
နဲ့နိုးထနိုင်ပါစေညီမလေးရယ်။
ချိုမြိန်တဲ့ မနက်ခင်းလေးမှာ မြတ်မွန်ဆီကို အလည်လာပြီး ချိုမြိန်တဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်ကွယ်...
မြတ်မွန်ပျော်ရွှင်ပါစေ...
ချစ်တဲ့
ဂျင်း
ကဗျာလေး ထပ်တူ ခံစားပေးသွားပါတယ်
အစ်မရ....
ပုံ/ ငဏီ
ချိုမြိန်တဲ့ မနက်ခင်းလေးအတွက် ကော်ဖီတစ်ခွက်လာပို့ပါသည်။
ဒီလိုပဲ မွန်တစ်ယောက် အမြဲပျော်ရွှင်ပါစေ....
မွန်ရေ... ဒီကတော့ ဖျားပြီဗျို့ ...
လေးစားလျက်
စိုင်း
ကောင်းလိုက်တဲ့ နံနက်ခင်းလေး....အမြဲရရှိနိုင်ပါစေဗျား။
ကဗျာချိုချိုလေး...လာခံစားသ၊ွားတယ် ညီမလေးရေ...
အဆင်ပြေပါစေကွယ်...
မြတ်မွန်ရေ.....
ကိုဏီးတို့ကတော့ နိုးထတဲ့ မနက်ခင်းတိုင်းမှာ အနားမှာရှိစေချင်တာကတော့ တခြားမဟုတ်ပေါင်ဗျာ....။
မုန့်ဟင်းခါးနဲ့ ဘူးသီးကျော်ပါပဲ.....ခိခိ.......း))
တစ်ကယ်ပြောသည်....။
ခင်မင်တဲ့
ဏိလင်းညို
ချိုမြိန်တဲ့ မနက်ခင်းလေး က
ပေါ်လွင်တဲ့ ရေးဖွဲ့ပုံ နဲ့ ဆိုတော့
အသက်ပါလိုက်ပါဘိ :)
ကဗျာလေးက ချိုချိုအီအီလေးပါပဲ။
လက်တွေ့ဘဝမှာလည်း ချိုမြိန်မှာပါ
wow!!!!!
ဒီလိုမနက်ခင်းမျိုးနဲ့ နေ့တိုင်း နိုးထနိုင်ပါစေ ..း))
မွန်ရေ...
ချိုမြိန်တဲ့ မနက်ခင်းလေးလာပို့တယ်...
စိုင်း
မနက်ခင်းလေး တစ်ခု ကို ချိုမြစေဖို့ ကိုယ်ကိုတိုင် ဖန်ဆင်းရမှာပေါ့နော်။
Post a Comment