2/10/2010

တစ်နေ့နေ့တော့

လက်တွေ့ဆန်တဲ့လောကထဲ
အိမ်မက်တွေကို အရည်ဖျော်
သောက်သုံးဖို့ကြိုးစား..။

မျှော်လင့်ချက် ရောင်ခြည်သန်းနေတဲ့
အငွေ့သက်တွေကို ရှုရှိုက်...

မွန်းကျပ်စွာ လှိုက်မောလို့..
လည်မြိုမှာ စို့နင့်လို့ရယ်.....။

သိပ်ချစ်တယ်ဆိုပေမယ့်လည်း...
မတူညီတဲ့မျဉ်းပြိုင်နှစ်ကြောင်း..

ကျောချင်းကပ်နေတဲ့ ကမ္ဘာငယ်တစ်ခုစီမို့
မျက်နှာခြင်းဆိုင် ပြန်ဆုံဆည်းဖို့ရာ
ကံမကုန်သေးသ၍ တစ်နေ့နေ့တော့....

မြတ်မွန်

28 comments:

Anonymous said...

လက်တွေ့ဆန်တဲ့လောကထဲ
အိမ်က်တွေကို အရည်ဖျော်
သောက်သုံးဖို့ကြိုးစား...

တစ်နေ့နေ့ဆိုတဲ့မျှော်လင့်ချက်လေး သူငယ်ချင်းအတွက် အမှန်တကယ်ဖြစ်လာပါစေ...။

ခင်တဲ့စိုင်းလင်းတိုင်း

မိုးစက်အိမ် said...

ကံမကုန်ရင်ပြန်ဆုံကြမှာပါ အားမငယ်ပါနဲ့ 
တစ်နေ့ နေ့ ရောက်ခဲ့ ရင် . . . . . . Good Luck

ဒဏ္ဍာရီ said...

မျဉ်းပြိုင်နှစ်ကြောင်းမှာလည်း ဆုံမှတ်တော့ ရှိပါတယ်။ မိုးကုတ်စက်ဝိုင်းရှိနေသမျှ မမြင်နိုင်တဲ့ နေရာတနေရာမှာတော့ ဆုံမှတ်ရှိနေပါတယ် မွန်ရေ..။ အားမငယ်ပါနဲ့..။

ခင်မင်လေးစားလျှက်

နွေဆူးလင်္ကာ said...

အင်း တနေ့နေ့ပေါ့လေ။ အဲဒီ တနေ့နေ့ဟာ ပြက္ခဒိန်ထဲတော့ ပါဖို့ လိုတယ်နော်။

အင်ကြင်းသန့် said...

အင်း...မြတ်မွန်ရေ...အသက်ရှင်နေသေးသရွေ့တော့ တို့တွေမျှော်လင့်ချက်တွေထားနိုင်ပါသေးတယ်နော်...

ချစ်တဲ့
ဂျင်း

ချိုကျ said...

လက်တွေ့ဆန်တဲ့လောကထဲ
အိမ်မက်တွေကိုအရည်ဖျော်
သောက်သုံးဖို့ကြိုးစား...တဲ့လားမြတ်မွန်ရေ...
အတွေးလေးကိုကြိုက်တယ်ဗျာ....

ညရဲ့ကောင်းကင် said...

ဟုတ်ဘူးလေ မြတ်မွန်ရ...

အစ ရှိလို့ အဆုံး ရှိတာပါ..
အဆုံး ရှိလို့လည်း အစ ရှိတာပေါ့...
ဒီတော့ အဆုံး အစ ရှိတဲ့ မိုးကုတ်စက်ဝိုင်းကြီးထဲမှာ
မဆုံရင်လည်း ကံမပါလို့ ဆုံရင်လည်း ကံပါလို့ပေါ့ဗျာ...

ပြောသာပြောနေရတယ်.. ဟုတ်ကောဟုတ်လို့လားမသိဘူး ...း)

မိုးခါး said...

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးတဲ့
ဆုံမှာပါ
အချိန်မတန်ခင် ခပ်စောစောလေး ပြန်ဆုံနိုင်ဖို့ ဆုတောင်းပေးပါတယ် ..း))

အိမ် said...

ဘယ်နေ့လဲဟင်... တနေ့နေ့တော့ဆိုလို့ ဘယ်နေ့လဲလို့ မေးတာပါ..။ ဒါနဲ့ ကံမကုန်ရင် ပြန်ဆုန်မယ် ဆိုတော့ ကံကုန်ရင် ပြန်ကုန်မယ် ဆိုတာလဲ ထည့်တွက်ဦး(သေရွာ)ဒီတော့ တနေ့နေ့တွေ ဘာတွေ လုပ်မနေနဲ့ ဆုံချင်တယ် မဟုတ်လား လိုက်သွားသူ့ဆီကို။

~ဏီလင်းညို~ said...

မြတ်မွန်ရေ...
ကိုဏီးကတော့ ကံမကုန်သေးရင် ဘလော့ရေးတဲ့ မောင်နှမတွေနဲ့ အတူစုံပြီး တစ်ခါလောက်တော့ ဖန်ခုန်တမ်း ကစားချင်သေးသဗျား....း))
ကဗျာလေးကောင်းတယ်...ခံစားသွားတယ်...။ စိတ်ညစ်နေတယ်ထင်လို့ပျော်အောင်စ,သွားခြင်းဖြစ်ပါသည်....း))
ခင်မင်တဲ့
ဏီလင်းညို

ဘရာဗို said...

မမြတ်မွန်ရေ...
အရည်ဖျော်သောက်ဖို့ ကြိုးစားလိုက်ပါ
ကျနော်က လက်တွေ့ဆန်ဆန်ဘ၀ကို
သဘောကျတတ်နေပါပြီ

ဘရာဗို said...

