ရှင့်ဟွှားဥယာဉ်သို့
ရှင့်ဟွှားလင် ( 杏花林 )ဆိုတဲ့နေရာလေးကို စိတ်ပြေလက်ပြောက် သွားခဲ့တယ်။ ထိုင်ပေ တိရစ္ဆာန်ရုံကို သွားတဲ့ လမ်းအတိုင်း သွားရင် ရောက်နိုင်ပါတယ်။ တိရစ္ဆာန်ရုံကို သွားတဲ့လမ်းရဲ့ဘေးနားက တောင်တက်လမ်းလေး အတိုင်းတက်လာရင် တောင်ရဲ့အပေါ်ဆုံးမှာ ရှင့်ဟွားပန်းလေးတွေ ပွင့်နေတဲ့ တောအုပ်ကလေးကိုတွေ့ရမှာပါ။ လမ်းတလျှောက်မှာလည်း မောင်းခုန်း ( 貓空)သို့ ဆိုတဲ့ ကောင်းကင်ကြိုးရထားလုံးဂိတ်ကို ညွန်းတဲ့ ဆိုင်းဘုတ်လေး တွေကို တွေ့ရမှာပါ။ လိပ်စာကတော့ 杏花林休閒農場位於台北市文山區老泉街45巷30號 ဆိုတာလေးပါ။ ထိုင်ပေက သူငယ်ချင်းများ ဓာတ်ပုံရိုက်ချင်ရင်ပဲဖြစ်ဖြစ် လာလည်လို့ရအောင် လိပ်စာလေးပါ ရေးပေးထားပါတယ်။ ဘလော့က သူငယ်ချင်းများကိုလည်း စိတ်ဝင်စားရင် လာလည်ဖို့ ဖိတ်ပါတယ်။ မသွားတတ်ရင်တော့ မွန်တို့ကိုယ်တိုင် လိုက်ပို့ပါမယ်။
တောင်တက်လမ်းလေးက သိပ်မကျယ်လှပေမယ့် ကားနှစ်စီးလောက်တော့ သွားလို့ရနိုင်ပါတယ်။ မိုလေးဖွဲဖွဲမို့ ကားလမ်းတစ်လျှောက်လုံးက စိုစွတ်စွတ် နိုင်လွန်းလှတယ်။ တောင်ပေါ်ရောက်လေလေ ဘယ်က ဝင်လာမှန်းမသိတဲ့ လေအေးတွေက ကားမှန်တွေပိတ်ထားပေမယ့် ကားထဲမှာ ထိုင်နေရင်းနဲ့ကို ချမ်းစိမ့်စိမ့် ဖြစ်လာစေတယ်။ တောင်ရဲ့အပေါ်ကိုရောက်တော့ တိမ်တိုက်လေးတွေတောင် ဘေးနားက ဖြတ်သွားတာကိုတွေ့ရပြန်တော့ တောင်အပ်ါဆုံးကိုရောက်ပြီလို့ ခန့်မှန်းမိလိုက်တယ်။
ကွေ့ကွေ့ကောက်ကောက် တောင်ပတ်လမ်းတစ်လျှောက် တက်လာရင်းက ရှင့်ဟွားလင်ဆိုတဲ့ အနီရောင် ဆိုင်းဘုတ်လေးကို တွေ့လိုက်ရတယ်။ အနီရောင် ဆိုင်ဘုတ်လေးနဲ့ တွဲလျှက်ကတော့ နှစ်ထပ်တိုက် ပုပုလေးတလုံးမှာ ဖွင့်ထားတဲ့ ရေနွေးကြမ်းသောက်လို့ရတဲ့ ဆိုင်ကလေးတစ်ဆိုင် ပါပဲ။ မိသားစု တော်တော်များများ ကားလေးတွေရပ်ပြီး ရေနွေးကြမ်းဆင်းသောက်ကြတာ တွေ့ရပေမယ့် မွန်တို့ သားမိသုံးယောက်ကတော့ သူများတွေ ရေနွေးကြမ်းသောက်နေချိန်မှာ ဗိုက်ဆာသလို ရှိတာကြောင့် ထမင်းမှာစားကြတယ်။ ဝက်သားနဲ့ မုန်လာဥ ပေါင်းထားတဲ့ ဟင်းနဲ့ ရေနွေးကြမ်းလေးတစ်ခွက် အသီးရွက်လေး နဲနဲပါးပါး ပါတဲ့တယောက်စာကို ၂၂၀ ပေးလိုက်ရတယ်။ စားလို့သောက်လို့ ပြီးတဲ့အချိန် မိုးကလည်းရွာနေသေးတယ်။ ပါလာတာကလည်း ထီးတစ်ချောင်းထဲနဲ့ လူက ၃ယောက်ဆိုတော့ မားမားနဲ့ မောင်လေးက ကားပေါ်မှာ စောင့်ရင်း ကျန်ရစ်ခဲ့တယ်။ အားလပ်ရက်တွေဆို တောတောင်ရှူခင်းတွေကို ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ကျွန်မကတော့ ဘယ်သွားသွားပါတက်တဲ့ ကင်မရာလေးနဲ့ မိုးရွာထဲ မြင်သမျှတွေ့သမျှ အကုန်လိုက်ရိုက်မိပါတယ်။
တောင်ပေါ်တလျှောက် ရှင့်ဟွားအပင်လေးတွေရယ်၊ လက်ဘက်စိုက်ခင်းတွေရယ်၊ ချယ်ရီပင်လေးတွေရယ်ကိုတွေ့ရတယ်။ မြို့တော်ထိုင်ပေရဲ့ရှူခင်းလေး
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
မြတ်မွန်
Comments
လည်သွားပါတယ်။
ပျော်ရွင်ချမ်းမြေ့ပါစေ။
ချစ်တဲ့
အမ စိတ်၏ဖြေရာ
ခင်တဲ့
ညရဲ့ကောင်းကင်
အိမ်သစ်လေးမှာ ပျော်ရွှင်ပါစေ....။
ရေနွေးခရားလုပ်တဲ့ နေရာလေးကို အမှတ်ရစေပါတယ်၊
လင့်ပျောက်နေလို့ ဘယ်ချိန်ပေါ်လာမလဲ စောင့်နေကြတာ။ အားလုံးသိအောင် လိုက်အော်လိုက်အုံး မြတ်မွန်လေးရေ...
မွန်ကပြောတယ် လိပ်စာက ဒိန် ဒိန် ဒိန် (တရုတ်စာမရေးတတ်လို့)း)
ချစ်ခင်လေးစားလျက်
စိုင်း
မွန်တွေးသလို သူနဲ့အတူတူ နောက်တစ်ခေါက်ပြန်သွားနိုင်ပါစေ....
ချစ်တဲ့
ဂျင်း
းဝ)
ဘယ်တော့စားရမှာလည်းဗျို့ 
ကိုယ်ပိုင်ကားမရှိပါဘူး
ဘတ်စ်နဲ့ သွားလို့ရပါသလား ?