ဝမ်းနည်း ဝမ်းသာ
ငိုရ ရယ်ရ
ဖြစ်ပျက်သဘာဝရယ်မို့
ဖြစ်ပျက်ကာဆေးရောင်စုံတဲ့
လောက ဇာတ်ခုံပေါ်ဝယ်..
ချစ်ခြင်းမုန်းခြင်း
အလီလီနဲ့ ကပြကာ
ကိုယ်တိုင်ဇာတ်လိုက်ရယ်မို့
လူကြမ်းတစ်လှည့်
လူရွှင်တော်တဖုံ..
ဇာတ်ဆရာအလိုကျ
ဇာတ်စုံကာပြသကဲ့မို့
မုန်တိုင်းတွေ ပြင်းထန်ခဲ့တယ်
၂၀၀၉ရယ်...
အဟောင်းတွေကို အဟောင်းမှာဘဲထား
အသစ်အသစ်တွေနဲ့
မျှော်လင့်ချက်အိမ်မက်လေးတွေ
နိုးထလာတော့မယ်
၂၀၁၀မှာဘဲ
ပျော်ရွှင်စွာမှေးစက်လိုက်တော့မယ်။
ပျော်ရွှင်စရာကောင်းသော နှစ်သစ်လေးတစ်ခု ဖြစ်ပါစေရှင်။
Happy New Year 2010
新年快樂♥
see u next year....
lets go..........
ငိုရ ရယ်ရ
ဖြစ်ပျက်သဘာဝရယ်မို့
ဖြစ်ပျက်ကာဆေးရောင်စုံတဲ့
လောက ဇာတ်ခုံပေါ်ဝယ်..
ချစ်ခြင်းမုန်းခြင်း
အလီလီနဲ့ ကပြကာ
ကိုယ်တိုင်ဇာတ်လိုက်ရယ်မို့
လူကြမ်းတစ်လှည့်
လူရွှင်တော်တဖုံ..
ဇာတ်ဆရာအလိုကျ
ဇာတ်စုံကာပြသကဲ့မို့
မုန်တိုင်းတွေ ပြင်းထန်ခဲ့တယ်
၂၀၀၉ရယ်...
အဟောင်းတွေကို အဟောင်းမှာဘဲထား
အသစ်အသစ်တွေနဲ့
မျှော်လင့်ချက်အိမ်မက်လေးတွေ
နိုးထလာတော့မယ်
၂၀၁၀မှာဘဲ
ပျော်ရွှင်စွာမှေးစက်လိုက်တော့မယ်။
ပျော်ရွှင်စရာကောင်းသော နှစ်သစ်လေးတစ်ခု ဖြစ်ပါစေရှင်။
Happy New Year 2010
新年快樂♥
see u next year....
lets go..........
ps:ဇာဏီက ၂၀၁၀ အတွက် ကဗျာလေး ရေးကြည့်ပါ ဆိုလို့ ကဗျာရေးတာ အရမ်းတော်သူမို့ ကျွန်မ တော်တော်လေး စဉ်စားလိုက်ရတယ်။ ဘာရေးရမှန်း မသိလို့ပါ။ နောက်ဆုံးတော့ ကျွန်မရဲ့ ၂၀၀၉ ကိုကျော်ဖြတ်ခဲ့ရတာလေးကို ကဗျာတစ်ပုဒ် အဖြစ် ရေးချမိတယ်။ ကဗျာလေးက တကယ်ဖြစ်ပျက်ပါဘဲ။ ရသ တော်တော်စုံခဲ့တဲ့ ၂၀၀၉ ။ ဘာတွေဖြစ်ပျက်ခဲ့တာလည်း သိချင်နေမှာဘဲနော်.. နောက်မှ တိုးတိုးလေး ပြောပြမယ်နော့:P။ နှစ်သစ်မှာ တူတူ ပျော်ကြရအောင်နော်။
အပေါ်က ပုံလေးကို yahoo ကကူးယူထားပါသည်။
18 comments:
ဇာတ်ဆရာအလိုကျ ကပြရသည်
ဇာတ်ဆရာအလိုမကျက စိတ်တိုတတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းခေါက်မှာတော့ သေချာ၏
မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ မမြတ်မွန်ရေ...
အဟောင်းတွေကို ပလောင်းထဲထည့်
အသစ်တွေပြောင်းလို့ နှစ်သစ်လောင်းကြပါစို့...
ုနုတ်ဆက်တယ်ဆိုတာ ခွဲခွာခြင်းရဲ့ သင်္ကေတ
တကယ်ဘဲထားခဲ့တော့မှာလား----
၂၀၀၉ ကိုပြောတာပါ
နေပါဦးဗျ..
