12/29/2009

သွန်းဖြိုးလိုက်တဲ့မိုး

သေးငယ်တဲ့ မိုးစက်လေးတွေက
ငါ့ရင်တစ်ခုလုံးနဲ့ ဘဝတစ်ခုလုံးကိုတောင်
ယိုင်လဲသွားနိုင်အောင်ပြုလုပ်နိုင်သတဲ့လား။

မိုးဆိုတာ အချိန်အခါမဟုတ်ရွာတတ်ပေမယ့်
ရွာချင်လို့ရွာတာမှ မဟုတ်တာ
ရွာချိန်ရောက်လို့ရွာချလိုက်တော့..

ဘဝတစ်ခုလုံးကိုတောင် စိုရွဲသွားစေသတဲ့လား။

(မြတ်မွန်)
ps:ရုတ်တရက် ရေးချမိတဲ့ ကဗျာတစ်ပုဒ်ပါ။

12 comments:

ကလေးငယ်လေး said...

မမ ဒူ့ ကို လွမ်းနေတာလဲ ?
သမီးကတော့ ခွေးမလေးကို လွမ်းတယ်.. :(

ညရဲ့ကောင်းကင် said...

ဟုတ်ပါတယ်...
မိုးဆိုတာ ရွာချင်လို့ ရွာတာပေါ့နော်...
မိုးရွာတဲ့ အခါတိုင်း နားခိုဖို့ သစ်ပင်လေး အနားမှာ ရှိနေနိုင်ပါစေ...
(ပြောချင်တဲ့ အဓိပ္ပါယ်ကို သိမှာပါနော်...)

ဇာဏီ said...

ကဗျာလေးကို ခံစားသွားပါတယ်
အစ်မရေ..........
ဆက်ရေးပါ ရုက်တရက်ရေးတာလေးလည်း
ဖတ်လို့ရသပေးပါတယ်ဗျာ

အင်ကြင်း said...

ဒီလိုမိုးနဲ့ပတ်သက်တဲ့ကဗျာလေးတွေကိုချစ်တယ်...
နောက်လည်းရေးပါဦး

ကာရံမဲ့ said...

ကဗျာလေးက ချစ်စရာလေးပဲ..။
ကဗျာလေးကိုဖတ်ပြီး ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို ခံစားလိုက်ရသလိုပဲ....။

ဒါပေမယ့် ကဗျာလေးဖတ်ပြီးတော့ အဖြေတစ်ခုရလိုက် တယ်ဗျ..။ ထီးလေးဆောင်ထားလေဗျာ.... :) :P

အားပေးလျက်..

မောင်ဘကြိုင် said...

လွမ်းပါတယ်ဆိုမှ
မိုးတွေကရွာနေပြန်ပြီ
း)

ဂျပန်ကောင်လေး said...

မိုးစက်လေးကြောင့်နဲ့တော့ မယိုင်နဲ့ပါနဲ့.... မိုးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး စိုချင်စိုပါစေ.. ဘ၀တစ်ခုလုံးတော့ မစိုလိုက်ပါနဲ့..... (ဟီး... ဆရာဝင်လုပ်တာ...း))) )

~ဏီလင်းညို~ said...

မြန်မွန်ရေ...
ကိုဏီးလည်း... ညီလေးဂျပန်လေးပြောသလိုပဲပြောချင်တော့တယ်ဗျာ....:D
ခင်မင်တဲ့
ဏီလင်းညို

ချမ်းလင်းနေ said...

ရွာသာရွာပါမိုးရယ်........

စံလင်းထွန်း said...

တိုတိုနဲ့ နက်နက်နဲ ခံစားမှုလေးပဲဗျာ။
ခံစားဖတ်ရှုသွားပါတယ်။

မေကျော် said...

တားချင်တယ် အဲဒီမိုး မသည်းဖို့ ဖြစ်နိုင်ရင်ပေါ့ :)

kokomaung.uk said...

ချစ်မိုး ဘယ်တော့ရွာမှာလဲ :D