မမြတ်မွန်ရေ...
အရည်ဖျော်သောက်ဖို့ ကြိုးစားလိုက်ပါ
ကျနော်က လက်တွေ့ဆန်ဆန်ဘ၀ကို
သဘောကျတတ်နေပါပြီ

blackကော်ဖီ said...

အတူပြန်ဆုံနိုင်မယ့်တစ်နေ့ နေ့ ကိုအမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

blackcoffee

အဖြူရောင်နတ်သမီး said...

သိပ်ချစ်တယ်ဆိုပေမယ့်လည်း...
မတူညီတဲ့မျဉ်းပြိုင်နှစ်ကြောင်း..

ကျောချင်းကပ်နေတဲ့ ကမ္ဘာငယ်တစ်ခုစီမို့
မျက်နှာခြင်းဆိုင် ပြန်ဆုံဆည်းဖို့ရာ
ကံမကုန်သေးသ၍ တစ်နေ့နေ့တော့....
--------------------------------------------
ကံမကုန်သေးရင်ပေါ့.......

စိတ်၏ဖြေရာ said...

အသက်ရှင်နေသမျှမျှော်လင့်ချက်တွေထားနိုင်တာဘဲလေ။
ကံမကုန်ရင်တော့ကြံဖန်ဆုံမှာပါညီမလေးရေ။

မြစ်ကျိုးအင်း said...

အခုတလော ကဗျာတွေပဲ ဓါတ်ကျနေတယ် ထင်တယ်။ ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်မယ့် နေ့ကို လူတိုင်း မျှော်လင့်ကြပါတယ်လေ

ကာရံမဲ့ said...

ကံမကုန် သေးသ၍ ပြန်ဆုံ တွေ့ခွင့်တွေ ရှိပါသေး တယ်ဗျာ. ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.။

ဂျပန်ကောင်လေး said...

သြော်... ချစ်စရာကောင်းတဲ့ ကဗျာစာသားလေးပါလား... အမမြတ်မွန်ရယ်.... တနေ့နေ့တော့တဲ့လား.... ဖတ်ပြီးတော့ အရိပ်တွေ ဖြတ်သန်းသွားတယ်.... ပြောမပြတတ်ဘူး.. ဒါပေမယ့် သေချာတာကတော့ ဖတ်ပြီးတော့ နည်းနည်းဝမ်းနည်းသွားတယ်ဗျာ....

ခင်မင်တဲ့
ဂျပန်ကောင်လေး

ahphyulay said...

ပြောချင်တာက ပြန်မဆုံ နိုင်တော့ တဲ့  မီးရထား
သံလမ်း နှစ်ကြောင်းလို ဖြစ်နေပေမဲ့  အခါခါ ခုံနေတတ်တဲ့
ရင်ခုံသံချင်းကတော့  နီးစပ်နေနိုင်ကြပါတယ်လို့ ။
အဓိက ကတော့  ချစ်နေကြဘို့  ချစ်တာကို သိနေ
ာကဘို့ ပါပဲလို့ ။ ခံစားကြည့် လို့ ရပါတယ်လေ။
တကယ် ခံစားပြီး မန့် ခဲ့ မိပါတယ်ဗျာ။

ပေါ့ဆိမ့် said...

မတူညီတဲ့မျဉ်းပြိုင်နှစ်ကြောင်း လို့ လွဲချကြပေမယ့် တကယ်ချစ်ကြတဲ့ချစ်သူတွေ ကံကိုမယုံဘဲ ဆုံဆည်းဖို့ကြိုးခဲ့ကြတယ်။ တစ်နေ့နေ့တော့ ဆိုတဲ့ယုံကြည်ချက်တွေအပြည့်နဲ့ပေါ့ တကယ်ဘဲ ဆုံဆည်းခဲ့တဲ့ ရာဇ၀င်တွေ အများကြီးပါပဲ အားမငယ်ပါစေဖို့ပါ...

ဝေလင်း said...

မြန်မာပရိသတ်အကြိုက် အဆုံးသတ်မျိုးနဲ့ အဆုံးသတ်ပါစေလို့....

စံလင်းထွန်း said...

ကဗျာလေးလာဖတ်ပါတယ်အစ်မရေ ...။

ပျောက်နေသလိုပဲနော် ..။

လသာည said...

ကဗျာလေး လာဖတ်သွားပါတယ် ညီမလေးရေ..
ကဗျာလေး ကောင်းလိုက်တာ။ အစ်မတော့ ကဗျာ မရေးတတ်တော့ ကဗျာရေးတတ်သူတွေဆို တအား အားကျတာ..

ကိုလူထွေး said...

ကဗျာဖတ်ပြီး ရင်ထဲ နင့်သွားတယ်...

း(

ထာဝရစကား said...

မွန်ရေ..
စိုင်းရောက်တယ်။ အလုပ်ရှုပ်နေမှန်းသိပေမယ့် မလာတာကြာတော့ သိပ်သတိရတယ် မွန်ရေ..။ တစ်နေ့နေ့ဆိုတာ အဝေးကြီးလားဟင်?
ခင်လို့တာနော်..။

စိုင်း

thaingarra said...

အဲ ... ဒီ ညီမလေး လည်း

အလွမ်းတွေ နဲ့ ပါလား ... :)

thaingarra said...

အဲ ... ဒီ ညီမလေး လည်း

အလွမ်းတွေ နဲ့ ပါလား ... :)

Yoemyaykya said...

မျဉ်းပြိုင်နှစ်ကြောင်းမှာ ဆုံမယ်ရှိခဲ့မယ်ဆိုရင်…………………….
တနေ့နေ့တော့ မျက်နှာချင်းဆိုင်ကြဦးမှာပါ