ဘယ်အရာမဆို
တည်တံခြင်း နဲ့ ပျက်စီးခြင်း
အဆိုးနဲ့အကောင်း ဒွန်တွဲနေတက်တာ..
အချိန်တွေ ကြာလာလေ
အသုံးပြုတာ များလာလေ
ပျက်စီးဖို့ အခွင့်ရေးပိုများလေ..
ဘဝတစ်လျှောက်လုံး
ခွန်အားတွေကို ထုတ်ပိုး
ခရီးပေါင်းများစွာကို ချီတက်နေခဲ့တယ်
လောင်စာတွေကုန်ခမ်း
လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန်
ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်။
တည်တံခြင်း နဲ့ ပျက်စီးခြင်း
အဆိုးနဲ့အကောင်း ဒွန်တွဲနေတက်တာ..
အချိန်တွေ ကြာလာလေ
အသုံးပြုတာ များလာလေ
ပျက်စီးဖို့ အခွင့်ရေးပိုများလေ..
ဘဝတစ်လျှောက်လုံး
ခွန်အားတွေကို ထုတ်ပိုး
ခရီးပေါင်းများစွာကို ချီတက်နေခဲ့တယ်
လောင်စာတွေကုန်ခမ်း
လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန်
ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
မြတ်မွန်
ps;ဘယ်လောက်ချစ်လှပါတယ်ဆိုတဲ့ လူပဲ ဖြစ်ဖြစ် တစ်နေ့ ကိုယ့်လမ်းကိုလျှောက်ရမှာပါ..။ ဘယ်သူမှ ဆွဲထားလို့ မရနိုင်ပါဘူး။ ထွက်သွားတဲ့ နောက်ဆုံး အချိန်လေးမှာပဲ နောက်ကျောကို ကြည့်ရင်း ဆုတောင်းပေးနေရုံပါပဲလေ..။ အမှန်တကယ် ခန္ဓာချုပ်ငြိမ်းချိန်ကို မရောက်သေးသ၍ သူရဲ့ရှေ့ဆက်ရမယ် နောက်ဘဝဆိုတဲ့ ခရီးပေါင်းများစွာအတွက်..။
16 comments:
လောင်စာတွေကုန်ခမ်း
လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန်
ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်...
လေးစားစရာကောင်းတဲ့ အတွေးလေးပါလားနော်...
ဟုတ်ပါတယ်။ လောကမှာ မြဲတဲ့အရာဆိုလို့ ဘာမှမရှိဘူး...
ဟူး... နက်ဖြန်ကစ ဘာမှမလုပ်တော့ဘူး မွန်ရာ...
(ပျော်ရအောင်စတာနော်း)
ခင်မင်လေးစားလျက်
အော်........
ငါ့ညီမလေးတောင်....တရားသံလေးတွေ ပေါက်နေပါပေါ့လား......း))
(ကဗျာလေး..ခံစားမိတယ်....)
ခင်မင်တဲ့
ဏီလင်းညို
မြတ်မွန်..... :(((
ချစ်တဲ့
ဂျင်း
ခန္ဓာမရပ်မီ ဖြစ်ပျက်ရပ်တာလေး ကြိုးစားပြီး လုပ်ကြည့်နေမိတယ်။ ကဗျာလေးကိုလည်း ခံစားရင်း ပန်းပွင့်လေးတွေလည်း ငေးသွားမိတယ်။ :)
ဖြစ်ပျက်သဘောတရားလေး အကြောင်းဖွဲထားတဲ့ ကဗျာလေးကိုနှစ်သက်မိပါတယ် မြတ်မွန်ရေ....
စစ်ကိုင်းချောင် သွားဖို့များရည်ရွယ်နေလားမသိ...:)
ညက်မွှန်လေး တရားတွေရကုန်ပြီး)
အတွေးတွေ အရေးတွေ ပိုကောင်းလာပြီ
အပေါ်ဆုံးစာကြောင်းက စတား)
မွန်ကတော့ လုပ်ပြီနော် ...
ခက်တာက မှန်နေတယ်မွန်ရ ...
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်တဲ့
ကဗျာကိုခံစားသွားပါတယ်
လောင်စာတွေမကုန်ခမ်းခင် ချုပ်ငြိမ်းသွားရတဲ့ ခန္ဓာတွေလဲရှိပါတယ်၊
ပန်းလေးကလှတယ်
မွန် ပျော်ရွှင်ချမ်းမြေ့ပါစေ။
တစ်နေ့အားလုံးဒီလမ်းကိုဘဲသွားကြရမှာပါ။
အရင်သွားနှင့်သူနဲ့နောက်ကလိုက်တဲ့သူဘဲ
ကွာတာပါညီမရယ်။
အားလုံးချုပ်သွားရင် တကယ်ကောင်းမယ်း)
အမယ်လေး ညီမ ရယ်
တရုပ်အားထား ဘို့ မတတ်နိုင်သေးလို့ စိတ်တွေညစ်နေပါတယ် ဆိုမှ ကိုယ့် ညီမက..
စတာပါ ညီမရယ်..
ညီမပေးတဲ့ ရသလေး ယူသွားပါတယ်
ခင်တဲ့
မမရွှေစင်
ဟုတ်တယ် ညီမလေးရေ... သံဝေဂရစရာပါ။ ကိုယ့်လမ်းဆုံးကို သိကြရဲ့နဲ့ တခါတခါ မိုက်မိကြပြန်သေးတယ်နော်...
တရားသဘော လေး ပါနေတယ်နော်...၊
သံယောဇဉ် ကို လုံးဝ ထည့် မရေးပဲနဲ့  သူ့ သဘော
လေး ကိုပဲ မြင်နေမိတယ်လေ ၊
“ စ ” ထားမိကတဲက အဲ့ ဒီသံယောဇဉ် ကို ဖြတ်လို့ 
ရအောင် ထားဘို့ လိုပါတယ်လို့  ။
လူတွေကို ကြိုး တွေ အမျိုးမျိုး နဲ့  ရစ်နှောင် ခဲ့ ပြီး
မှ တနေ့  ခွဲရတော့ မယ် ထားခဲ့ ရတော့ မယ် ဆိုရော
အဆင်သင့်  ဖြစ်မနေတာနဲ့  ကို တမြိုက်မြိုက် လောင်ကြွမ်း
ရတော့ မှာ လေ..။
ရေးတာလေးကောင်းတယ်။
ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ ဘဝမှာ
ဘာကိုမှဆုပ်ကိုင်မထားတာ အကောင်းဆုံးပဲ။
ရေးတာလေးကောင်းတယ်။
ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ဘဝမှာ
ဘာကိုမှ ဆုပ်ကိုင်မထားတာ အကောင်းဆုံးပါပဲ
ps မှာရေးထားတဲ့ စာကိုသဘောကြတယ်
Post a Comment