မနက်ဖြန်မှ တင်လေ။
သူကလည်း ကြိုနှုတ်ဆက်နေတယ်။
( မမွန် ကျနော် နောက်တင်တဲ့ စာတွေ မမွန်ဆီမှာ ဘာလို့ update မဖြစ်တာလဲ။ သိရင် လုပ်ပါဦး။ )
း) မင်္ဂလာရှိတဲ့နှစ်သစ်ပါဗျား
း) ပျော်ရွှင်ချမ်းမြေ့ပါစေ
နှုတ်ဆက်ခဲ့တယ်
မြတ်မွန်ရေ...
ကဗျာလေးကကောင်း၏။
နှစ်သစ်မှာ ကျန်မာရွှင်လန်းပါစေဗျာ...။ လိုချင်တာတွေရပါစေလို့ ကိုဏီးဆုတောင်းပေးသွားပါတယ်...။
ခင်မင်တဲ့
ဏီလင်းညို
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ဗျာ
အပေါ်ဆုံးက ပုံလေးမြင်တော့ အရင်နှစ်တွေက သွားခဲ့တာတွေ သတိရမိတယ် ။
အတွေ့အကြုံဆိုတာ စာရေးကောင်းတဲ့ အမျိုးအစားထဲက တစ်ခုအပါအဝင်ပဲ အစ်မရေ..
အဲဒီအတွေ့အကြုံကို ကလောင်နဲ့ ချယ်မှုန်းလိုက်တော့ ... ကဗျာကောင်းတစ်ပုဒ်ဖြစ်သွားတယ် ....။
မြတ်မွန်ရေ...
ဒို့တွေနှစ်သစ်ကိုအတူတူသွားကြစို့...
ပျော်ရွှင်စရာပဲဖြစ်ဖြစ်၊ ၀မ်းနည်းစရာပဲဖြစ်ဖြစ်
ဘာတွေကိုပဲကြုံတွေ့ရပါစေ
ရဲရဲ ရင်ဆိုင်ကြစို့
Let's go!!!
နှစ်သစ်တောင် ရောက်ပြန်တော့မှာပါလား။
အသက်တွေ တစ်နှစ်ထပ်ကြီးကြပြန်ပြီပေါ့။
နှစ်ကူးသွားပြီလား. အဲဒီမှာ...
Happy new year...
းဝ)
ကဗျာနဲ့နှုတ်ဆက်တယ်ပေါ့..2009 ကို။ ကဗျာကောင်းလေးဖတ်ပြီး 2009 ခမျာမှာတော့ မျက်ရည်ကျနေလောက်ပြီ..လူတိုင်းက နှစ်သစ်ကိုပဲ ကြိုနေကြတဲ့အချိန်မှာ ခုလိုနှစ်ဟောင်းကိုနှုတ်ဆက်တာ ချီးကျူးမိတယ်..ဟုတ်တယ်ဗျ.. 2009 ကို သနားပါတယ်။
မမြတ်မွန်ရေ
ကဗျာလေးကောင်းပါ၏
ကျေးဇူးပါ
နှစ်သစ်မှာ အသစ်သောဖန်တီးမှုတွေနဲ့
နောက်ထပ်အသစ်များ ဆက်လက်ဖန်တီးနိင်ပါစေဗျာ
Happy New Year ပါ မြတ်မွန်ရေ နှစ်ဟောင်း
နှုတ်ဆက် နှစ်သစ်ဆိုကြိုတဲ့  ကဗျာလေးကို
ခံစားသွားပါတယ် . . .
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ..... မအားလို့ မလာနိုင်တာ ဆောတီးဗျာ
မမြတ်မွန်ရေ....
၂၀၀၉ က အဟောင်း၊ အဆွေး၊ အရှုပ်တွေပြေပျက်. ၂၀၁၀ မှာ အသစ်တွေတွေ့လို့ နှစ်သစ်ကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ပါစေဗျာ........
အွန်းလိုင်းထဲအရောက်နောက်ကျ မမွန်နဲ့နှစ်သစ်ကဗျာလေးကို အခုမှတွေ့ဆုံခွင့်ရတာမို့ happy 2010လို့ နှုတ်ဆက်လိုက်ရင် ရှက်စရာကြီးဗျ။ ဟီး..
နောက်များနှစ်သစ်ကူးတော့မယ့်အချိန်ဆို လမ်းဆုံမှာကြိုစောင့်ပြီး သူများထက်ဦးအောင်နှုတ်ဆက်မယ်။
ကဗျာကတော့ ဖတ်ဖြစ်ခဲ့တာ ကြာပါပြီ ...
မမြတ်မွန် ... ။ ခု မှ Comment ရေးချင်လာလို့
'၂၀၁၀ က ပျော်ရွှင်စရာ နှစ်သစ် လို့
ကျွန်တော်တို့ ဆုတောင်း ခဲ့တာ တကယ်
ပြည့်နိုင်ပါ့မလား လို့ ... စဉ်းစားမိတယ် ။ '
Post a Comment